Tuesday, November 23, 2021

မထက်ပြောတဲ့ ဒီမိုအမှန်တရားများ


ငါတို့က အလှူခံစားရမှာလား? 
အလုပ်လုပ်မှ အကုန်နောက်ကလူတွေ
အဆင်ပြေမှာလေ...

အလုပ်အကြောင်းတင်မှ အလုပ်လုပ်ရတာလေ
ငါဘာမှမတင်ဘဲ ဘယ်သူမှငါ့ကိုလာအလုပ်
မပေးဘူးနော်...

ငါတို့က သူများအလုပ်ဝင်လုပ်ရတာမှာဟုတ်ဘူး
ငါတို့ကိုယ်တိုင် အလုပ်ရှာလုပ်ရတာ
အလုပ်ကိုယ့်ဆီလာဖို့ ဖိတ်ခေါ်နေရတာ
ကိုယ်ရှာမှရတာကို ကျန်တဲ့သူတွေကိုဝေရမျှရတာ
ဘယ်သူမှတင်မကျွေးထားဘူး...

နိုင်ငံရေးမေ့ထားပြီး ပျော်နေတဲ့သူထဲလည်း
ငါတို့မပါဘူး...

မြို့ပေါ်နေတာချင်းအတူတူ သူတို့ကဘဲနိုင်ငံ
ကယ်တင်နေတယ်အချိုးမျိုးနဲ့
ငါတို့အလုပ်လုပ်တဲ့သူ အလုပ်အကြောင်းတင်တဲ့
သူကဘဲ နိုင်ငံ့သစ္စာဖောက်လို ပတ်ရမ်းနေပြီးပြော
နေတယ်...

မိတ်ကပ်ဆရာက မိတ်ကပ်လိမ်းမှငွေဝင်တာလေ 
ပွဲရာသီ ဒီအချိန်ဘဲအလုပ်လုပ်ငွေစု ….
ပွဲရာသီကုန်ရင် အကုန်ရှိတာထိုင်စားရတာ 
ထုံးစံလေ ...

အဲ့တာရှေးကတည်းက 
မင်္ဂလာဆောင်ကြလို့ လာအပ်လို့လိမ်းတာလေ အလုပ်လုပ်တာလေ...

အဲ့လို့အလုပ်လာအပ်အောင်လည်း ကိုယ်အလုပ် လုပ်ကြောင်းတင်ရတာလေ…
မိတ်ကပ်ဆရာမှာ မေဦးတောထဲရောက်သွားတယ် လေးစားတယ် ကိုယ်လည်းသူ့လိုသတ္တိမရှိဘူး 
မစွန့်စားရဲဘူး
အဲ့တာအမှန်ဘဲ…. 

ကိုယ့်မြို့ ကိုယ်ရွာမှာနေနေကြ အလုပ်လုပ်ကိုင်စား
နေကြတဲ့ မိတ်ကပ်ဆရာတွေက နိုင်ငံ့သစ္စာဖောက်
တွေဖြစ်သွားရောလား….. 

မေဦးလိုတောထဲသွား မစွန့်လွှတ်ရဲတဲ့ မိတ်ကပ်
ဆရာတွေက အလုပ်မလုပ်ဘဲ မေဦးကိုအားနာ
ငဲ့ညာ လေးစားသဖြင့် အိမ်မှာထိုင်နေရမှာလား ?
ငါတို့ ထမင်းရှာစားတဲ့အလုပ်ကိုစွန့်လွှတ်ပေးရ
မှာလား?

ငါတို့က company ဝန်ထမ်းမှဟုတ်ဘူး 
တနှစ်ပတ်လုံးအလုပ်မလုပ်ရဘူး work for home 
လုပ်လို့မရဘူး ...
တနှစ်မှာ ၄လ ၅လဘဲ ပွဲရာသီချိန် အလုပ်လုပ်ရတာ

အဲ့လတွေကုန်ရင် မိတ်ကပ်ဆရာတိုင်း အလုပ်မရှိ
ငုတ်တုတ်နေရတာ ရှာထားသမျှ ထိုင်သုံးရတာ

အားYarးပြီး လက်အားတိုင်းရေးမနေနဲ့ 
ကိုယ်ကိုတိုင် တောထဲရောက်နေပြီလား 
ဘာတွေမှာပါဝင်နေပြီလဲပြန်ကြည့် အုံး ...

တောထဲကသူက 
ကိုယ်တွေကိုလိုက်မတွက်ကပ်ဘူး
မြို့ပေါ်နေသူအချင်းချင်း လိုက်ကပ်သပ်ပြော
နေတာ...

ဘယ်လိုအတွေးအခေါ်လည်း စဉ်စားမရဘူး
အားနေ မေဦး သနားပါတယ် 
မေဦးကိုအားမနာဘူးလား
ပြောပြောနေကြတာ ငါတို့ကိုဘဲမမေးနဲ့ 
ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြအံုး

crd. မထက်
========
မင်းတို့ပြောတဲ့ ဒီမိုကရေစီဆိုတာ
ဒါမျိုးလား?
- အလုပ်မလုပ်ကြနဲ့
- ကျောင်းမတက်ကြနဲ့
- ဘုရားမဖူးကြနဲ့
တဲ့...
.
အကြီးအကျယ်အံ့သြော်တယ် ခနပတို့

#KT