Wednesday, September 22, 2021

The Lady အလွန် CIA ၏ ဇာတ်ကောင်များ


     The Lady ရဲ့ နှစ်သုံးဆယ် နိုင်ငံရေးကဏ္ဍဟာ နိဂုံးချုပ်သွားခဲ့ပါပြီ။ အကယ်ဒမီဆုရှင်  The Lady  ကို ခေါင်းဆောင်မင်းသမီးပြန်တင်လို့ မရတော့တဲ့အတွက် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ  ကပြအသုံးတော်ခံဖို့ CIA က နောက်ထပ် ဇာတ်ကောင်အသစ်တွေ ပွဲထုတ်လာခဲ့ပါတယ်။ ခေါင်းဆောင်မင်းသား ဆာဆာနဲ့ မင်းသမီးတွေကတော့ အိသဉ္ဇာမောင်၊ အက်စသာ ဇီနော် ဗန်ဗို တို့ဘဲဖြစ်ပါတယ်။ 

Time Magazine; 100 most Influential People in 2021
   ကမ္ဘာ့ လွှမ်းမိုးမှု ရှိဆုံး  လူ ၁၀၀ စာရင်းကို စက်တင်ဘာ ၁၅ မှာ တိုင်းမ် မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ ဒေါ်မီမီအောင်၊  အက်စသာ ဇီ နော် ဗန်ဗို နှင့်  အိသဉ္ဇာမောင် တို့ ပါဝင်ခဲ့ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ ဒေါ်မီမီအောင်ကလွဲပြီး ကျန်နှစ်ယောက်ကတော့ The Lady အလွန် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်  ကပြ အသုံးတော်ခံရန်အတွက် ကမ္ဘာကို ကြော်ငြာ လိုက်တာပါ။

   သူတို့ ၂ ဦးဟာ ငယ်ရွယ်ပြီး CIA ရဲ့ long-term plan ဖြစ်နိုင်ပါတယ်။ The lady ကို စင်တင်ခဲ့တုန်းက အသက် ၄၀ ကျော်နေပါပြီ။ နိုင်ငံရေးပါးဝတဲ့ ဗိုလ်သန်းရွှေဟာ နှစ်သုံးဆယ်လောက် အချိန်ဆွဲခဲ့ပြီး CIA ကို ပညာပြခဲ့ပါတယ်။ တစ်ကယ်တော့ The lady ဟာ အသက် ၇၀ လောက်မှ ခေါင်းဆောင်မင်းသမီးအဖြစ် CIA အတွက် ၅နှစ်လောက်ဘဲ အသုံးတော်ခံခဲ့ရပါတယ်။ "" မဲခိုးခြင်း အနုပညာ "" ဇာတ်ကားမှာ ညံ့ဖျင်းတဲ့ ဇာတ်ပို့ဇာတ်ရံတွေကြောင့် အကယ်ဒမီနဲ့လွဲပြီးခေါင်းဆောင် မင်းသမီးနေရာ ဖယ်ရှားခံခဲ့ရပါတယ်။ 

အိသဉ္ဇာမောင်
      ၂၀၁၅  လက်ပံတန်းအရေးအခင်းမှာ အရေးယူခံရပြီး သာယာဝတီမှာ အကျဉ်းကျခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ  လူ့ဘောင်သစ်ပါတီ ကိုယ်စားပြုပြီး ပန်းဘဲတန်း မြို့နယ်မှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၊ on line အစိုးရ ဒုဝန်ကြီး။ အခုတော့ ဝရမ်းပြေး။

ပါရမီ စိန်ဂေဟာမှသည် တိုင်းမ် မဂ္ဂဇင်းဆီသို့
    သူမကို လျှော့တွက်လို့တော့ မဖြစ်။ ပါရမီ စိန်ဂေဟာမှ စခဲ့သည့် နိုင်ငံရေးမှသည် တိုင်းမ် မဂ္ဂဇင်းဆီသို့ ခရီးပေါက်ခဲ့လေပြီ။ ၂၀၂၁ အရေးအခင်းကြီးကို ကြီးကျယ်ခမ်းနားသွားအောင်ပုံဖော်ပေးခဲ့သူလို့ ပြောရင် မလွန်ပါ။ဖေဖော်ဝါရီ ၅ ရက်မှာ  ပါရမီလမ်းဆုံ စိန်ဂေဟာနားကနေ စတင်လို့ လူထုကိုဟောပြောစည်းရုံးပြီးဆွဲခေါ်သွားလိုက်တာ  လှည်းတန်း၊မြေနီကုန်း၊ ဆူးလေမှသည် တစ်နိုင်ငံလုံးပျံ့နှံ့ သွားခဲ့ပါတယ်။ ဒါကို CIA က မျက်စိကျသွားပုံ ရပါတယ်။

အက်စသာ ဇီနော် ဗန်ဗို
      ကချင် ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ ခေါင်းဆောင်၊ မြန်မာ နိုင်ငံမှာ မရှိသည့် လူမျိုးလိမ် အခွင့်အရေးအတွက် ဆောင်ရွက်ခဲ့သူ၊ CIA ၏ ပွဲထုတ်ကာစ ဇာတ်ကောင်အသစ်။

တိုင်းရင်းသားများကိုပွဲထုတ်လာခြင်း

    ဒီတစ်ခါတော့ CIA ဟာ တိုင်းရင်းသားတွေကို ပွဲထုတ်လာတာတွေ့ရပါတယ်။ ဆာဆာ(ချင်း)၊အိသဉ္ဇာမောင်( ရှမ်းနီ)၊ အက်စသာ ဇီနော် ဗန်ဗို(ကချင်)။ မြန်မာတွေကို သိပ်သဘောကျပုံမရတော့ပါဘူး။ ပေါကားရိုက်တာ များသွားလို့နဲ့တူတယ်။
   CIA ရဲ့ ဇာတ်ညွှန်း၊ဇာတ်ကွက်တွေကို သိသိနဲ့လွှတ်ထားမှာလား၊ စောစောစီးစီး အပ်နဲ့ထွင်းမှာလား၊ ဘယ်လို Counter strike လုပ်မှာလဲ?

အောင်မြင်ပါစေ မြန်မာပြည်
Credit

Related Posts: