~~~~~~~~
## နိုင်ငံရေးပါတီ အများဆုံး
နိုင်ငံရေးသမား အများဆုံး
ပရဟိတအဖွဲ့အစည်း အများဆုံး
တိုင်းပြည်အတွင်းမှာ
သေကြေပျက်စီးမှု,ဆုံးရှုံးနစ်နာမှု မြင့်တက်သွားတာ
ကျုပ်တစ်သက် ဘယ်တော့မှ မမေ့နိုင်ပါလေ။
## ခင်ဗျာတို့ •••
နိုင်ငံရေးပါတီတွေ ထူထောင်ကြ
နိုင်ငံရေးသမားတွေအဖြစ် ခံယူကြ
ပရဟိတသူရဲကောင်းတွေအဖြစ်နဲ့ ရပ်တည်ကြတာ
တိုင်းပြည်အတွင်းမှာ သေကြေပျက်စီးမှု,
ဆုံးရှုံးနစ်နာမှု ကင်းပစေဖို့၊
ဖြစ်လာခဲ့ရင်လည်း နည်းပါးစေဖို့ ဆိုသော
ခံယူချက်,ရည်ရွက်ချက်,ရည်မှန်းချက်တွေ
ပျောက်ဆုံး ကွယ်ပနေတာကို
ကျုပ် •• မြင်ခဲ့ရတယ်။
## ခံယူချက်,ရည်ရွယ်ချက်,ရည်မှန်းချက်တွေက
လွဲရုံတင်မက မွဲပါ,မွဲနေကြလေတော့
တိုင်းပြည်ရဲ့ ပထဝီအနေအထား,သံဇာတ
ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက်ပေါပေါ
ရှိ လျက်နဲ့ ငတ်၊
ရှင် လျက်နဲ့ သေ၊
ဖုတ်ပူ မီးတိုက် ရှော့ရိုက်တဲ့
ဆေးမြီးတို ကုထုံးကနေ လယ်လိုနည်းနဲ့
ထက်တိုးတက်အုန်းမှာလဲဗျာ။
သာကီမောင်
၁၇၊၉၊၂၀၂၁။