Tuesday, September 28, 2021

"စည်းလုံးခြင်းသည် အင်အား"


အခုအချိန်မှာ အရေးအကြီးဆုံးအရာတစ်ခုကတော့ ရေ
ပက်မဝင်အောင်စည်းလုံးတဲ့ တပ်တွင်းစည်းလုံးညီညွတ်
မှုပါ။ 

တပ်ထဲမှာ ဘယ်အရာတွေက စည်းလုံးညီညွတ်မှုကို ပြို
ကွဲပျက်ပြားစေသလဲဆိုတာတပ်မတော်ခေါင်းဆောင်များ
သိထားပြီးသားဖြစ်ပါတယ်။ 

လိုရင်းပြောရရင် ranker တွေကို အလွန်အကျွံနှိမ်ချတာ
တွေ၊ other rank တွေကို ချိုးနှိမ်ဆက်ဆံတာတွေ အခု
အချိန်မှာ အထူးသတိထားရှောင်ကြဉ်သင့်ပါတယ်။ 

အထက်ကပြောသလို မိမိတပ်ကို ရေပက်မဝင်အောင်
စည်းရုံးထားဖို့၊ တပ်ရင်း တစ်ရင်းကနေ  တပ်မ၊ တိုင်း၊ 
ကစထ မှသည် တပ်မတော်တစ်ရပ်လုံး စည်းလုံးနေဖို့
လိုပါတယ်။ 

ကြုံလို့ပြောရရင် ဖေ ၁ ရက်နေ့ အာဏာထိန်းတဲ့နေ့မှာ
ကျနော် xxxx ထဲမှာရှိနေပါတယ်။ အဲဒီတပ်မှာပါလာတဲ့
တပ်ကြပ်ကြီးက အသက် ၅၃ နှစ်ရှိပါပြီ။ 

တပ်မတော်က ရာထူးအဆင့်အလိုက် ချေးငွေထုတ်ပေး
တဲ့အစီအစဉ်ရှိတယ်ပြောပါတယ်။ အတိအကျတော့ မ
သိဘူးပေါ့။ ထားပါတော့။ 

အဲဒီဆရာကြီးက သူ့အဆင့်နဲ့သူရမယ့် ချေးငွေလျှောက်
လွှာတင်တော့ ရင်းမှူးက "ခင်ဗျားတို့ ထွက်ပြေးသွားရင်
ဘယ်လိုလုပ်မလဲ။ ကျုပ်ပဲ စိုက်လျော်ရမှာ" လို့ ပြောပြီး
အဲဒီချေးငွေကို မထုတ်ပေးဘူးလို့ဆိုပါတယ်။ 

ဆရာကြီးက "အစ်ကိုရယ် အဲဒီချေးငွေလေးရရင် ကျနော့်
သမီးကို ပို့ပေးချင်လို့ပါ။ ကျနော့်သမီးလည်း စစ်သား မိန်း
မပါပဲ။ သူ့ယောက်ျားက လေဖြတ်နေတော့ သမီးလေး မ
ပြေလည်ရှာဘူး။ ကျနော့်အရွယ်ကြီးကတပ်ကထွက်ပြေး
ရမယ့် အရွယ်လားဗျာ" လို့ ပြောရှာပါတယ်။ 

နိုင်ငံတော်/တပ်မတော်က ရာထူးအဆင့်အလိုက် ထုတ်
ပေးမယ့်ချေးငွေကို ရင်းမှူးစိတ်ကြိုက် အဲဒီလို စီမံခန့်ခွဲလို့
ရသလား ကျနော်လည်း မသိပါ။ ဆရာကြီးကတော့ ကျ
နော့်ကို ပြောပြချိန်မှာ မျက်ရည်ဝဲနေပါတယ်။ 

အထက်လူကြီးများ ဒီဖြစ်စဉ်မျိုးတွေ သိအောင် လမ်းဖွင့်
ပေးထားဖို့လိုပါတယ်။ 

မသိဘူး၊ ညာနေကြတယ်လို့ ဆင်ဝှေ့ရန်ရှောင်ပြောလို့မ
ရပါ။ မသိရင်သိအောင်လုပ်ဖို့လိုပါတယ်။ သိအောင်လုပ်
နိုင်တဲ့စနစ်တွေ ရေးဆွဲကျင့်သုံးဖို့ လိုပါတယ်။ လမ်းဖွင့်
ပေးထားဖို့ လိုပါတယ်။ မတင်ပြရဲဘူးဆိုတာ မတင်ပြရဲ
အောင် လမ်းပိတ်ထားလို့ပါ။ 

ပြန်ကောက်ရရင် တပ်တွင်းမှာ ကျစ်လျစ်စွာစည်းလုံးနေ
ဖို့အလွန်အရေးကြီးနေတဲ့အချိန်ပါ။ Ranker တွေ၊ အခြား
အဆင့်တွေကိုတမင်ချိုးနှိမ်တာမျိုးကနေ အထက်ကပြော
သလို လူမသိသူမသိ အုပ်ချုပ်မှုကိစ္စမျိုးတွေအထိ အထူး
ဂရုစိုက်ပြုပြင်ရတော့မယ့်အချိန်ပါ။ 

အချိန်မရှိဘူး။ အမြန်ပြင်ပါ။ 

ရန်သူကစိတ်ဓာတ်အားကောင်းနေတာ သိမှာပါ။ စိတ်
ဓာတ်ကို စိတ်ဓာတ်နဲ့သာ ရိုက်ချိုးနိုင်ပါတယ်။ 

မှတ်ချက်- ဒလန်တွေ၊ ဒလက်တွေ  အမည်အမျိုးမျိုးတပ်
အသတ်ခံနေရတဲ့ကြားက တပ်ကိုထောက်ခံ အကြံပေး
နေရတာဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာကိုယ်
ချင်းစာပါ။ ခမရ xxx က ဆရာကြီးတင်စိုး ကျနော့်တာဝန်
ကျေပြီနော်။ 

YKTR

😇Credit