Saturday, September 25, 2021

မြန်မာကို ကမ္ဘာက တစ်ဖြည်းဖြည်း သိလာပါပြီ။


ပျက်စီးဖို့လွယ်တဲ့ တိုင်းပြည်"
သွေးခွဲလို့ကောင်းတဲ့ တိုင်းပြည်"
စင်ခြင်တုံတရားနည်းပါးတဲ့ တိုင်းပြည်"
ငွေပေးရင် အကုန်လုပ်တဲ့ တိုင်းပြည်"
တစ်ယောက်ရှိရင် တစ်ယောက်မနာလိုတဲ့ တိုင်းပြည်"
စည်းမဲ့ကမ်းမဲ့ နေတဲ့ တိုင်းပြည်"
ပြောချင်ရာပြော ယုံချင်ရာယုံတဲ့ တိုင်းပြည်"
ပညာတတ်ဆိုတာ ဟန်ပဲရှိပြီး အဆံမရှိတဲ့ တိုင်းပြည်"
ကိုယ့်ရေ ကိုယ့်မြေ မချစ်တတ်ပဲ
နိုင်ငံတစ်ကာ အထင်ကြီး ကျွန်စိတ်ဝင်နေတဲ့ တိုင်းပြည်"

ဒီလို လူတွေအများဆုံးရှိတဲ့
ဒီတိုင်းပြည် ဒီနိုင်ငံ ကမ္ဘာက
မသိတာမဟုတ် အထင်မကြီးတာပါ။
ကိုယ့်မျက်ချေး ကိုယ်မမြင်
သူများမျက်ချေးပဲ မြင်တတ်တဲ့ 
ဒီတိုင်းပြည် မတိုးတက်တာ ဘာဆန်းလဲ"

အသိပညာ ဝမ်းစာမရှိ
ရေသာခို အချောင်လိုက် လှေကြုံစီးချင်တဲ့
လူက ခပ်များများရယ်"
(Life's a short) ဘဝဆိုတာ တိုတိုလေးပါ
ကိုယ်ပိုင်ဥာဏ်နဲ့ ဖောက်ထွက်ကြည့်ကြပါ
သူများစကားနဲ့ လမ်းဆုံးနေတာ
ဘဝတစ်ခုလုံး ရေစုန်မျောနေတာပါပဲ"

နိုင်ငံခြားကို အထင်ကြီး
နိုင်ငံခြားလို နေချင်နေတဲ့သူတွေကို
အကြံလေးတော့ ပေးပါရစေ
ကမ္ဘာ့နိုင်ငံတွေကို လေ့လာကြပါဦး
Liberal တို့ Democracy တို့
ဘယ်လောက်အော်အော်
နောက်ဆုံးတော့ သူတို့နိုင်ငံရဲ့
(Patriotism) မျိုးချစ်စိတ်နဲ့
(National Interest) အမျိုးသားအကျိုးစီးပွားပေါ်မှာပဲ
အခြေခံကြတာပါပဲ "

ဒီနိုင်ငံမှာတော့
ဘာလုပ်လုပ် အကောင်းမြင်ဝါဒ နည်းကြတာကိုး"
ရုပ်ပိုင်းဆိုင်ရာ တိုးတက်တာနဲ့
စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးတာ
သပ်သပ် နဲ့ တစ်ခြားစီပါ ခင်မျာ"

unknow writer
Credit



Related Posts:

  • ကျနော်စိတ်ဝင်စားလို့ စဥ်းစားမိတာလေး ​တစ်ခုကဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့စိတ်နေစိတ်ထား သဘောသဘာဝမတူတာလေးကို သွားမြင်ရတယ်။ အခွင့်အာဏာကို ခိုင်မာ တောင့်တင်းအောင် လုပ်ချင်ရင် တိတ်တိတ်နေ၊တိတ်တိတ်နေရင် အာဏာတည်မြဲတယ်လို့ဗိုလ်ချုပ်ကြီး ဒီဂ… Read More
  • သာမညဆရာတော် ရှားပါ ဗီဒီယိုဖိုင်လေပါ ဦဇင်းပန်တနော် ရဲ့ အမှတ်တရလေးပါ#Credit … Read More
  • ပြ ရဲလား ❓"သဉ္ဇာဝင့်ကျော်က လှလို့ပြတာပဲ ဘာဖြစ်လဲ ဆရာမရယ်"( ဆယ်တန်းကျောင်းသူတစ်ဦး "ဆဲတာ သူများပစ္စည်းခိုးတာမှ မဟုတ်တာ   မရှက်ပါဘူး ဆရာမ"( ဆယ်တန်းကျောင်းသားတစ်ဦး )ယနေ့ ကျွန်မရဲ့ ပညာဒါနက ကြည့်မြင်တိုင်မြို့နယ်ထဲက အခြေခံပညာ  အထက်တန်းကျောင… Read More
  • 🤠 ဘာပြောသွားလဲ ?" ကျွန်တော်တို့ ရည်မှန်းချက် တရုတ်၊ ရုရှားနဲ့ ဘယ်တော့မှ စစ်မဖြစ်ဖို့ပဲ၊ ဘာလို့လဲဆိုတော့ စစ်ဖြစ်တဲ့နေ့ဟာ ကမ္ဘာမြေပေါ်မှာ အဆိုးဝါးဆုံးနေ့ ၊ နိုင်ငံတွေရဲ့ အခါးသီးဆုံးနေ့တနေ့ ဖြစ်စေမှာမို့ပါ "အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်… Read More
  • "စည်းလုံးခြင်းသည် အင်အား"အခုအချိန်မှာ အရေးအကြီးဆုံးအရာတစ်ခုကတော့ ရေပက်မဝင်အောင်စည်းလုံးတဲ့ တပ်တွင်းစည်းလုံးညီညွတ်မှုပါ။ တပ်ထဲမှာ ဘယ်အရာတွေက စည်းလုံးညီညွတ်မှုကို ပြိုကွဲပျက်ပြားစေသလဲဆိုတာတပ်မတော်ခေါင်းဆောင်များသိထားပြီးသားဖြစ်ပါတယ်။ လိုရင်းပြောရရင် ra… Read More