Thursday, September 23, 2021

အပြစ်ကျူးလွန်ထားကြပြီဆိုရင်တော့ တောခိုလိုက်ကြတော့ မင်းတို့ရဲ့ဘဝကမအေးချမ်းတော့ဘူး မမိသေးခင်မှာလည်း အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရပဲကြောက်စိတ်တွေနဲ့နေရပြီး စိတ်ကျရောဂါစွဲပြီး ဆေးစွဲသေကြရမှာပါ

~~~~~~~~~~~~~~~~~~~~~~~
ဩဂုတ်လ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၄၄)လမ်း၊ တိုက်အမှတ်(၁၆)၊ (၃)လွှာ၌ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများသိုဝှက်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေရာ တိုက်ခန်းအတွင်းမှ ဝေဖြိုးအောင်၊ သီဟကောင်းဆက် နှင့် ပိုးကျော့ကျော့ခန့် တို့အား လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ဗြောက်အိုးထုပ်များ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့မှုဖြစ်စဉ်အား သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။ 
အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော တရားခံများ၏ထွက်ဆိုချက်နှင့် တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် လသာမြို့နယ်၊ (၆)ရပ်ကွက်၊ ၂၂ လမ်း၊ တိုက်အမှတ်(၃၆)၊ (၆)လွှာအား ဝင်ရောက်ရှာဖွေခဲ့ရာ သော်ဇင်စိုး၊ ကျော်နိုင်အောင်(ခ) အဇဲနှင့် မင်းဖြိုးသော်တို့ ၃ ဉီးအား လက်လုပ်သေနတ် ၂ လက်၊ ၉ မမ ကျည် ၂ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံး၊ အသံဗုံးမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ် ပစ္စည်း ၂၃ မျိုးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ၁၆၀၀ နာရီခန့်တွင် လမ်းမတော် မြို့နယ်၊ (၇)ရပ်ကွက်၊ လမ်းမတော်လမ်း၊ တိုက်အမှတ်(၅၃)ဘေးလမ်းကြား၌ အောင်မျိုးသူ (ခ)သာဂိအား လက်ပစ်ဗုံး ၃ လုံးနှင့်လည်းကောင်း၊ လှိုင်မြို့နယ်၊ ပါရမီလမ်း၊ ပညာပါရမီ ရိပ်သာ၊ အခန်းအမှတ်(၁၀၁)၌ ထက်ဆွေဖြိုး၊ စိုးသီဟမင်းနှင့် ဂျိုးဇက်ဗန်လျန်မှုန်(ခ) ဂျိုးဇက် တို့ ၃ ဦးအား ၉ မမ ကျည် ၁၀ တောင့်၊ ၅.၅၆ ကျည် ၁ တောင့် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ နေသွေး၊ ကျော်ကိုကို၊ ကျော်မင်းထွန်း တို့ ၃ ဦးအား ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်၌လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်တွင် မင်းမင်းစိုးနှင့် ဇော်ဇော်ဟန်တို့ ၂ ဦးအား ရန်ကုန်မြို့၊ အမှတ်(၃)လမ်းဆုံ စစ်ဆေးရေး ဂိတ်၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။ 
 
အထက်ပါဖမ်းဆီးရမိဖြစ်စဉ်များတွင် အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ပတ်သက်သူ စုစုပေါင်း တရားခံ ၁၂ ဉီးအား လက်လုပ်သေနတ် ၂ လက်၊ ၉ မမကျည် ၁၂ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂ လုံး၊ လက္ပစ္ဗုံး ၄ လုံး၊ အသံဗုံးမျိုးစုံ ၁၆ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
၎င်းတို့အနက် အောင်မျိုးသူသည် KNLA တပ္မဟာ(၅)နယ်မြေအတွင်း၌ ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းအားလည်းကောင်း၊ မင်းဖြိုးသော်၊ နေသွေး၊ ကျော်ကိုကို၊ မင်းမင်းစိုးနှင့် ဇော်ဇော်ဟန် တို့သည် မိုးဗြဲမြို့အနီးရှိ NLD ပါတီဝင်များဉီးဆောင်သော ကယားပြည်နယ်သပိတ်ကော်မတီမှဖွင့်လှစ်သည့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား လည်းကောင်း တက်ရောက်ခဲ့ကြောင်း၊ အဆိုပါဖမ်းဆီးရမိတရားခံများမှ မင်းဖြိုးသော်၊ နေသွေး၊ ကျော်ကိုကို၊ မင်းမင်းစိုး၊ ဇော်ဇော်ဟန်၊ သော်ဇင်စိုး၊ ကျော်နိုင်အောင်၊ အောင်မျိုးသူနှင့်ကျော်မင်းထွန်းတို့ ၉ ဦးသည် မင်းသက်နောင်(ခ)စဒမ်ကြီး(ခ) မုတ်ဆိတ်ကြီး (ဖမ်းဆီးရန်ကျန်)၏စည်းရုံးမှုအရ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ဖွဲ့စည်းထားသော ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့(Yangon Urban Guerrilla Revolution-YUG)လက်အောက်ခံ နွေဦးစစ်သည်(Spring Soldier-SS)အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။ 
တရားခံ မင်းဖြိုးသော်၊ နေသွေး၊ မင်းမင်းစိုးနှင့် ဇော်ဇော်ဟန် တို့သည် မေလ ၁၀ ရက်တွင် မင်းသက်နောင်၏စေခိုင်းချက်အရ မြေနီကုန်း(မြောက်)ရပ်ကွက် အုပ်ချုပ်ရေးမှူး အား လုပ်ကြံသတ်ဖြတ်ရန်အတွက် နေအိမ်ရှေ့တွင် လက္လုပ္ဗုံး ၂ လုံးအား ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲ၍လည်းကောင်း၊ မင်းသက်နောင်၊ မင်းဖြိုးသော်နှင့် ကျော်ကိုကို တို့ သည် ဩဂုတ္လ ၂၈ ရက်တွင် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ အင်းစိန်လမ်းရှိ Idol bar အနီး မြို့နယ်လျှပ်စစ်ဓါတ်အားခွဲရုံရှေ့ ပလက်ဖောင်းပေါ်တွင် လက္လုပ္ဗုံး ၁ လုံးအား ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲ၍လည်းကောင်း ဖောက်ခွဲဖျက်ဆီးမှုများအား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 
ထိုသို့ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်နိုင်ရေးအတွက် NLD ပါတီမွ ၂၀၁၅ ခုနှစ်၊ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ သော်တာအောင်မှ ချိတ်ဆက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် သော်တာအောင် သည် အဆိုပါ သင်တန်းဆင်းအဖွဲ့များ ပြန်လည်ရောက်ရှိချိန်တွင်လည်း ရန်ကုန်မြို့တွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားကာ အများပြည်သူ ထိခိုက်သေကြေစေရန်ရည်ရွယ်၍ ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့ပေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။ 
စိုးသီဟမင်း၊ ထက်ဆွေဖြိုးနှင့် ဂျိုးဇက်ဗန်လျန်မှုန်တို့သည် ကျော်ထက်အောင် (ဖမ်းဆီးရန်ကျန်)နှင့်ပူးပေါင်း၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လှိုင်မြို့နယ်၊ ပါရမီလမ်းရှိ စိုးသီဟမင်း၏နေအိမ်၌ ဖောက်ခွဲရေးသင်တန်းဖွင့်လှစ်ကာ လက်လုပ်ဗုံး၊ လက်လုပ်မိုင်း စသည့်ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ပြုလုပ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုရန် လက်လုပ်သေနတ်ပြုလုပ်ခြင်းများအား သင်ကြား လေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Read More https://cincds.gov.mm/node/14574















Related Posts:

  • 🍄 " နှိုင်း မမှီ " 🍄 State of the art.အားလုံးထက်သာလွန်သော၊နောက်ဆုံးပေါ်ဖြစ်သောနှိုင်းယှဉ်မရသောစတဲ့အဓိပ္ပါယ်တွေထွက်တယ်၊သူများတွေလိုက်မမှီတဲ့အတွေးမျိုးကိုတွေးနှိုင်ရင်လည်း State of the art idea.... စသဖြင့် သုံးလေ့ရှိတယ်။...........🍄 နှိုင်းမမှီတဲ့ GE 2020      … Read More
  • ကဲ... ရုရှားဘက်ကတော့ ဗော်ဒကာလာပို့ပြီရေတပ်စစ်ရေယာဥ်စုက ရန်ကုန်အနီးရောက်ပြီ။ ရုရှားရေတပ်အကြီးအကဲက တစ်ပတ်လောက်ကြိုရောက်နေတယ်။ ရေယာဥ်စုပေါ်မှာ တာတိုနဲ့တာလတ်ပစ်ဒုံးတွေပါမလား.... ရေဒါဖိနှိပ်ဖျက်ဆီးတဲ့အီလက်ထရောနစ်စနစ်တွေပါမလား.... မသိသေးဘူး။ သေချာတာကတော့ ဆီးရီယားလိုမဖ… Read More
  • မြင်းလောင်းကစားသမား ရှုမောင် ( ဉီးနေဝင်း ) နိုင်ငံရေးလောကသားတွေက ဉီးနေဝင်းကို မြင်းလောင်းကစားတစ်ဉီးလို့ ဝေဘန်အပုတ်ချ ပြောဆိုရေးသားကြတာ ယနေ့ထိပါပဲ။ ထိုကာလက မြင်းပြိုင်ပွဲ လောင်းကစားကြတာဉီးနေဝင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ဝန်ကြီးဝန်လေး အတွင်းဝန် အရာရှိအရာခံကအစ အောက်ခ… Read More
  • #စစ်သတင်းတွေ ....စစ်ကိုင်းတိုင်းအထက်ပိုင်း ကိုခွေးပြေး ဝက်ပြေးနဲ့ ပြေးလာခဲ့တဲ့ ရွှေဘို ရေဦး ဝက်လက် ယင်းမာပင် ဘက်က PDF သူပုန်လေးတွေ အပြေးသန်ချက်ကတော့ ၃ ရက်အတွင်း ကန့်ဘလူ ဘက်ရောက်တယ် နေ့ရော ညရော ​ပြေးရတာနော် ဘယ်သက်သာလိမ့်မလဲ         … Read More
  • တကယ်မသိလို့မေးကြည့်တာပါကွာFacebookပေါ်မှာကြည့်လိုက်ရင်တပ်မတော်ကြီးကိုမုန်းတီးကြတဲ့ပျက်စီးစေချင်ကြတဲ့သူတွေကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုမအေလိုးမင်းအောင်လှိုင်လို့ဆဲ ဆဲနေကြတာအတော်များများတွေ့နေရပါတယ်တကယ်ကိုကွဲကွဲပြားပြားမသိလို့မေးကြည့်မိတာပါမင်းတို့တွေ… Read More