Wednesday, September 15, 2021

ဘယ်မှာလည်း NUG အလံ😅

ကုလသမဂ္ဂအစည်းအဝေးတွင် NUG အလံ မတွေ့ကြောင်း ကိုသတိုးစောပြော

နယူးယောက်၊ စက်တင်ဘာ ၁၄
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ(၇၆)ကြိမ်မြောက် အထွေထွေအစည်းအဝေးကျင်းပရာ နေရာအနီးမှာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေက NLD, CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များကို ဓာတ်ပုံမှတ်တမ်းများနှင့် ပြသပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မြန်မာပြည်တည်ငြိမ်အေးချမ်းရေးအတွက် NLD, CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ အစွန်းရောက် အကြမ်းဖက်လုပ်တွေအပေး ဝေဖန်ထောက်ပြပြောဆိုမှုတွေ အစဉ်တစိုက် ပြုလုပ်ခဲ့တဲ့ ကိုသတိုးစောက "ကျွန်တော်တို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေမှန်ကို ကမ္ဘာက သိအောင် သွားရောက် ပြောဆိုတာပါ။ ဒီနေ့ပွဲမှာ နိုင်ငံတော်အလံတွေကို ကျွန်တော်လိုက်ကြည့်ပါတယ်။ NUGက အစိုးရလို့ ပြောနေလို့ သူတို့အလံ ပါလားလို့ လိုက်ကြည့်တာ မပါဘူး။ မြန်မာနိုင်ငံအလံပဲ ရှိပါတယ်။" ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ပြောသည်။
ကုလသမဂ္ဂအစည်းအဝေးကျင်းပရာ ရုံးအနီးမှာ အမျိုးသားရေးလှုပ်ရှားသူများက အကြမ်းဖက်မှုများကို အလိုမရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များကို ကူညီထောက်ပံ့ပေးနေတာတွေ ရပ်တန့်ကြဖို့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို မြန်မာပြည်တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်ပရောက် မြန်မာတွေက ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

#MyanmarNationalPost




Related Posts: