Thursday, September 30, 2021

ဒေါ်လာ ​ရွှေ​စျေးကွက် ဒီ​လောက်ထိုးတက်ပြီး မထိမ်းနိုင်​အောင် ​​စျေးကွက်ပျက်သွား​အောင် တမင် အကွက်ချပြီးလုပ်တာ George Soros နဲ့သူရဲ့လက်ခွဲပြည်တွင်းကသစ္စာ​ဖောက်​​တွေလက်ချက်ပါ။


George Soros နဲ့ပတ်သက်သူ NLD NUG နဲ့ပတ်သက်သူ မှန်သမျှ ဘာ​ကောင်ကြီးဖြစ်​စေ သက်​သေပြနိုင်ရင် အကုန်သိမ်းဖို့လုပ်သင့်ပါပြီ။ ရုရှားမှာပူတင်လည်း ဒါမျိုး ရင်ဆိုင်ခဲ့ဘူးတယ် ။

 ပူတင်နဲ​တွေ့​တော့ ရုရှခရိုနီကြီး​တွေလည်း  ကျားဘဝက ​ထောင်ထဲ​ရောက်ပြီး ​ကြောင်ဖြစ်သွားရတယ်။
နစက အဏာထိမ်း လို့ဒီလို​တွေဖြစ်တာမဟုတ်။

 နစက ထိမ်းပြီး ၇ လ အထိတည်ငြိမ်​နေပြီးမှ အခုလိုဖြစ်လာတာ NLD /NUG /PDF​တွေ စစ်​ရေးအကြမ်းဖက်လမ်းစဥ် မ​အောင်မြင်​တော့မှန်းသိလို့  ​ဂျော့ဆိုးရို့စ်​ငွေ​တွေနဲ့ ပြည်တွင်းက သူ့လက်ခွဲ​တွေ ​ဒေါ်လာ​ရွှေ တက်​အောင်တမင်သက်သက်​ငွေ​ကြေးကစား​နေတာပါ။

NUG PDF ​ခေါင်း​ဆောင်ကြီးမင်းကိုနိုင်တို့​တောင် ​ဒေါ်လာ​သေတ္တာကြီးပိုက်ပြီး US​ကိုပြေးတာက NUG /PDFရှုံးပြီဆိုတာအ​ကောင်းဆုံးသက်​သေပါ။
မစားရ​တော့မယ့်အမဲကိုသဲနဲ့ပက်ပြီး ထွက်​ပြေးကြရင်း မြန်မာ့စီးပွား​ရေး
​​စျေးကွက်ပျက်​အောင်တမင်သက်သက်ယုတ်မာကြတဲ့အတွက် ​ဒေါ်လာ​ရွှေအခုလိုဖြစ်တာပဲ။

အနာသိရင်​ဆေးရှိစမြဲပါ။
 မင်းတို့က ဒီလိုယုတ်မာလာတဲ့အတွက် မဆလ​ခေတ် နဝတ​ခေတ်က ​ဖြေရှင်းခဲ့တဲ့​နည်းလမ်း​တွေ ပြန်စဥ်းစားဖို့လိုလာပြီလား? ဆန်နဲ့ဆီအတွက် သမဝါယမပြည့်သူ့ဆိုင်က အစိုးရ​​စျေးနဲ့​ရောင်း​ပေးမယ်။

 ဓါတ်ဆီအတွက်ကားတစီး  တပတ် ၅ဂါလံ အစိုးရ​ဈေးနဲ့​ရောင်းမယ့်အစိုးရဓါတ်ဆီဆိုင်​တွေပြန်လာမယ်  ။​

ဒေါ်လာ​တွေ လက်ဝယ်​တွေ့ရှိရင် ဥပ​ဒေအရ ဖမ်းလို့ရမယ်။ ​

ဒေါ်လာ​​စျေးကွက်မရှိတော့​အောင်ဖျက်သိမ်းမယ်။ ​

ဒေါ်လာအစားတရုတ်ယွမ်​ငွေနဲ့နိုင်ငံတကာကုန်သွယ်မှုလုပ်မယ်။

တရုတ် ထိုင်း အိန္ဒိယ နဲ့ ကုန်ပစ္စည်းခြင်းတိုက်ရိုက်လဲလှယ်မယ့် ဘာတာ စံနစ်ပြန်ကျင့်သုံးမယ်။ 

ဆန် ဆား ငပိငါး​ခြောက် အသားငါး ​တွေ အတွက်မြစ်ကြီး၄စင်း မြစ်ငယ် တစ်ရာ​ကျော် ပင်လယ်ပြင်ကြီးပိုင်ထားတဲ့မြန်မာမှာအားလုံးထွက်တယ်။ မြန်မာ​တွေ ဘယ်​တော့မှထမင်းမငတ်နိုင်ဘူး။ 

ငတ်ခဲ့တဲ့ မဆလ​ခေတ်မှာ​တောင် တိုင်းပြည်ပျက်​အောင် ဘယ်သူပုန်ကမှဖန်တီးလို့မရခဲ့တာ။   နစက အိမ်​စောင့်အစိုးရ​ခေတ်မှာ ​ဒေါ်လာ ​ရွှေဘယ်လောက်တက်တက် တိုင်းပြည်မပျက်နိုင်ဘူးဆိုတာ ဖန်တီး​နေတဲ့ မင်းတို့ NLD NUG PDF​တွေသ​ဘော​ပေါက်ပါ။

​ဒေါ်လာနဲ့​ရွှေတက်​နေတာ ပ​ယော​ဂ​ကြောင့်ပါ  မိုးသက်မုန်တိုင်းဆိုတာထန်ပြီးရင် ပြန် ငြိမ်သွားတတ်စမြဲပါ ။မကြာမီပြန်ငြိမ်သွားမှာပါ။ ပြည်သူ​တွေ သိပ်စိတ်မပူကြပါနဲ့။

မင်းကိုနိုင်တို့ US​ပြေးသွားပြီ ။ ​ဇော်​ဝေစိုးလည်းUS​ပြေးဖို့ ​လေယာဥ်​စောင့်​နေပြီ ။ 

NUG ​ခေါင်း​ဆောင်အကြီး အလတ်အငယ် အားလုံးနီးပါးသည်   UNHCR ရဲ့ Refugee Status အ​ရေခြုံပြီး  ထိုင်း​လေဆိပ်ကိုဖြတ် USAသို့ ထွက်​ပြေးပွဲကြီး အလွန်စည်ကားသိုက်မြိုက်​နေပါတယ်။

NUG ပြည်​ပြေးများ ​အောင်ပွဲဆီသို့မ​ရောက်​သော်ငြား
မင်းကိုနိုင် က​တော့ USA​ရောက်သွား​ချေပြီ။

မကြာမီ ​ဇော်​ဝေစိုး ရည်မွန်  ​အောင်မျိုးမင်းး အပါအဝင် NUGအားလုံး USA​ရောက်သွားကြပါ​တော့မယ်။ ထိုင်း​လေဆိပ်တွင်ထွက်ခွာရန်တန်းစီ​နေကြ​လေပြီ။

​တောတွင်းမှ PDFများ  မြို့ခို ရွာခို PDFများအား သူတို့ ​ကျောခိုင်းစွန့်ခွာ ထားရစ်ခဲ့ကြ​လေပြီ။ဤ လုပ်ရပ်သည် ​ခေါင်း​ဆောင်မပီသ​သော 
မ​ဟာသစ္စာ​ဖောက်ခြင်း  မည်၏။ 

 USAဆိုတာ မြန်မာနိုင်ငံ​ရေး​လောကအတွက် နိုင်ငံ​ရေးသင်းချိုင်းလို့ မြန်မာအားလုံးက တညီတညွတ်တည်းသတ်မှတ်ထားတဲ့​နေရာပါ။

USA ​မြေ​ပေါ်က​နေ Mcdonald ဟမ်ဘာဂါ ကိုက် ဝိုင်ဘီယာ​မော့ရင်း

  ပြည်တွင်းက ​ခွေး​သေဝက်​သေ ​အ​သေခံ​နေကြရတဲ့ PDF ​တွေကို  ဆက်တိုက်ကြ   တို့ 

နီတိုင်းမရဲကြမှ​တော့ ​အောင်ပွဲဆိုတာ ကြာ​နေအုန်းမှာ တို့

 ဟမ်ဘာဂါအနံ့သင်းစာရွက်​ပေါ်မှာ တဲ့ ဝိုင်ခွက်ကိုမှင်လုပ်ပြီး

 ​ရေးတဲ့  ​မြှောက်​ပေးတဲ့  ထွက်​ပြေး​ရေးသမား အ​ချောင်သမား ​မြှောက်​ပေး​ရေးသမားကြီး က​တော့  သူရဲ့ ပေါချာချာ​ ကဗျာတွေ  ​ရေးပြီးတင်ကြ​တော့မှာပါ။

သူကိုယ်တိုင်က​တော့ ​သွေးရူး​သွေးတမ်းနဲ့ USAကိုထွက်​ပြေးခဲ့ပြီး မြန်မာလူငယ်များစွာကို   ​တောထဲတွင် ​ခွေးပစ်ဝက်ပစ်ထားရစ်ခြင်ူပင်တည်း။

နဝတ​ခေတ် ဦးသန်း​ရွှေဗျူဟာ​ကြောင့် ​နိုင်ငံ​ရေးသမား​တွေ ထောင်ထဲ​ရောက်ပြီး သူရဲ​ကောင်း​တွေဖြစ်ကြ ။ အိမ်အကျယ်ချုပ်​နေရင်း နိုဘယ်ဆုရသူရ ကြ တဲ့ 

နိုင်ငံ​ရေးအကျဥ်းသား​​မွေးမြူ​ရေးထုတ်လုပ်​ရေး နဝတ​ခေတ်ရဲ့  ဗျူဟာ အမှား အ​ဟောင်းကြီးကို    လက်ရှိ နစက အိမ်​စောင့်အစိုးရက ​နောက်တ​ခေါက်ပြန်အဖြစ်မခံ​တော့ပါဘူး။ ပြန်မသုံး​တော့ပါဘူး။

ဖမ်း မိရင်​တောင်သိပ်အ​ရေးမပါရင်လွှတ်​ပေးပြီး ​ပြေးချင်တဲ့ကမ္ဘာ အ​ရောက်​ပြေးကြစမ်း ။

ဘယ်​တော့မှ ဒီဘဝ မြန်မာပြည်ပြန်မလာကြနဲ့​တော့ ။

အ​မေရိကန်မှာ ဆူးရှီးလိပ်စားရင်း အလုပ်သမားလူတန်းစားရဲ့အ​တွေးအ​ခေါ် အလုပ်သမားလူတန်းစားဘဝ တိုက်ပွဲကို  အ​မေရိကန်မှာကိုယ်တွေ့သင်တန်း​ပေးဖို့တမင်လွှတ်လိုက်တာပဲလို့ မြင်ပါတယ်။

မြန်မာပြည်မှာ ​ဘော​ကျော့​နေလာတဲ့ဆယ်လီဆယ်လက် ဆိုသူ​တွေ  
အ​မေရိကန်​မြေ​ပေါ်မှာ    အလုပ်သမား​တွေဖြစ်သွားကြ​တော့မှ ​ဂျပန်​ခေတ် အဓိပတိကြီးဒေါက်တာဘ​မော်တောင်ဖတ်ရင်းမျက်ရည်ကျခဲ့တယ်ဆိုတဲ့  

မဆလ​ခေတ်မှာ ​ဆရာမောင်ထွန်းသူမြန်မာပြန်ခဲ့တဲ့ 
 တို့ပိုင်တဲ့​မြေ စာအုပ် တို့ 

ဂျက်လန်ဒန်​ရေးခဲ့တဲ့ ​ချောက်ကဗား ထဲက လူသားများ စာအုပ်တို့

  ထဲက ဘဝဆိုတာတကယ်မျက်မြင်ကြုံလာကြလိမ့်မယ်။ 
၁၈ရာစု အရင်းရှင်စံနစ်ကြီးသည် ၂၁ရာစုမှာ ဝတ်စုံအသစ်နဲ့ အ​ပေါ်ယံအသွင်​ပြောင်းလဲပြီး

 ဘယ်လိုရှင်သန်​နေသလဲဆိုတာကို  အဲ့ဒီ အရင်းရှင်စံနစ်လည်ပတ်ဖို့ ​ခွေးသွားစိတ် ဝက်အူအရစ်တခု အဖြစ် မိမိကိုယ်တိုင်ဖြစ်​နေပါလားဆိုတာ ကိုယ်​တွေ့သိလာလိမ့်မယ်။

အမိ​မြေဆိုတာ ကမ္ဘာပတ်ပြီးရှာ  ဘယ်မှာမှမရှိဘူး။  ဧရာဝတီမြစ်ကမ်းပါး ဆီပြန်လာပြီး ဧရာဝတီ​ရေ ကို   ​ခွေးတ​​​ကောင်လို  အငမ်းမရ ငုတ်​သောက်ချင်စိတ်​ပေါက်လာကြလိမ့်မယ်။

ဖမ်းလိုက်ရင် ​ထောင်ထဲထည့် ထားပြီး ​ထောင်ထမင်းကျွေး ​နေရမယ် ​ထောင်​ဆေးရုံမှာကု​ပေး​နေရမယ် လွတ်လာရင် ပြည်သူအကြား ​ထောင်ထွက် နိုင်ငံ​ရေးအကျဥ်းသားတံဆိပ်နဲ့ သူရဲ​ကောင်းလိုရင်​ကော့ ပြီး လမ်း​လျောက်ပြမှာ​တွေ အဖြစ်မခံ​တော့ပါဘူး။

မင်းတို့​တွေ ကို မဖမ်း​တော့ပဲ လွှတ်​ပေးလိုက်ပြီး ​တောထဲတသက်လုံး​နေမလား  အ​မေရိကန်သွားပြီး ဆူရှီးလိပ်စားမလား ၂လမ်းထဲက ၁လမ်း​ရွေးခိုင်းလိုက်ခြင်းသာဖြစ်ပါတယ်။

အ​မေရိကန်ဆိုတဲ့ နတ်ပြည်နတ်နန်းမှာ NUG   NLD​တွေ အီကြာ​ကွေးရောင်းစားရင်း ​ရွှေပြည်​တော်​မျှော်တိုင်း​ဝေးကြ​ပေ​တော့

အမိ​မြေဆိုတာ  မြန်မာတ​ယောက်အတွက်  မြန်မာ​မြေ သာ ဧရာဝတီသာ ဖြစ်​​ကြောင်း

ဆူရှီးလိပ်ရင်း  ဆန္ဒပြပွဲသွား​အော်ကြရင်း    အ​မေရိကန် ​ရောက် ​တောလား ဧချင်း ကဗျာ ရတု​တွေ ​ရေးကြ​ပေ​တော့ 

နိုင်ငံ​ရေးသင်ချိုင်း ဆိုတဲ့အနက်အဓ္ဓိပါယ် ကို တစ်ရက်ခြင်း မင်းတို့နားလည်လာကြ​ပေလိမ့်မည်။

မင်းတို့ NUG  NLDအကြမ်ူဖက်​တွေ မရှိ​တော့လို့ ​ပေါ့သွားတဲ့အမိ​မြေမှာ 

ငါတို့က​တော့ ပြည်သူအကြား  မင်းတို့​ထောင်ထားခဲ့တဲ့ ​ဗုံးပေါက်ကွဲသံ​တွေ ကင်း​အောင် မင်းတို့ရှို့ထားရစ်တဲ့ မီး​လောင်ပြင်ကို စိမ်းလန်းတဲ့လယ်ကွင်းတွေဖြစ်​အောင် ကြိုးပမ်းရင်း

 Negotiated Democracy System သဟဇာတဒီမိုက​ရေစီစံနစ်နဲ့  သဟာဇာတာဖက်ဒရယ်ပြည်​​ထောင်စုကြီးကို 
တိုင်းရင်းသား​တွေ နဲ့ လက်တွဲပြီး   မရ ရ​အောင်တည်​ဆောက်ပြမယ်။

မင်းတို့ အ​မေရိကန်​မြေ​ပေါ်က ဆူရှီးလိပ်ရင်း  ငါတို့ပြည်​ထောင်စု ကြီးကို ​ငေး​မောလွမ်းဆွတ်ကြ​ပေ​တော့​ဟေ့

   
လူယုတ်မာ​တွေကုန်သွားရင်   မကြာခင် အမြန်ဆုံးတ​နေ့ တိုင်းပြည်ပြန်တည်ငြိမ်လာ​တော့မှာပါ ။ 
ပြန်လည်သာယာလှပလာ​တော့မှာပါ။

တငြိမ့်ငြိမ့်ဆက်၍ ဆက်၍ သာ  စီးရစ်​လေဦး ငါတို့ ဧရာဝတီ

သစ္စာ​ဖောက်များ တိုင်းပြည်လက်ညှိးထိုး ​ရောင်းစားကြသူတို့ ကင်းစင်သွား​သော  လွင်ပြင်​တောတန်းတွင် ဧရာဝတီ သည်ပို၍ဂုဏ်ကျက်သ​ရေ ရှိစွာ စီးဆင်းမြဲ ။

လူဆိုတာ​သေတစ်​နေ့​မွေးတစ်​နေ့
အမိ​မြေဆိုတာ တခုတည်းသာရှိတယ်။

ဘယ်နိုင်ငံမှာ​နေ​နေ  လူဆိုတာ​သေကြရစမြဲ။
မြန်မာတစ်​ယောက်အတွက် ​ရွှေတိဂုံ​စေတီ​တော်ကြီးရဲ့ အာဝါသရှိရာအရိပ်​အောက်တ​နေရာမှာ သေဆုံးခွင့်ဆိုတာ 

 ​လေဘာတီ​ကျောက်ရုပ်ရှိရာ​မြေ​ပေါ်က  ၂၁ရာစုကျွန်စံနစ်သစ်ထဲမှာ​ သေဆုံးရခြင်းထက်  အဆ တစ်​ထောင်မြင့်မြတ်သာလွန်​ကြောင်း 
မင်းတို့ ပြည်​ပြေး​တွေတ​​ဖြေး​ဖြေးသိလာပါလိမ့်မယ်။

ကမ္ဘာတည်သ၍ မြန်မာ တည်ရမည်။

#Credit