Tuesday, September 21, 2021

ဆေးရုံတက်တဲ့လူတိုင်းကို ဆေးရုံက ဆရာဝန်တွေက ဆီးအဖြေ သွေးအဖြေ ဘာဖြစ်ဖြစ်အပြင်ကို သွားစစ်ခိုင်းတယ်။

ဆေးရုံက စစ်ရမယ့်ဟာကို အပြင်ဓါတ်ခွဲခန်းက စာရွက်နဲ့ ဆရာဝန်နာမည်ပါထည့်ပြီး ရေးပေးလိုက်တာ ဘာသဘောလဲ..?
အပြင်က ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံကတာဝန်ကျ ဆရာဝန်တွေနဲ့ ဘယ်လိုပါတ်သက်ဆက်နွယ်နေတာလဲ ...?
ဆေးရုံကဆရာဝန်တွေဆီကို အပြင်ဓါတ်ခွဲခန်းက စာရွက်တွေက ဘာလို့ရောက်နေတာ ဘယ်လိုအချိတ်အဆက်တွေရှိနေတယ်ဆိုတာ ကျမ္မာရေးဝန်ကြီးဌာနအနေနဲ့ရှင်းပြဖို့အချိန်တန်ပါပြီ။
...
မရှိလို့ အစိုးရဆေးရုံတက်ပါတယ် - လိုအပ်လား မလိုအပ်လား မသိရတဲ့ဆီးအဖြေ သွေးအဖြေ ကို ခဏ ခဏ စစ်ခိုင်းတယ်။ တနေ့တည်းမှာတင် ၃၀၀၀၀ ကနေ ၄၀၀၀၀ မက ကုန်တယ်။ နောက်ရက်ကျတော့လည်း ထပ်စစ်ခိုင်းတယ်။ အဖြေထွက်လာမှ ဆေးပေးတယ်။ ဆေးစစ်ချက်အဖြေမထွက်လာခင် ဘာဆေးပေးရမယ်ဆိုတာ မသိဘူးပေါ့ 🙄 ။

Ok ရပြီ..
အဖြေထွက်လာမှ ဆေးကုလို့ရမယ်ဆိုရင်
အဲ့ ဆီးအဖြေ သွေးအဖြေအတွက် စစ်ပေးနိုင်တဲ့ စက်က ဆေးရုံမှာ ဘာလို့မရှိတာလဲ...?
လူထုအတွက်တကယ်လိုအပ်နေတဲ့အရာကြီးလေ
ဘာကြောင့်မရှိရတာလဲ ..?
စျေးကြီးလို့လား ၊ ကျန်းမာရေးဝန်ကြီးအနေနဲ့ budget မရှိလို့လား ၊ အပြင်ဓါတ်ခွဲခန်းတွေ လုပ်စားမရမှာစိုးလို့လား..? 🙄

မရှိဆင်းရဲသားတွေ နေမကောင်းဖြစ်လို့ ပူဆွေးနေကြတဲ့ စိတ်ညစ်မှုတွေ ရှိစုမဲ့စုလေးတွေ ရောင်းချပြီး ဆေးကုနေရတဲ့ အောက်ခြေလူတန်းစားကော သာမန်လူတန်းစားတွေကော မနိူင်ဝန်ထမ်းနေရတဲ့ ဆေးရုံတက်ပြည်သူတွေရဲ့ ငွေကြေးကုန်ကျမှုများ စွာဖြစ်စေတဲ့ ဓါတ်ခွဲခန်းသုံးစက်တွေက မြန်မာပြည်ရဲ့ တောကြုံ အုံကြား ဆေးရုံမဟုတ်ဘဲ ရန်ကုန်မြို့ကြီးက အထင်ကရ အစိုးရဆေးရုံတွေမှာ ထားဖို့ ဘာလို့မဝယ်တာလဲ...?
ဘာဖြစ်ဖြစ် အပြင်ဆေးခန်းမှာပဲသွားစစ်နေရတာ ဘာသဘောလဲ..? ဆေးရုံမှာ ဓါတ်ခွဲခန်းမရှိတာလား..? စက်မရှိတာလား..? အစိုးရက မဝယ်နိုင်ရင် အပြင်က အလှူရှင်မရှိဘူးလား ..? ဘာ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်မဖော်တာလဲ သိပါရစေ..?

အရင်အစိုးရလက်ထက်တော့ ထားလိုက်ပါ..။
အခု လူထုအစိုးရလက်ထက်မှာ အကောင်အထည် ဖော်လို့မရဘူးလား လိုအပ်တာသာ ပြောလိုက်ပါ...
တတ်နိုင်သလောက်ထည့်မယ့် အလှူရှင်တွေ ပေါ်လာမှာပါ။ လူထုရဲ့ မျက်ရည်တစက်ကို နှစ်သိမ့်ပေးဖို့အတွက် တကယ်လိုအပ်နေတာကြီးကို အခုထိ အကောင်အထည်မဖော်နိုင်တာ အံ့သြမိတယ်။

သူငယ်ချင်တယောက်အမေ အသည်းအသန်ဖြစ်တော့ မြောက်ဥက္ကလာဆေးရုံ သွားကြည့်မိတော့
လူနာမပြောနဲ့ ကိုယ်တောင် သေချင်စိတ်ပေါက်သွားတယ်။ ဆီးနဲ့ သွေးကို နေ့တိုင်းအပြင်ဆေးခန်းကို စစ်ခိုင်းတယ်။ တနေ့ကို ၃မျိုးလောက်စစ်ရတော့ဆေးစစ်တဲ့ကုန်ကျငွေတင် တနေ့ကို ၄၀၀၀၀ နီးပါးရှိတယ်။ အစိုးရဝန်ထမ်းဖြစ်တဲ့ သူငယ်ချင်းက မျက်ရည်တရွဲရွဲပေါ့။ ဆေးရုံ ၄ရက်မှာ ၃သိန်းကျော်ကုန်သွားတယ်။ အသက်ထွက်ခါနီးတော့ ကျမတို့လည်းအသည်းအသန်ဆေးရုံ လိုက်သွားကြည့်တော့..
လူနာက အသက်ကိုမနည်းရှူနေရပြီ။ တာဝန်ကျဆရာဝန်မက အသည်းအသန် ဆီးအဖြေ သွေးအဖြေကို အတင်းသွားယူခိုင်းတယ် 😈
လူနာရှင်ကလည်း ထူပူနေတော့ သွားယူရတာပေါ့
ဆီးအဖြေဘဲရသေးတယ် ၊  သွေးအဖြေက ည ၈နာရီကျော်မှရမယ်တဲ့။ ယူလာတဲ့ ဆီးအဖြေစာရွက်ကိုတချက်လေးတောင် ဖတ်မကြည့်ဘူး။
အဲ့ဒါကို ဘာဖြစ်လို့ ဆေးအဖြေသွားယူ၊ သွေးအဖြေသွားယူ အော်နေလဲ နားမလည်ဘူး။
လူနာက အသက်ထွက်တော့မှာလေ။
သေသွားရင် အဲ့အဖြေသွားမရွေးတော့ ဓါတ်ခွဲခန်း က ပိုက်ဆံမရမှာစိုးလို့လား။ ဘာသဘောလဲဆိုတာ တကယ်ကိုဝေခွဲရခက်ပါတယ်။

အော်ဟစ်ငိုယိုနေကြတဲ့လူတွေကို ကျန်းမာရေးဝန်ကြီးမြင်လှည့်စေချင်ပါတယ်။ မကျန်းမာရတဲ့အထဲ ငွေကိုဘယ်လို ဘယ်ပုံနဲ့ ဆေးကုဖို့ရှာရမှာလဲ လူတော်တော်များများက မချောင်လည်ကြဘူးလေ။ မြန်မာပြည်ကလူထုက ကိုယ့်အသက်ကို ဘုရားဆီဘဲ ပုံထားရတယ်။ ကံတရားရဲ့အဆုံးအဖြတ်ကိုဘဲ ထိုင်စောင့်နေရတယ်။

ဘယ်သူတက်လာလာ လွယ်လွယ်လေးဖြည့်စည်းလို့ရတဲ့ဟာလည်းဖြစ်မလာသေး၊ ခက်တာလည်းဖြစ်မလာသေး။
တက်လိုက်ရတဲ့ လွှတ်တော်...
ပြောလိုက်ရတဲ့ စကားကြီး စကားကျယ် သတင်းစာ ရှင်းလင်းပွဲတွေ...

:o

         Ma Ma  Htike




Related Posts:

  • #ပြည်ပျက်ခြင်းလက္ခဏာ💔💔💔💔💔💔💔🙏ဆရာကြီးရဲ့ဒီစကားလေးရှာနေတာကြာပါပြီ အခုမှ     ပဲ တွေ့လို့ မူရင်းစကားလုံးအတိုင်းရေးတင်ပေးလိုက်    ပါတယ်ရှင့် 🗣️မင်းတို့ကို ငါ့ အတန်းချိန်တိုင်းစာဖတ်ဖို့ စာဖတ်ကြ     ဖို့ ချည်း ဇွတ်တိုက်တွန်းနေတာ      တချို့ကောင… Read More
  • ဖြစ်စဥ်အမှန်မှာမနေ့ည (၁၀) နာရီခန့်က ကွမ်းခြံကုန်းမြို့နယ်၌ လခရ တပ်ဖွဲ့ကားအား (အပြန်၌) မိုင်းဆွဲပြီး လမ်းဘေးရှိ သင်္ချိုင်းအုတ်ဂူများ အား အ ကာအကွယ်ယူကာအကြမ်း ဖက်များက တိုက်ခိုက်ခဲ့ကြသည်။ဒေသခံ pdf များသာမက တိုက်ပွဲအတွေ့ကြုံရှိသော တောတွင်းအဖွဲ… Read More
  • ဆရာမဖြစ်စဉ်နောက်ဆက်တွဲ၁၀ တန်း အပ်ရမယ့်ကလေးက ကျောင်းမတက်တော့ဘဲ ကျောင်းတက်တဲ့သူတွေကို အပြစ်မြင်နေတာကြာပြီ။ အဲဒီကလေး ဦးဆောင်ပြီး လာ-တ်သွားတာတဲ့။ အ-တ်ခံရတဲ့ဆရာမရဲ့တပည့်ထဲက တစ်ယောက်ပဲ။ သူနဲ့ မိန်းကလေးတစ်ယောက်၊ PDF ကောင်လေးတစ်ယောက်ပါတယ်။ ကိုယ့်ဆရာမကိုတေ… Read More
  • ယနေ့ နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါတော့ဘူးလို့ ယူဆလို့ရနေပြီ။နိုင်ငံရေးဇာတ်ခုံကနေဖယ်ထုတ်လိုက်ပြီဆိုတာ၊ဟိုဘဲကြီး လေသံဟ သွားကတည်းက ရိပ်မိလိုက်တယ်။ဒါဆို ဒေါ်အောင်ဆန်းစုကြည်နေရာဘယ်သူ့ကိုအစား ထိုးဖို့ရှိ့နေတာလဲ? အနောက်နိုင်ငံရဲ့ပညာတော်သင်တွေထဲကတစ်ယောက်ဆိုတာတော့သေချာတယ်။ဘယ်သူဘဲ NLD ဘက်ကတက်လာ… Read More
  • တရုပ်ကြီးကတော့ ပင်လယ်ရေနက်ဆိတ်ကမ်းကိစ္စ ရုရှကို လုပ်ပိုင်ခွင့်ပေးလိုက်တာကို စိတ်ညိုညင်တော်မူပြီး ရေငုံနှုပ်ပိတ်နေလိုက်ပြီ မြန်မာကလဲ ရုရှရဲ့ super power ကို ယူပြီး နဂါးကြီးကို ဆန်ပေးဆီယူသာသာအဆင့်ပဲ ဆက်ဆံလိုက်တယ် အဲ့ဒီမှာ သိန်းငှက်ကြီးရဲ့လေသံ နည်းနည်းပြော့လာတယ် တရုပ်ကြီးရဲ့ ပိုးလမ်းမ စီမံကိန်း ကို … Read More