Saturday, September 18, 2021

ဒီ ပို့စ်ကို ဖျက်သူဟာ "သာသနာဖျက်ပဲ" ဒီ ပို့စ်ကို ရှဲလ်ပေးသူဟာ "သာသနာပြုသူပဲ"


“ဘာသာပေါင်းစုံညီညွတ်ရေး
အကြောင်းပြ၊ ဗုဒ္ဓဘာသာကို တစ်ခြားဘာသာတွေနဲ့ တန်းညှိဖို့ လုပ်တဲ့ အစိုးရကို ဆရာတော်သတိပေးပြီ ။

'ကြေးလည်း သတ္တု၊ ရွှေလည်း သတ္တု' ဆိုပြီး
ဘယ်သူမှ တန်းတူစျေးထားပြီး မရောင်း။

'အိုင်ဖုန်းလည်း ဖုန်း၊ ဟွာဝေးလည်း ဖုန်း' ဆိုပြီး
ဘယ်သူမှ တန်းတူစျေးထားပြီး မရောင်း။

'ခွေးဘီလူးလည်း ကား၊ မာစီးဒီးလည်း ကား' ဆိုပြီး
ဘယ်သူမှ တန်းတူစျေးထားပြီး မရောင်း။

အပေါ်ယံ အသွင်အပြင်ကို ကြည့်ပြီး 'အားလုံး တန်း
တူပဲ' လို့ ပြောခဲ့ရင် ရူးသွပ်နေသူမှတပါး
အခြားမဖြစ်နိုင်ပြီ။

ဒီနေ့ စဉ့်ကိုင်မှာ တန်းတူပင်မဟုတ်၊ လျှော့စျေးနှင့် အရောင်းခံလိုက်ရသည်ဟု ခံစားရသည်။

“ဒါဆို ကိုယ်တော်တို့က အခြားဘာသာရေး
ဝန်ထမ်းတွေထက် မြင့်မြတ်သာလွန်တယ်လို့
ပြောတာလား” မေးရင် “ဟုတ်တယ် ၊သာတယ်”
လို့ ဖြေပါတယ်။

ဘာကြောင့်လဲ...?

ရှင်းပါတယ်— ဘုန်းကြီးချင်း အခေါ်တူပေမယ့်
သူတို့ကျင့်တဲ့ အကျင့်နဲ့ ဘုန်းကြီးတို့ ကျင့်တဲ့ အကျင့်က
"ဆီနဲ့ ရေ၊ နံ့သာနဲ့ အီး၊ ရွှေနဲ့ ရွှံ့" လို ကွာခြားပါတယ်။
ဘုန်းကြီးတို့ဟာ ဆီပါ ၊ နံ့သာပါ၊ရွှေပါ။
တန်းညှိမခံနိုင်ပါဘူး။

မူလပဏ္ဏာသပါဠိ၊ စူဠသီဟနာဒ သုတ်တော်မှာ
မြတ်စွာဘုရားက “ဗုဒ္ဓသာသနာက ရဟန်းတွေသည် အခြားသာသနာက ရဟန်းခေါ်သူတွေထက်
သာကြောင်း” ခြင်္သေ့လို ကြုံးဝါးဖို့ မိန့်မှာခဲ့တယ်။

ဘာသာခြားတွေ ဘာသာမဲ့တွေ ဘာသာဝင်အတုတွေက “သူတို့မှာလည်း ဘုရားရှိ တရားရှိ သံဃာရှိ ကိုးကွယ်သူရှိနေတာပဲ ဘာထူးလို့လဲ ဘာကွာလို့လဲ ဘာခြားလို့လဲ” ဟု တန်းညှိစကားပြောလာလျှင် ...

“သူတို့သာသနာမှာ သောတာပန်ရဟန်း၊
သကဒါဂါမ်ရဟန်း၊ အနာဂါမ်ရဟန်း၊ ရဟန္တာတို့
မရှိဘူး။ သူတို့ဘုရားက အဲဒီလို အဆင့်ရောက်အောင်
မဟောနိုင်ဘူး။
လမ်း မညွှန်နိုင်ဘူး။ သစ္စာသိရဟန်း
မရှိဘူး” လို့ ဗုဒ္ဓသာသနာရဟန်းတော်များက
မကြောက်မရွံ့ ကြုံးဝါးဟိန်းဟောက်ဖို့
မြတ်စွာဘုရားက မိန့်တော်မူခဲ့တယ်။

ယခု မြတ်ဘုရားမိန့်တော်မူချက် အတိုင်း
ကြုံးဝါးဟိန်းဟောက်လိုက်ပါသည်။

““ ငါတို့ဗုဒ္ဓသာသနာသည် သင်တို့သာသနာထက် အဆပေါင်းများစွာ သာလွန်မြင့်မြတ်သည် ””

““ ငါတို့ဗုဒ္ဓသာသနာ ရဟန်း သာမဏေများသည်
သင်တို့ သာသနာ့ဝန်ထမ်းတို့ထက် သာလွန်မြင့်မြတ်သည် ””

““ ငါတို့နှင့် သင်တို့ တန်းညှိခြင်းကို လက်မခံနိုင် ””

Credit#