Wednesday, September 22, 2021

ထိထိရောက်ရောက် ဟူသည်


       ယနေ့ထိ PDF GZ တို့၏ ယုတ်မာ ရက်စက်မှုများကြောင့် အမျိုးသမီးများ ဘုန်းကြီးများပါ မကျန် သတ်ဖြတ်ခံနေရပါတယ် ။

      တရားဥပဒေအရ ၈၈ အရေးအခင်းကြီးအား ကိုင်တွယ်ခဲ့ရာတွင် ပျော့ကွက်များ ရှိခဲ့ပါတယ် ။ အဲဒါကြောင့် အကြမ်းဖက်များ နဲ့ အကြမ်းဖက်ကူညီသူများအား အရေးယူရာမှာ ပြင်းထန်စွာ အရေးယူဖို့ ခက်ခဲခဲ့ပါတယ် ။ 

     ဥပမာ ပြောရရင် အကြမ်းဖက်သူတယောက်ကို ကူညီခဲ့ရင် ကူညီသူရဲ့ ပိုင်ဆိုင်မှုကို သိမ်းလို့ မရခဲ့ပါဘူး ၊ အလွန်ဆုံး လုပ်ငန်းလိုင်စင် ပိတ်သိမ်းရုံပါပဲ ။ 

       အခုချိန်မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို အတည်ပြုပြီး ဖြစ်ပါတယ် ။ ရက်စက်တယ်လို့ မပြောပါနဲ့ ၊ ယင်းဥပဒေအရ ပြတ်သားစွာ ပြစ်ဒဏ်ချမှတ်သင့်ပါပြီ ။ 

       အကြမ်းဖက် PDF တို့ရဲ့ မိသားစုပိုင် ပစ္စည်းများကို ပြည်သူပိုင် သိမ်းရပါ့မယ် ။ ယခု PDF ဆိုပြီး ပြည်သူချင်း ပြန်သတ်နေတဲ့ လူယုတ်မာတွေဟာ တန်ဖိုးမရှိတဲ့ သူတို့ကိုယ် သူတို့ ပဲ ရင်းရတယ် ဆိုပြီး မိုက်ရိုင်းနေကြတာပါ ။ 

      အဲဒီတော့ သူတို့ရဲ့ မိသားစု ရပ်တည်မှုတွေကို ဖျက်စီးပစ်ရပါ့မယ် ။ မိသားစုတခုမှာ PDF ရှိနေရင် အဲဒီ မိသားစုပိုင် အားလုံး သိမ်းဆည်းရပါ့မယ် ။ နောက်ပြီး လက်ခံအားပေးသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ရပါ့မယ် ။ 

       ဒါမှသာ PDF တွေ အတွက် ငါတို့ မဟုတ်တာ လုပ်ရင် ငါ့မိသားစုပါ ဘဝ ပျက်မှာ ပါလား ဆိုတဲ့ အသိဝင်လာပါ့မယ် ။ PDF တွေ အတွက် မိသားစုတခုလုံး လမ်းဘေးရောက်ခံပြီး ကူညီမဲ့သူ နည်းသွားပါ့မယ် ။ 

       အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ PDF တွေကို လက်ခံမိတဲ့ အိမ်တွေကို ချိတ်ပိတ်ခြင်းဖြင့် ထိရောက်မှု ရှိတာ တွေ့ရပါတယ် ။

          PDF နဲ့ ပတ်သက်ဆက်နွယ်သူတွေကို ဘဝပါ ဖျက်ဆီးပစ်မယ့် ဥပဒေတွေ ပြဌာန်းပြီး ဖြစ်ပါတယ် ။ တိုင်းပြည်အတွက် ရက်စက်မှ ရတော့မယ့် အနေအထားမို့ နစက အနေနဲ့ အဆိုပါ ဥပဒေအား ထိရောက်သော လက်နက်အဖြစ် လက်တွေ့ အသုံးချရန် အရေးတကြီး လိုအပ်နေပါပြီ ။ 

       ကိုရွှေမျိုးဝင်း

(ဖိနပ်ပေါ်ကမြွေကို ရက်စက်သင့်က ရက်စက်ရပါ့မယ်)


Related Posts:

  • နယူးယောက်မှ မြန်မာ့တိုက်ပွဲခေါ်သံ လက်ရှိ UN မှာ တော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ကို စက်တင်ဘာ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ၇၆ ကြိမ်မြောက် အထွေထွေညီလာခံ - အန်ဂါ ( UNGA) ကို စတင်ကျင်းပမှာ ဖြစ်ပါတယ်..ညီလာခံဥက္ကဌ အဖြစ် အာရှ ပစိဖိတ်ဒေသ၊ တောင်အာရှ ထဲက မော်လ်ဒိုက်… Read More
  • ဆရာမ မိုးမိုး(အင်းလျား) ဒီပုံလေးက မနေ့တစ်နေ့ကမှ ကျွန်တော့်သူငယ်ချင်း သူ့သားကပေးသွားတာ၊ သူငယ်ချင်းပြန်သွားမှ ကြည့်ဖြစ်တာကိုယ်တိုင်က ဟာကနဲဖြစ်မိတာပဲ။ဒီပုံလေးကို မြင်တဲ့သူတိုင်းကဟယ်ချစ်စရာ၊ လှလိုက်တာ၊ မင်းသမီးလားတဲ့မဟုတ်ပါဖူး။ကျွန်တော်ကတော့ ဒီလိုပြောချ… Read More
  • ပြည်သူ့စစ်ဗျူဟာ           မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးမဟာဗျူဟာက ပြည်သူ့စစ်ဗျူဟာလို့ ကြားဖူးပါတယ် ။       တချိန်တုန်းက ဗကပတို့ ပဲခူးရိုးမကနေ ထွက်ပြေးပြီး အရှေ့မြောက်ဒေသကနေ ခြေကုတ်ယူပြီး ပြည်မထဲကို သွေးတိုးစမ်း စိမ့်ဝင်လာပါတယ် ။ ရှမ်း​မြာက် နဲ့ … Read More
  • အာဖကန် အဖြစ်ကို တွေးကြည့်တယ် အမိမဲ့သား ရေနည်း ငါး လိုပေါ့ဗျာတကယ်တော့ ဆန်းစစ်ကြည့်ရင်နိုင်ငံတစ်ကာကို အားကိုးတဲ့ အစိုးရ တရပ် ရဲ့ ကျရူံးမူ့ပါရှေ့မှာ သာဓက တွေကအီရတ် ကျူးဘား လက်တွေ့ဘဲလေကျနော် တို့ မြန်မာနိုင်ငံတကယ်တန်း တွေးကြည့်ရင်အိမ်နီချင်း နိုင်ငံကောင်း မရှိပါဘူးတရုပ် ထိုင်း ဘင်ဂလား ဗီယ… Read More
  • #ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်အားလှောင်ပြောင်သူ #လူ့မိုက်ရိုင်းအား 😡သာသနာရေးဌာနမှ ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုခြင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရတနာ့သုတ်တော်ကို လှောင်ပြောင်ခဲ့တာတွေ့ခဲ့ရပါတယ်။ ယခုတဖန် မြတ်စွာဘုရားရှင်၏ အလိုတော်ကျ မိုးကုတ်ဆရာတော်ဘုရားကြီး ပြန်လည်ဖြည့်စွက်မွမ်းမံထားသော ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကို အလုပ္မရွိ အကိုင်မရှိ လူ… Read More