Thursday, September 30, 2021

🎩 To Associate With Wise ပညာရှိကိုမှီဝဲပေါင်းသင်းခြင်း


ကျနော်ဟာဒေါက်တာနေဇင်လတ်ခရေဇီပါ
မြန်မာပြည်မှာ
သူ့ပညာကိုကျနော်အကြိုက်ဆုံးဘဲ

International Knowledge
နိုင်ငံတကာအသိပညာတွေကိုပေးတယ်
ဒီမိုကရေစီအညာခံမြန်မာတွေကို
ဒီမိုကရေစီ ဘာဆိုတာကိုရှင်းပြပေးတယ်

ဒီမိုကရေစီဆိုင်းဘုတ်ထောင်ပြီး
လစ်ဘရယ်ဝါဒကြီးစိုးထားတာကိုပြပေးတယ်

ရေးရရင် ကုန်မယ်မထင်ဘူး
ကျနော်မကြာခဏရေးလေ့ရှိပါတယ်
ဆရာ့အကြောင်းအနည်းငယ်မိတ်ဆက်ပေး
ပါအုံးမယ်

Dr:နေဇင်လတ်
မဟာဗျူဟာနှင့်
နိုင်ငံတရာလေ့လာရေးစင်တာ၏ CEO

လုပ်ငန်းစုများ၏ဥက္ကဌ
မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း၏
နာယက

Aldersgate College နှင့်
Leshan Uni ၏ ပါမောက္ခ

သမ္မတဟောင်းဦးသိန်းစိန်၏ အကြံပေး
စာပေ(၆)ဆုရ စာရေးဆရာ
အမျိုးသားတိုးတက်ရေးပါတီ NDP ဥက္ကဌ

ဒီလောက်ဆိုရိပ်မိကြမှာပါ

ကျနော်ကဆရာ့ဆီက
အလကားလေ့လာနေတဲ့သူ 😁

ဟုတ်ပါတယ်
ဆရာ့စာအုပ်တွေဝယ်ဖို့ဆိုတာကလဲ
ကျနော်တို့လိုနယ်မှာနေသူတွေဆိုတော့
အဆင်မပြေလှပါဘူး
ဒါကြောင့်
Fb Social Media ပေါ်မှာ(၆)နှစ်ခန့်
ဆရာနဲ့friဖြစ်ပြီးလေ့လာတယ်

ဆရာ့ Page တွေ Acc တွေကျတယ်
ပြန်ဖွင့်တာနဲ့လိုက်အပ်တယ်
ကျနော့Accတွေကျတယ်
ဆရာကလဲလက္ခံပေးတယ်
See First ယူတယ်
တခါတခါ
သူကလာအပ်ပေးတယ် Thx

မြန်မာ့အနာဂါတ်ကိုဆရာတွက်ပြတယ်
ကမ္ဘာ့အခင်းကျင်းကိုတွက်ပြတယ်
အရင့်အရင်နှစ်တွေကပို့စ်တွေကိုရှာကြည့်
ကွက်တိဖြစ်နေလိမ့်မယ်

အဲ့ဒါတွေကိုလေးစားတယ်ပြောတာ

ကျနော်တို့အလကားရနေတာနော်

လူကြီးလူကောင်းပီသစွာ
ဆရာဖော်မပြတာတွေများစွာရှိနေတာသိတယ်
အရိပ်လို လိုက်ကြည့်နေသူဘဲ ရိပ်မိတာပေါ့

ကျနော်မျှော်မှန်းကြည့်တယ် မျှော်လင့်တယ်
အနာဂါတ်မြန်မာပြည်
ပြန်လည်ထူထောင်ရေးမှာ
မြန်မာ့နိုင်ငံရေး မြန်မာ့စီးပွားရေးဟာ
အတော်ကြီးကိုပြန်ဆယ်ယူရလိမ့်မယ်

အရွယ်ရှိနေသေးတဲ့ဆရာနေဇင်လတ်ကို
မြန်မာပြည်ပြန်လည်ထူထောင်ဖို့
နေရာပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်

စီးပွားရေးဘက်မှာလဲ စာပေပညာရှိထားသလို
ကိုယ်တိုင်လက်တွေ့အောင်မြင်နေသူပါ
နိုင်ငံရေးပညာမှာ
ဆရာသုံးသပ်ပြထားတဲ့ကမ္ဘာ့နိုင်ငံတွေ
အကြောင်း
မြန်မာ့နိုင်ငံရေးသုံးသပ်ချက်တွေ
သမ္မတဦးသိန်းစိန်အစိုးရ
အောင်မြင်ခဲ့ရတဲ့အကြောင်းရင်းများ

စစ်ရေးဘက်မှာလဲ
တပ်မတော်ကအနားယူထားသူ
မဆလ အစိုးရလက်ထက်
မြောက်ကိုးရီးယားက ဇင်ဘိုတို့ ဗုံးလာခွဲတဲ့
အာဇာနည်ဗိဗ္မာန် ဗုံးကွဲချိန်မှာ
အရာရှိတစ်ယောက်အဖြစ်ရှိနေတာတွေ

အဓိကစိတ်ချတဲ့အရာမှာ
အမျိုးဘာသာ သာသနာအကျိုးကိုရှေ့ရှုသူ
လစ်ဘရယ်ဝါဒနဲ့အစွန်းရောက်ဝါဒကို
ဆန့်ကျင်တဲ့သူ

နိုင်ငံတော်ကို တောင်းဆိုလို့ရခဲ့မယ်ဆိုရင်
ပညာရှင်တွေကို
ပညာရှင်နေရာမှာထားပြီးတော့
နိုင်ငံတော်ကိုတည်ဆောက်ခြင်းဆိုတဲ့
Merito Cracy နဲ့ကိုက်ညီအောင်

နိုင်ငံတော်သမ္မတနေရာ မြင်ပါရစေ

Minn Lwin
Or
MinNanda
27-9-21


Related Posts: