■ တနေ့က လုယက်မှုဖြစ်သွားခဲ့တဲ့
အင်းတကော်ဘဏ်ကိစ္စဖြစ်စဉ်မှာ….
ပဲခူး PDF အဖွဲ့တွေသုံးသွားတဲ့လက်နက်က
အမေရိကန် Navy အထူးတပ်ဖွဲ့သုံး
Mk 12 Special Purpose Rifle
အမျိုးအစားဖြစ်ပါတယ်။
■ သေနတ်တလက်လုံးရဲ့
အလေးချိန်အနေနဲ့ (၁၀)ပေါင်သာရှိပြီး
အရှည်ကတော့ ၃၇.၅ လက်မရှိတဲ့
Semi-automatic အမျိုးအစားဖြစ်ပါတယ်။
ကျည်အမျိုးအစားကတော့
၅.၅၆ (NATO) ကျည်ဆံဖြစ်သလို
ထိရောက်မှုအကွာအဝေးက
မီတာ(၇၀၀)ဖြစ်လို့ MA စီရီးထက်တောင်
ထိရောက်မှုမြင့်မားတာကိုတွေ့ရမှာဖြစ်ပါတယ်။
■ ဒီလိုလက်နက်အမျိုးအစားတွေကို
၂၀၁၀ ပြည့်နှစ်တွေမှာ အမေရိကန်အနေနဲ့
အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲတွေမှာ
တောက်လျှောက်အသုံးပြုခဲ့တာကို
တွေ့ရမှာဖြစ်ပါတယ်။
■ ဆက်စပ်ပြီး တွေးကြည့်ရမှာက
အာဖဂန်ကနေ ထွက်ခွာခဲ့တဲ့
အမေရိကန် တပ်မတော် အနေနဲ့
တာလီဘန်တွေရဲ့(၃)ဆခန့်များပြားတဲ့
လက်နက်/ခဲယမ်းနဲ့စစ်လက်နက်ပစ္စည်းတွေကို
မယူဆောင်သွားဘဲ ထားခဲ့တဲ့
ဖြစ်ရပ်ပဲဖြစ်ပါတယ်။
■ ခုတော့ အမေရိကန်ထုတ်သေနတ်တွေကို
ပဲခူး PDF တွေကနေတဆင့်
ဖမ်းမိရခြင်းရဲ့နောက်ကွယ်မှာ
ကြီးမားတဲ့ ဆက်စပ်မှုကြီးတစ်ခု
ရှိနေမှာ ကျိမ်းသေနေပြီဖြစ်ပါတယ်
#ဖိုးစီ