Sunday, September 26, 2021

NUG ရဲ့ အရှုံးပြီးတော့...အရှုံးများ

***************************
စက်တင်ဘာလ ဒုတိယအပတ်ထဲမှာ
နိုင်ငံရေးကိုစိတ်ဝင်စားသူ လေ့လာတတ်သူတွေက
ကျွန်တော့် Facebook မိတ်ဆွေတွေထဲမှာ တပ်ချုပ်
မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးလမ်း လျှောက်
လှမ်းခဲ့ပုံ လုပ်ကိုင်ခဲ့ပုံကို ခန့်မှန်းတွက်ဆချက်တွေနဲ့ 
   စိတ်ချလက်ချပြောရလျှင် ဒီလူကြီးနိုင်သွား
ပြီဆိုတဲ့ နိုင်ငံရေးအခြေအနေ သုံးသပ်ချက် Post လေးတစ်ခုကို မိတ်ဆွေတို့ သတိထားမိခဲ့ကြမှာပါ။ 
အချို့လည်း ပြန်လည်ကူးယူ၍ ပွဲသိမ်းဆိုတဲ့ Title တပ်ပြီး အတော်မျှဝေပေးခဲ့ကြတာကို တွေ့ရပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။ အဲ့ဒါ ကျွန်တော်ရေးခဲ့တဲ့ ကျွန်တော့်အမြင်ပါ။
   အခုစက်တင်ဘာလ နောက်ဆုံးရက်သတ္တပတ် ပြီးခဲ့တဲ့ နှစ်ရက်လောက်မှာတော့ နောက်ထပ် အခြားသူတစ်ယောက်ရဲ့ ပိုစ့် တစ်ခု ထပ်တက်လာတာကို ကျွန်တော်သတိထားမိပါတယ်။
နစကနဲ့တပ်ချုပ်ဘာလုပ်မလဲ ကြည့်ရမယ်ပေါ့နော် လက်ရှိချိန်ထိ NUG ဘက်ကတော့ အသာစီးရ နိုင်နေပြီး ကွန်မြူနစ်လိုလို ပုံစံနဲ့အသာစီးရယူသွားတဲ့ ပုံစံလေးနဲ့ သုံးသပ်ပြပြီး ရေးထားတဲ့ ပိုစ့်တစ်ခုပါ။ မူရင်းရေးတဲ့သူအပေါ်မှာ ဝေဖန်သုံးသပ်ချက် ရေးရတာ ဝါသနာပါသူအချင်းချင်းမို့ လေးစားပါတယ်။ (မိမိ အမြင်ကို သတ္တိရှိရှိ ချပြရဲတဲ့သူမို့လို့ကို ဘဝတူချင်းပိုပြီး လေးစားပါတယ်ခင်ဗျ)

အဲ့ဒီရေးသားခဲ့သူနဲ့ကျွန်တော်က အမြင်ချင်း ချဥ်းကပ်ပုံခြင်း နဲ့ အယူအဆချင်းကတော့ နည်းနည်းမတူပါဘူးခင်ဗျ။ ကျွန်တော်ကတော့ တပ်ချုပ်တို့ရဲ့ နစကအစိုးရဘက်ကနေပဲ ထပ်ပြီး နိုင်သွားခဲ့ကာ NUG(PDF)တို့ကတော့ အရှုံးပြီးတော့ နောက်ထပ်ရှုံးသွားရပြန်ပြီလို့ပဲ အခုထပ်ပြောချင်ပါတယ်။

ကျွန်တော်ကြည့်နေခဲ့ပါတယ် ဖေဖော်ဝါရီလ ၂၅ ခန့်နောက်ပိုင်းလောက်ကနေစပြီး ကွန်မြူနစ်ပုံစံ စတင်ခဲ့တာပါ...မန္တလေးမြို့ရဲ့ ရထားစုံ အဝင်ဂိတ်ဖြစ်တဲ့ ၃၄ ×၇၉ လမ်းဘက်လောက်ကနေစပြီး မြို့ဟောင်း (မန္တလေး ရန်ကုန်လမ်းခွဲ ၊ မန္တလေး မြစ်ကြီးနားလမ်းခွဲ၊ မန္တလေး လားရှိုးလမ်းခွဲ ၊ မန္တလေးမြို့ပတ်ရထားလမ်း၊ ကုန်တင် ပါဆယ်ရထားများနှင့်ဒေသတွင်းLocal ရထားအချို့ရပ်နားသည့် )လမ်းခွဲဘူတာကနေ စတင်ပြီး ရထားလမ်းကို နည်းအမျိုးမျိုးနဲ့ သစ်တုံးသစ်ကိုင်း သံလမ်း စသည်တို့ဖြင့် ပိတ်ဆို့ ဟန့်တားခဲ့ခြင်း မန္တလေးဘူတာကြီးမှ ထွက်ခွာလာသော ရထားတစ်စင်းအား စတင်အကြပ်ကိုင် ၍ ရပ်တန့်စေခဲ့ခြင်းနှင့် မန္တလေးမြို့၏ အချို့လူသွားလမ်းမများအပေါ်မှာ သစ်ပင်များ ခုတ်လှဲပိတ်ဆို့ ထားခဲ့ခြင်းတွေဟာ အစောဆုံး စတင်ခဲ့တဲ့ ကွန်မြူနစ်လုပ်ရပ်တွေပါ.ကျွန်တော်သတိထားမိခဲ့ပါတယ်။..အဲ့ဒီနောက်ပိုင်းမှာမှ ရပ်ကွက်တွင်း လမ်းများ မြို့နယ်တွင်း လမ်းများပေါ်မှာ သဲအိတ်ချခြင်း အခြားသော ကားတာယာ ၊ ဝါးကပ် ၊ သံဆူးကြိုးများစသည်ဖြင့် အတားအဆီးမျိုးစုံချကာ ကွန်မြူနစ်စိတ်ဓာတ်တွေရှိကြောင်း ထပ်ပြီး ပြသလာခဲ့တယ်ဗျ။ အဲ့ဒီတော့ ဘာဖြစ်သလဲ..

သူတို့ပဲ (NUG)ပဲရှုံးတာပေါ့ဗျာ... ရှုံးတာမှ သောက်သောက်လန် ခွက်ခွက်လဲနဲ့ကို ရှုံးခဲ့တာဗျ။ မတ်လ ၂၅ ဝန်းကျင်လောက်မှာ ရုရှားကလာတဲ့ အဆင့်မြင့်ကာကွယ်ရေး အဖွဲ့တွေကပါ သူတို့(ယခု Nug.. pdf)တို့ရဲ့ လုပ်ရပ်တွေကို မြင်တွေ့သွားတာပေါ့ဗျာ...ရထားလမ်းတွေကို ပိတ်... ကားလမ်းတွေကို ပိတ်...တာယာတွေ မီးရှို့... စသည့်ဖြင့် အဲ့ဒီဟာတွေကို မြင်သွားခဲ့ရပြီလေ....

အကျိုးဆက်က ဘာဆက်ဖြစ်ခဲ့သလဲ... ရုရှက အခုလက်ရှိ CRPH NUG PDF စတဲ့ ကောင်တွေဟာ ဒီမိုကရေစီလို့သာ အော်နေကြတာ  ဒီမိုကရေစီမဟုတ်ဘဲ အကြမ်းဖက်နေတဲ့ သူတွေဆိုတာကို သူတို့ကပါ ကမ္ဘာကို သူတို့နိုင်ငံရဲ့ မီဒီယာတွေကနေ ထပ်ပြီး ချပြပေးသွားခဲ့ တယ်လေဗျာ.. ..
 လက်ရှိအစိုးရအပေါ်မှာ အမေရိကန်၊ကုလသမဂ္ဂ(UN)၊နဲ့ ဒေသတွင်းနိုင်ငံ Asean နိုင်ငံတွေရဲ့ ဖိအားပေး ပိတ်ဆို့ အရေးယူမှု မခံရစေဖို့ပါ လုပ်ပေးသွားခဲ့တဲ့ အထိကို NUG နဲ့ PDF တွေမှာ အလဲလဲ အကွဲကွဲ ထပ်ရှုံးခဲ့တာဗျ။သူတို့သာ အေးအေးသာသာနဲ့ အစောကလို မလုပ်ကြဘဲ လမ်းပေါ်ထိုင် ဆန္ဒပြရုံနဲ့ ပစ်လည်း အသေခံမယ်ကွာ.. အေးအေးချမ်းချမ်း ပဲ ဆန္ဒပြမယ်ဆိုရင် ဒီလောက်ထိ ကမ္ဘာကျော်အောင် မရှုံးဘူး...အခုတော့ ရုရှားက ချပြပေးခဲ့တာ နဲ့ NUG ဒီဒေးလုပ်လိုက်တာနဲ့ အတော်ကို ကျော်ကျော်ကြားကြားနဲ့ကို ရှုံးနိမ့်သွားခဲ့တာပါ။ဒီနေရာမှာ စကားမစပ်ပြောရရင် ဦး မင်းအောင်လှိုင်က သိပ်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးသမား အစစ်ပဲ။ နိုင်ငံရေးအရ ထွက်လာပြီး နိုင်ငံရေးအတွက် တိုက်ခဲ့ကြတယ်ဆိုတဲ့ အကောင်တွေကို အမှားမှား အယွင်းယွင်းနဲ့ အလွဲလွဲ အချော်ချော်တွေ လုပ်မိခဲ့ကြအောင်အထိကို တိုက်ခိုက်ပြီး နောက်ဆုံးမှာ အဲ့ဒီနိုင်ငံရေးအင်အားစုဟာ နိုင်ငံရေး လှုပ်ရှားသူ အင်အားစုအဖြစ်တောင် မဟုတ်တော့ဘဲ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်အင်အားစုတွေပါဆိုတဲ့အထိကို အားလုံးက ပြောင်းလဲ လက်ခံပေးကြရမယ့်အဆင့်မျိုးထိ ရောက်သွားအောင်ကို ချေမှုန်းနေခဲ့တာပဲဗျာ။

အခုနောက်ပိုင်းမှာလည်း ပိုပြီးထပ်ရှုံးလာတယ်။ ကွန်မြူနစ် ပိုဆန်လာတယ် ပိုပြီးပီသလာတယ်ဗျာ... အများပြည်သူသွားလာနေတဲ့ ရထားလမ်း ကားလမ်းမှအစ မိုင်းဆွဲတိုက်ခိုက်တာတွေ အများပြည်သူနဲ့ဆိုင်ရာ ဆေးရုံ..စာသင်ကျောင်း စတာတွေသာမက အစိုးရနဲ့ဆက်နွှယ်နေတဲ့ အုပ်ချုပ်ရေးမှူး တွေ နဲ့ ဝန်ထမ်း.. (တလောက ထားဝယ်နတလမှ ဒုညွှန်တို့ ယခုလတ်တလောဆို မြို့နယ်လျှပ်စစ်ဌာနတစ်ခုမှ ဗကအငြိမ်းစား လက်ရှိအရပ်ဘက်ဝန်ထမ်း)တွေလို သူမျိုးတွေကိုပါ အတင့်ရဲစွာနဲ့ သတ်ဖြတ်လာခဲ့တာကို တွေ့ကြရမှာပါ။အဲ့ဒါကိုက တစ်ရစ်ပြီး တစ်ရစ် တစ်ဆင့်ပြီးတစ်ဆင့် ရှုံးပြီးရင်း ရှုံးလာကြတာပါ ။
 
ကျွန်တော်က လက်ရှိအစိုးရ နဲ့ တပ်ချုပ်ကို အားပေးသူပါ။ အစိုးရကို ထောက်ခံတာက ထောက်ခံတာ တစ်ပိုင်း ၊ တပ်မတော်ကို ချစ်တာက ချစ်တာတစ်ပိုင်း.. လက်ရှိတပ်ချုပ်အပေါ် ယုံကြည်စိတ်ချခဲ့တာက တစ်ပိုင်းနဲ့ အဲ့လိုပိုင်းခြားထားခဲ့တာပါ... 
ခုရက်ပိုင်းမှာ ကျွန်တော်ဆိုရင် အတော်တောင် ပြန်ဝေဖန်ခဲ့ပါတယ်... တပ်ချုပ်က စစ်ပုလိပ်.ကြီး.. စစ်သားလုပ်ပြီး ရဲကျင့်ရဲကြံနဲ့ စစ်ပုလိပ်ပဲ စသည်ဖြင့် တော်တော် ဝေဖန်ခဲ့သူပါ။ 
သူ့ညံ့နေလို့ ကျွန်တော်က ဝေဖန်တာ တွယ်နေတာ မဟုတ်ဘူးဗျ... လက်ရှိအစိုးရ အခြေအနေမကောင်းလို့ ရှုံးနေလို့လည်း မဟုတ်ပါဘူးခင်ဗျ....
သူလည်းခုထိ မညံ့ဘူး နစက အစိုးရဘက်ကလည်း ဆက်တိုက်ကို နိုင်နေတာပါ... ကိုယ့်လူတွေ သေနေကြရလို့သာ စိတ်မကောင်းလို့သာ ကျွန်တော်တို့က တပ်ချုပ်ကို ပြစ်တင်ကြ ဝေဖန်ကြရနဲ့ လုပ်နေရတာပါ။

ဒါပေမယ့် မကြာခဏ ကျွန်တော်ပြောခဲ့သလိုပါပဲ။
သိပါတယ် ရိပ်စားမိပါတယ် သူလုပ်နေတဲ့ အနေအထားနဲ့ ရောက်စေချင်တဲ့ ပုံစံအထိကို စောင့်ပြီး ကျုံးသွင်းနေတာ.လို့ကျွန်တော်ခဏခနပြောခဲ့တဲ့စကားက အမှန်တရားအစစ်ပါ။ကိုယ်တွေကတော့ ချပစ် ရှင်းပစ်ပေါ့ဗျာ Do or die စစ်စစ်ပဲ။
သူကကြ အေးအေးလေးနဲ့ သူလိုချင်တာတွေကို ရအောင်ယူသွားတာလေ.. သူလိုချင်တဲ့ပုံစံနဲ့ သူ့ကစားကွက် ဖော်လာနိုင်တဲ့ အချိန်ထိအောင် ထိုင်ကိုကြည့်နေပြီးမှ မသိချင်ယောင်ဆောင်ပြီးတော့ကို ပေကပ်ကပ်နဲ့ အေးတိအေးစက် ပုံစံနေပြသွားခဲ့တာ.ဗျ အတော်ခေါင်းအေးတဲ့သူပဲ.. သူ့အကြောင်းပြောတာမဟုတ်လို့ ဒီလောက်ပဲ ထားပါတော့ဗျာ။

 NUG အကြောင်းကို ပြန်ဆက်ပြောရရင် သူတို့က
နိုင်ဖို့မပြောနဲ့ အရှုံးပေါ်ကို အရှုံးဆင့်နေခဲ့တာဗျ။
PDFကို တချက်ကြေငြာပြီး တိုက်ခိုင်းလိုက်တယ်...
ဆော်ကြတယ်... ဒီကောင်တွေ သူ့ဟာသူနေတဲ့ တာဝါတိုင်ကအစ ပြည်သူလူထုပါမကျန် အကုန်ပတ်တိုက်တာပဲ.. တာဝါတိုင်တွေချိုး လူတွေသတ်နဲ့ အတော်ကို ထိတ်လန့်ပြီး သွေးပျက်လောက်စရာ ဖြစ်လာတယ်...အပေါ်ယံကြည့်လိုက်ရင် သူတို့ဘက်က သာသွားပြီ နိုင်သွားပြီ သူတို့လုပ်တာ ထိရောက်တယ်ပေါ့ အဲ့ဒီလိုထင်မယ်ဆိုလည်း.ထင်စရာပါပဲ...😂😂

အခုပြောပြနေရင်းနဲ့တောင် ကျွန်တော် တအားကို ရယ်ချင်စိတ် ပေါက်မိပါတယ်... Child Play ကလေးကွက်တွေဗျ...အဲ့လောက်နဲ့ နိုင်ငံရေးလုပ်လို့မရသလို အဲ့လောက်ဦးနှောက်နဲ့ကတော့ တပ်ချုပ်မင်းအောင်လှိုင်တို့က ပျင်းသနားတယ်တောင် ဖြစ်နေမှာ သေချာပါတယ်... အဲ့လိုတွေလုပ်လေ အဘက ကြိုက်လေပဲ.... ဒါမျိုးဆို လက်ဖက်ထက်တောင် ပိုကြိုက်တယ်ကွလို့ ဦးမင်းအောင်လှိုင်က စိတ်ထဲကနေတောင် ကြိတ်ပြောပြီး ရယ်နေမလားပဲဗျာ..သူဆင်ထားတဲ့ ဟပေးလိုက်တဲ့အကွက်လေဗျာ...ထားပါတော့ ဆက်ပြောရရင် NUG ရှုံးချက်က ကမ္ဘာကတောင် အဟုတ်စိုးရိမ်ရတဲ့ အထိ ဖြစ်သွားတယ်... ပြည်တွင်းစစ်ဖြစ်တော့မှာပဲ ဒီလူတွေ ဘာစိတ်ရူးပေါက်ပြီး အခုလို ကြေငြာကြတာလဲ လို့ သေချာပေါက်ကို တွေးသွားပါပြီ။ ဒီလူတွေ တိုက်ခိုက်ရေးနဲ့ စစ်သွေးကြွ နေသူတွေပဲ သွေးဆာနေသူတွေပဲလို့ တွေးမိသွားမှာလည်း အသေအချာပါပဲ။

သူတို့အတွေးကို သေချာသွားအောင် အဘက ထပ်ပြီး မသိမသာ စစ်မြှူပြီး ဟပေးလိုက်တယ်.. အစိုးရဘက်က အကျဥ်းသားတွေပြန်လွှတ်ပေးတယ် လိုက်လျောပေးတယ်... ဒါပေမယ့် အကြမ်းဖက်မှုက ကျမသွားဘဲ ပိုဖြစ်လာတယ်... တကယ်လည်း ခုနောက်ပိုင်းမှာ ပိုဖြစ်ခဲ့တာကို တွေ့ကြ ရမှာပါ.. အဲ့ဒီတော့ အဘက ဘာဖြစ်လဲ..??ဟိုအဘက ပြစ်တင်ခံရ (အဝေဖန်ခံရ)ရုံကလွဲပြီး ဘာမှမဖြစ်ဘူး... NUG နဲ့ PDF မှာသာ တဘက်က အချိန်ပေးစောင့်ကြည့်ပြီး ကူညီကြမယ့်သူတွေကပါ နောက်ဆုတ်ပြီး တွေဝေ လက်တွန့်ကုန်ကြတော့တာလေဗျာ။

NUG ရဲ့ အရှုံးကဒီလောက်နဲ့လည်း ရပ်မသွားသေးဘူးဗျ။ အရင်ကဆို စစ်တပ်တစ်ခုထဲက ဒီကာင်တွေကို သတိထား နှိမ်နင်းနေခဲ့ရာကနေ အခုတော့ အချို့သော ပြည်သူတွေကပါ ဝိုင်းဝန်းတားဆီး ကာကွယ်တာကို ခံနေရပြီလေဗျာ။ ဇော်ဝေစိုးတို့က ပျောက်ကြား ပျောက်ကြား နဲ့ လုပ်နေခဲ့ကြတာ အခုဒီဘက်အနေအထားက ပြည်သူ့စစ် မဟာဗျူဟာနဲ့ပါ စပြီး ပြန် ဆော်မယ့် သဘောမျိုး အနေအထားမျိုး ဖြစ်လာပြီ။သူပြောခဲ့သလို ပျောက်ကြားဆိုတဲ့အတိုင်း မကြာခင် ပျောက်ပြီး ကွက်တိကွက်ကြား ဖြစ်လာတော့မယ်ဗျ။ NUG ရဲ့အရှုံးနဲ့အဖြစ်က မိအေးနှစ်ခါနာဆိုတာမျိုးတောင် မဟုတ်ဘဲ အမေရယ် သမီးတစ်ခါတည်းပဲ မှားခဲ့တာပါ..ဒါပေမယ့် လှည်းသားတော့ ငါးရာပါတယ်ဆိုတဲ့ ကိန်းမျိုးနဲ့ အရှုံးဗျ။

အစပိုင်းအစောကမှ ကျွန်တော် ရင်ခုန်ရပါသေးတယ်။ တစ်ချို့အနေအထားတွေကို တွက်ဆပြီး NUG ဘက်က တစ်စိတ်တစ်ဒေသ တစ်ချို့အပိုင်းတွေမှာ အသာစီးရသွားမလားပေါ့ဗျာ... ဒါက နှစ်ဘက်ကို မျှတတဲ့အတွေးနဲ့ အဲ့ဒီစဖြစ်ခါစ အချိန်ကပါ။
အခုနောက်ပိုင်းရောက်လာလေလေ NUGလည်း ပိုရှုံးလေလေနဲ့ အဘလည်း အဝေဖန်ခံရလေလေ ဖြစ်လာပါလိမ့်မယ်။ 
သတ္တိရှိရှိနဲ့ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နဲ့ ကို ထပ်ပြောလိုက်ပါမယ်။
 NUG အတွက် ဒီတစ်သက်စာမှာ ဒီပုံစံတွေနဲ့ နစကကို နိုင်ဖို့ မပြောနဲ့ဗျာ... ပြိုင်ဖို့ကို အဆင့်မရှိသေးပါဘူး... 

ယဥ်ယဥ်ကျေးကျေးနဲ့ ပြောလိုက်ရရင်လည်း ကျွန်တော့်အမြင်ကတော့ လက်ရှိNUG ဟာ နစက ရဲ့ ပြိုင်ဘက်အဆင့်တောင် မရှိပါဘူးခင်ဗျာ။

အားလုံးကိုလေးစားပါတယ်။
TTT.