ရန်ကုန်၊ နိုဝင်ဘာ ၁၉ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကညန(မြင်သာ)ရုံးဧရိယာ၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ် အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများ ရှိနေတယ်လို့ သိရပါတယ်။
"သုံးယောက်က ပွဲချင်းပြီးပါ။ ထိခိုက်မှုတွေလည်း ရှိပါတယ်လို့" လိုင်စင်အကျိုးဆောင်တစ်ဦးက People Media ကို ပြောပါတယ်။
လက်တလော၌ သက်ဆိုင်ရာက အဆိုပါ အနီးတစ်ဝိုတ်ကို စစ်ဆေးရှာဖွေမှုတွေပြုလုပ်နေပါတယ်။
#PeopleMedia #မြင်သာကညန