Saturday, September 18, 2021

နှုတ်လို့မရတဲ့ ရင်ထဲကဆူးတစ်ချောင်းရဲ့ အဖြေ


👹ခင်ဗျားတို့ ကြည့်မရ မုန်းနေတဲ့ 
ဒေါ်အောင်ဆန်းစုကြည်က
ခင်ဗျားတို့ အကျဉ်းကျပ်ထဲ 
နေရအောင် ဘာတွေများ
လုပ္ခဲ့လို့လဲ???] 

👹 ဆိုတဲ့မေးခွန်းကို
အမေးရှိတော့ အဖြေရှိရတာပေါ့၊ဒါပေမဲ့ တိုင်းပြည် ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် အကွက်ကျကျပုံဖော်ပြီး မြန်မာပြည်ကို ဖျက်ဆီးခဲ့တာမသိအောင် ဘယ်လိုအမှောင်တွေက ပိတ်ထားလို့ထားလဲဆိုတာကိုတော့ မေးရမှာပါ၊၈၈ နောက်ပိုင်းကစပြောပါ့မယ်...
 
👹၁၉၈၈မှာ အမေရိကန်အောက်လွှတ်တော်အမတ် ဒန်နာ ရိုရာဘာချာဟာ ထိုင်မြန်မာနယ်စပ်အနီးရှိ သေဘောဘိုးကိုလာပြီး မြှောက်ထိုးပင့်ကော်ခဲ့တာလည်း ဒေါ်စုကြည်ကြောင့်ပါ...
 
👹၁၉၉၀ပြည့်နှစ်မှာ အမေရိကန်က မြန်မာကိုပေးနေတဲ့ စီးပွားရေးနဲ့စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်တာလည်း ဒေါ်စုကြည်ကြောင့်ပါ...
  
👹၁၉၉၇ ခုနှစ်မှာ အမေရိကန်နိုင်ငံသားများအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းဖြင့်သော်လည်းကောင်း ရင်နှီးမြုပ်နှံမှုအသစ်များပြုလုပ်ခြင်းမရှိကြရန် သမ္မတ ကလင်တန်က တားမြစ်ပိတ်ပင်ခဲ့တာလည်း ဒေါ်စုကြည်ကြောင့်ပါ...
 
👹၂၀၀၃ ခုနှစ်မှာ  သမ္မတ ဂျော့ခ်ျ ဝေါလ်ကာ ဘုရ်ှက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များချမှတ်ခဲ့တယ်...မြန်မာနိုင်ငံမှ ထုတ်ကုန် တင်သွင်းခြင်းကိုတားမြစ်ခြင်း၊မြန်မာနိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြုတ်နှံမှုများကိုတားမြစ်ခြင်း၊နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတိုင်းကို ကန့်ကွက်သွားခဲ့တာလည်း ဒေါ်စုကြည်ကြောင့်ပါ...

👹၂၀၀၈ ခုနှစ်မှာ ဘုရ်ှက မြန်မာနိုင်ငံမှထွက်သော ကျောက်မျက်ရတနာတင်သွင်းခြင်းကို ကန့်သတ်ခြင်းနဲ့မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော လက်ရှိသွင်းကုန်ကန့်သတ်မှုအားတိုးချဲ့သော (Burma Jade Act)လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းကြောင့် မြန်မာကုမ္ပဏီ ၁၀ ခုထက်မနည်း အဆိုပါ ပြစ်ဒဏ်ပိတ်ဆို့မှု စာရင်းထည့်သွင်းခြင်းကိုခံခဲ့ရတာလည်း ဒေါ်စုကြည်ကြောင့်ပါ၊
 
👹အာဏာမရမီ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အောင်လုပ်ခဲ့ ဒီမိုအိုင်ကွန်ကြီးပါ။
အာဏာရပြီးနောက် ဆက်ပြောပါ့မယ်...

NLD အစိုးရ၏ အကြံပေးအဖြစ် အသုံးပြုခဲ့သော နိုင်ငံခြားသား အကြံပေးပုဂ္ဂိုလ်များ...

၁။  နိုင်ငံအရေးပါသောကဏ္ဍများ
      ◾ ဦးကိုနီ (မသေခင်)
      ◾ ဂျိုဖစ်ရှာ
      ◾ ကိုဖီအာနန် (မသေခင်)
       ◾ ရှောင်တာနန်

၂။  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
      ◾ နီပေါနိုင်ငံက တစ်ဦးနှင့်
      ◾ အိန္ဒိယနိုင်ငံသူ တစ်ဦး 
 
၃။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
      ◾ ရိုမေးနီးယားနိုင်ငံသား တစ်ဦး၊ 
      ◾ ဂျပန်နိုင်ငံသား ခြောက်ဦး၊ 
      ◾ ကိုရီးယားနိုင်ငံသား ငါးဦး
      ◾ အိန္ဒိယနိုင်ငံသား သုံးဦး၊ 
      ◾ ဂျာမနီနိုင်ငံသား ငါးဦး
      ◾ နယ်သာလန်နိုင်ငံသား ရှစ်ဦး
      ◾ သြစတြေးလျနိုင်ငံသား နှစ်ဦး
      ◾ ဘယ်လဂျီယံနိုင်ငံသား တစ်ဦး
      ◾ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦး
      ◾ ဗြိတိန်နိုင်ငံသား  နှစ်ဦး၊ 
      ◾ နီပေါနိုင်ငံသား တစ်ဦး
      ◾ အမေရိကန်နိုင်ငံသား နှစ်ဦး
      ◾ သီရိလင်္ကာနိုင်ငံသား တစ်ဦး
      ◾ ပြင်သစ်နိုင်ငံသား ခြောက်ဦး
     ◾ ဘဂ်လားဒေ့ရှ် နိုင်ငံသား တစ်ဦး
       စုစုပေါင်း ၄၅ ဦး

၄။  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
       ◾ ပြင်သစ် လူမျိုးတစ်ဦး

၅။  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ 
      ◾  နိုင်ငံခြားသား ၁၈ ဦး

၆။  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ 
      ◾  ဂျပန်နိုင်ငံသား ငါးဦး  
      ◾  အမေရိကန်နိုင်ငံသားတစ်ဦး
      ◾  ဗြိတိန်နိုင်ငံသား တစ်ဦး

၇။  အကောက်ခွန်ဦးစီးဌာန
      ◾ ဂျပန် နိုင်ငံသားသုံးဦး

၈။  ပြည်တွင်းအခွန်ဦးစီးဌာန 
      ◾ နယူးဇီလန်နိုင်ငံသား တစ်ဦး
      ◾ သြစတေးလျနိုင်ငံသား နှစ်ဦး
      ◾ တောင်အာဖရိကနိုင်ငံသားတစ်ဦး

၉။  ငွေကြေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
       ◾ နိုင်ငံခြားသား ခြောက်ဦး
၁၀။  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
       ◾ နော်ဝေနိုင်ငံသား ၁ ဦး
ငှားရမ်းအသုံးပြုသူ စုစုပေါင်း ( ၉၀ ) ကျော်

တစ်ဦးချင်းရဲ့ လစာက သိန်း၁၀၀ မှ သိန်း၁၅၀ အထိ တွက်သာကြည့်တော့ ပြည်သူ့ငွေတွေ အလဟသ ဖြစ်ရော ...။
 
◾လုံခြုံရေး
အမြင်နဲ့ကြည့်ရင် ကိုယ့်နိုင်ငံရဲ့အတွင်းစည်းလုံးဝ ကျိုးပေါက်သွားတာပါ ...။
၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားတွေနဲ့
လက်နက်ကိုင် ဝန်ထမ်းများ အင်အားစာရင်းကို
အမိအရဆုပ်ကိုင်နိုင်ဖို့   နိုင်ငံတကာကို
ဝင်ရောက်စွက်ဖက်လေ့ရှိတဲ့ အမေရိကန် နည်းပညာကုမ္ပဏီ တစ်ခုလက်ထဲကို ဝကွပ်အပ်နှံထားခဲ့တာအားလုံးအသိဖြစ်ပါတယ်...
 
◾NLD အစိုးရသည် ပြည်ပ ချယ်လှယ်သမျှ
အကောင်အထည်ဖော်ပေးနေပြီး မြန်မာနိုင်ငံကို
အကျဉ်းအကျပ်ထဲရောက်အောင်ပို့ခဲ့ပြီး တိုင်းပြည်ဖျက်ဆီးခဲ့ခြင်းပါ...

 👹OIC ရဲ့ငွေကြေးအထောက်အပံ့ယူခဲ့ပုံ...
မေဇင်အေးဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက်မှစ၍ OIC ထံမှ ငွေကြေးအထောက်အပံ့ယူပေးခဲ့ပါတယ်၊  ပါတီရံပုံငွေဟာ ပြည်ပအထောက်အပံ့ မဖြစ်စေရဆိုတဲ့ ၂၀၀၈ခြေဥပါ ဥပဒေကြောင့် OICရဲ့ ငွေကြေးထောက်ပံ့မှု့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ စီးဆင်းစေပြီးမှ NLDက ပြန်လည်သုံးစွဲခဲ့ရတာပါ၊

ဒါ့ကြောင့်လည်း NLDပါတီကို အဓိကငွေကြေး ရှာဖွေပေးသူဖြစ်တဲ့ မေဇင်အေးကို ဒေါ်စုကြည်အပါအဝင် အစိုးရတစ်ဖွဲ့လုံးက ချီးချမ်းနေအောင် ကြောက်နေရရှာတာပါ။

 NLDပါတီနဲ့ OICကြားက အပေးအယူကိစ္စ နားလည်မှုစာချုပ်တွေကိုလည်း မေဇင်အေးက စီစဉ်ပေးရပြီး ထိုစာချုပ်တွေကို ကိုင်ဆောင်ထားတဲ့ မေဇင်အေးဟာ NLDအစိုးရရဲ့ ဒါရိုက်တာတစ်ဦးလို့ ပြောမယ်ဆိုရင် လုံလောက်ပါတယ်၊ဒါ့ကြောင့်လည်း ဗုဒ္ဓဘာကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းခံခဲ့ရတာ ယနေ့ထိတိုင်ပါ...

 👹 CIA၊Soros အကြောင်းဆက်ပြောမယ်...
ခေတ်သစ်ကိုလိုနီနယ်ချဲ့ ကမ္ဘာ့သူဌေးလက်တစ်ဆုပ်စာထဲက သူဌေးအကြီးစား၊ကမ္ဘာ့မီးဒီယာ ၉၀% က ဆိုးရော့စ်နှင့်ကင်းသူမရှိခြင်းကြောင့် ဆိုးသွမ်းလှတဲ့ ဆိုးရော့ရဲ့အကြောင်းကို ဘယ်မီဒီယာမှရေးသားဖော်ပြခြင်းမရှိ၊ဆိုးရော့စ်ဟာ လက်ရှိကမ္ဘာ့အခြေအနေရ ကြည်း၊ရေး၊လေ စစ်ချီ နယ်ချဲ့ကျွန်ပြုလို့ရတဲ့ခေတ်မဟုတ်တော့တဲ့အတွက် ကိုယ်ကြိုးဆွဲရာကမယ့် အစိုးရတင်ပြီးကျွန်ပြုတဲ့ခေတ်ဆိုတော့ ကမ္ဘာ့နိုင်ငံ ၁၅၀ နီးပါးမှာ" ပွင့်လင်းလူ့အဖွဲ့အစည်း "(Open Society Foundation )ဆိုတဲ့အမည်နဲ့ သူ့ရဲ့ရုံးခွဲတွေလိုက်ဖွင့် ရုံးချုပ်က New York မှာရှိပြီး တစ်ကမ္ဘာလုံ့ သူ့အစိုးရဖြစ်ရေးစ်ကမ္ဘာလုံး  ခြေရှုပ်တော့တာပါပဲ၊ဒီမိုကရက်တွေရဲ့ ဖခင်သဖွယ်ပေါ့...

၂၀၀၇ ရွှေဝါရောင်အရေးခင်းနဲ့ မြစ်ဆုံစီမံကိန်းမှာ CIA ခြေရှုပ်ခဲ့တာပါ၊အများတာတဲ့ကြားကနေ ကိုဖီအာနန်ခေါ် မြန်မာ့အရေးကို ကမ္ဘာ့အရေးအဖြစ်ဖန်တီး တပ်မတော်ကိုလုပ်ကြံခဲ့တာလည်း CIA၊Soros၊OICနဲ့ ဒေါ်စုကြည်တို့ မြန်မာကို အကျဉ်းအကျပ်ထဲရောက်ပြီး တိုင်းပြည်ဖျက်ဆီးခဲ့တာပဲ၊ပြောစရာတွေမကုန်သေးပါဘူး ဒီလောက်ဆိုရင် ရင်ထဲမှာ စူးနစ်နေတဲ့ ဆူးလေးနှုတ်လို့ရမယ် ထင်ပါတယ်ရှင်...အမှန်တရားနဲ့ အရှိအတိုင်းကိုရှုမြင်နိုင်ပြီး တိုင်းပြည်နဲ့လူမျိုးကိုချစ်မြတ်နိုးနိုင်ကြပါစေ

Crd:  ဧရာဝတီသစ္စာ

.