Sunday, September 19, 2021

NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများထံမှ လက်နက်အမြောက်အများ သိမ်းဆည်းရမိ


ရန်ကုန်၊ စက်တင်ဘာ ၁၈

NUGအကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုးရွာစွာ သောင်းကျန်းလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲစခန်းများအား မကြာခဏ ဝင်ရောက်ပစ်ခတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများအား မိုင်းခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်နေရသည့် အခြေအနေဖြစ်သည်။

NUGအကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ သောင်းကျန်းနေသည့် မြိုင်၊ ကနီ၊ ယင်းမာပင် မြို့နယ်များအတွင်း ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ ဖန်တီးလျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်းခဲ့ရပြီး လက်နက်အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost
#MyanmarNationalPost




Related Posts: