Wednesday, September 29, 2021

☘️ Speculation vs Manipulation


ဒီနေ့ တနေ့လုံးနီးနီးမအားတာနဲ့
$ နဲ့ ရွှေ ကိုပြန်မကြည့်ဖြစ်ဘူး၊
ရုံးဆင်းချိန်ဖြစ်လို့ ရုံးကိုလဲ
ဈေးမမေးခိုင်းနှိုင်၊
Forex တခုခုကတင်တာပဲကြည့်မယ်ပေါ့၊

Forex (၆) ခုလောက်ကိုဝင်ကြည့်တာမှာ
ရွှေဈေးက တခုနဲ့တခုမတူဘူး၊
$ ဈေးကို ဗဟိုဘဏ်ဈေးပဲရေးထားတာ
တွေ့ရတယ်၊ အပြင်ပေါက်ဈေး ?

လုပ်ရပ်တိုင်းကို အဓိပ္ပါယ်ဖေါ်လို့ရတယ်
အဲ့ဒါ ပညာရပ်တခုပါ၊
Forex (1) ခုလောက်ပဲသဘောကျတယ်
ဒါပေမဲ့ လက်တွေ့အတွေ့အကြုံမတွေ့ရဘူး
ဈေးကွက်နဲ့ မချိတ်ဆက်ဘူး၊
ကျန်တာတွေက အတော်ကြိုးစားကြရလိမ့်မယ်
forex နဲ့အောင်မြင်ချင်တယ်ဆိုရင်ပေါ့၊
မဟုတ်ရင် Technical training တိုလေးတွေနဲ့
အချိန်ကုန်ပြီး သူတို့လဲ ဖြစ်ဖြစ်မြောက်မြောက်
ဖြစ်လာကြမှာမဟုတ်ဘူး၊ ထားပါတော့။

ဘာကြောင့်များ
အင်မတန်လွယ်ကူတဲ့ ဈေးနှုံးကိုမရေးနှိုင်ကြရသလဲ ?
ယျေဘူယျအားဖြင် မချိတ်ထားနှိုင်ကြလို့ပါ၊
အဲ့ဒါကိုက Black market တခုရဲ့ အရိပ်အငွေ့တခု
သာမန်မားဖြင့် Foreign exchange , gold ဆိုတာ
လူတိုင်း လွတ်လပ်စွာ ဝယ်-ရောင်းလို့ရတဲ့
ပစ္စည်းတွေပါ၊

................

နိမိတ်ပြတွေ အများကြီးရေးခဲ့ပြီးပြီ
အားလုံးလဲဖြစ်လာကြတယ်၊
ဘာကြောင့်လဲ ?
ဒီနေ့ Soros ဆိုပြီးရေးကြတာတွေတွေ့တယ်
မဟုတ်သေးဘူး၊ #ဒိထက်ပိုတယ်၊

အများသိတဲ့ စတော့ရှယ်ယာဆိုတာ
အားလုံး Speculation လုပ်တာပဲ၊
Apple ရှယ်ယာတက်မယ်လို့ထင်ရင်
ပန်းသီးရှယ်ယာကိုဝယ်မယ်၊ 
ရွှေတက်မယ်လို့ခန့်မှန်းရင် ရွှေဝယ်မယ်
အားလုံးလွတ်လပ်တယ်၊

Speculation - ထင်မြင်ချက်၊ ဈေးကစား
Manipulation - ကျွမ်းကျင်စွာကိုင်တွယ်၊ "#ခြယ်လှယ်"

#Speculation က ကိုယ့်ပညာနဲ့ကိုယ်ခန့်မှန်းပြီး
အကျိုးအမြတ်ရရုံသက်သက်၊
#Manipulation ကဒိထက်ပိုတယ်၊ သူလိုချင်တာကို
ဖန်တီးယူတာ၊ ရှုံးချင်ရှုံးမယ်၊ မြတ်ချင်မြတ်မယ်။

နှစ် (၁၅၀) သက်တမ်းရှိတဲ့ Bank of England ကို
Four currencies နဲ့ကစားသွားတာဘဏ်ပြိုသွားတယ်၊
Soros မေးကြည့်၊ အမြတ်အတွက်သက်သက်လား ?
ဘဏ်ပြိုလဲဖို့ရည်ရွယ်ချက်ရောရှိပါသလားလို့။

$ နဲ့ ရွှေဟာ
အခြေခံစီးပွားအခံအားမကောင်းလို့
Currency depreciation ဖြစ်တာအပေါ်
အခွင့်ကောင်းယူပြီး၊ အမြတ်ထုတ်တာရော
Manipulation လုပ်တာရောပါသွားတယ်၊

နမိတ်ပြပြောတာတောင် ​ဝေးကြပြန်တော့
" မြန်မာ့စီးပွားရေး ဝိုင်းပြီးမုဒိန်းကျင့်ခံရပြီ " လို့
ရေးခဲ့လိုက်သေးတယ်၊

.................

ကြုံလို့
မြန်မာလို စတော့ရှယ်ယာလို့ အသုံးများကြတယ်

#စတော့ရှယ်ယာ
#စတော့
#ရှယ်ယာ တူကြလား၊ မေးကြည့်ကြဦး။

.................

မိတ်ဆွေလုပ်ငန်းရှင်တဦးကပြောတယ်
" ခင်ဗျားရေးသမျှအပေါ်ကဖတ်တယ်"
" သိသားပဲ... သံရုံးတွေပါဒေါက်ထောက်ကြည့်တာလဲ
   သိတာပဲ "
" ခင်ဗျားရော မဝယ်ဘူးလား "
" ဘယ်နေလိမ့်မလဲ "
"ဒါဖြင့် ဘာလို့ရေးနေတာလဲ "
" မြင်မကောင်းလို့၊ အစိုးရဒုက္ခရောက်ပြီး
    အခြေခံလူတန်းစားတွေပေါက်ကွဲထွက်လာမှာစိုးလို့"

လောဘဆိုတာ Greed.
Capitalism ကို အဲ့ဒီ Greed ဆိုတဲ့ လောဘနဲ့
မောင်းနှင်ပြီး၊ Development ဆိုတဲ့ ဖွံ့ဖြိုးမှုကိုလဲ
greed နဲ့ပဲမောင်းနှင်တယ်၊

ဒါပေမဲ့
ဗုဒ္ဓက ဟောထားပြီသား
" လောဘမရှိရဘူးလို့ ငါဘုရားမဆို၊
   တော်လောဘနှင့် #မတော်လောဘ ကိုသာ
   ခွဲခြားတတ်ရန်လိုသည် "

................

တိုးတက်ဖို့
ကိုယ့်ပညာ၊ အတွေ့အကြုံနဲ့ အကျိုးအမြတ်တခုရဖို့
Speculation ဟာ ဈေးကွက်စီးပွားရေးမှာ
ကောင်းတဲ့ လက္ခဏာ၊ ပြိုင်ဆိုင်နှိုင်စွမ်းအဖြစ်
လက်ခံရမှာဖြစ်ပေမဲ့....

ဆိုးကျိုးတခုကိုဖန်တီးသွားမဲ့
Manipulation မျိုးကိုတော့
ဘယ်အစိုးရမှ ခွင့်ပြုလေ့မရှိဘူး၊

ကျန်တာကတော့
ကိုယ်တွေးနိုင်သလောက်
ကိုယ့်ကိစ္စပဲ။

#BaMaung.


Related Posts:

  • သူတို့ထောက်ခံတဲ့ပါတီသာ နိုင်သွားခဲ့ရင်စီးပွါးရေးက ဂျက်လေယာဉ်လို တစ်ဟုန်ထိုးတက်မယ်လို့ ပြောတာတွေ ကြားရမယ်။ဂေါ်ဇီလာနိုင်ငံဖြစ်မယ်လို့ပြောတာတွေ ကြားရမယ်။မိုးပျံတံတား၊မြေအောက်မြို့တော် ဆောက်မယ်ဆိုတဲ့စကားတွေ ကြားရမယ်။ကျူးတွေအကုန် တိုက်ပေါ်ရောက်မယ်လို့ ပြောတာတွေ ကြားရမ… Read More
  • အမှတ် ၂၀၀ တဲ့လား....?         ပွဲဆူနေတဲ့ ဦးဌေးအောင် ကိစ္စကို မေးကြမြန်းကြ ကာကြ ဖာကြ ဝေဖန်ကြနဲ့ ပေါ့ ဗျာ ။        လိုအပ်လို့ ထည့်ထားတာ ဆိုတဲ့ ဘောပိတွေကတဖက် လူမျိုးသား ဘာသာခြားဆိုရင် နောပ်ဖေးပေါက်ကလည်း ထပ်မံ အဝင်မခံလိုတဲ့ မျိုးချစ်တွေက တဖက် ဖြစ်နေက… Read More
  • ထိုက်တန်ပါရဲ့လား?ဘုရားဂုဏ်ကို ဖျက်တဲ့အခါဗုဒ္ဓဘုရားဆိုတာ အိန္ဒိယတိုက်ငယ်ထဲက#မင်းသားတစ်ပါးဘဲ..တဲ့။သာမာန်လူပုဂ္ဂိုလ်တစ်ယောက်ဘဲမိုအရမ်းကြီး အလေးအနက်ထား #ကိုးကွယ်စရာမလိုပါဘူး..တဲ့လေ...တရားဂုဏ်ကို ဖျက်တဲ့အခါ သတင်းစာရဲ့ မျက်နှာဖုံးထောင့်နားကဗုဒ္ဓအဆု… Read More
  • NUGမှ သူတို့နဲ့ပူးပေါင်းဖို့ တပ်မတော်သားတွေကို စည်းရုံးနေတဲ့ပို့စ်အောက်က စစ်သားတစ်ယောက်ရဲ့ကွန်မန့်© မင်းတို့အစိုးရမဖြစ်ခင်ကတည်းကတပ်မတော်တစ်ရပ်လုံးက ငါတို့ရဲဘော်တွေအပါအဝင် တပ်မိသားစုတစ်ခုလုံးကိုပြည်သူနဲ့သွေးခွဲလာတာငါတို့မမေ့သေးဘူး© မင်းတို့အနီတွေ အာဏာရှိစဉ်ကရှေ့တန်း မှာအသက်နဲ့ရင်းပြီးပြည်နယ်အေးချမ်းရေးဆောင်ရွက်နေတဲ့ရဲဘော်တ… Read More
  • မမေ့ပါနဲ့သာဝ မေတ္တာနဲ့ဘုရင်လုပ်တဲ့ဘုရားအလောင်းတော်ဝေဿ န္တရာမင်းကြီးတောင်မေတ္တာအမှားတွေကျူးးလွန်လိုက်လို့ပြည်သူကမောင်းထုတ်တဲ့တစ်နေ့တိုင်းပြည်ကထွက်ပေးလိုက်ရတယ် ဆိုတာမမေ့ပါနဲ့ သာဝcredit… Read More