Friday, November 5, 2021

" အသတ်ခံနေရသည့် ပြည်မြန်မာ "


သမိုင်းပညာရှင် ကင်းဘရိတ် ကျောင်းဆင်း
ဟားဘတ် ကျောင်းထွက်...
ဒေါက်တာသန့်မြင့်ဦးက ပြောဘူးတယ်တဲ့။

နောက်နှစ် ၅၀ မှာ…
မြန်မာပြည်ဆိုတာ ပျောက်သွားနိုင်တယ်။

အရှေ့ဘက်ကလည်း အစာအတုတွေနဲ့
သတ်နေကြတဲ့ တိုင်းပြည်
တောင်ပိုင်းကလည်း ဆေးဆိုးတွေနဲ့ 
သတ်နေကြတဲ့ တိုင်းပြည်။

အနောက်ကလည်း... 
လူထုကြီးနဲ့ သတ်နေကြတဲ့ တိုင်းပြည်
ဒီတိုင်းပြည်ကို မြန်မာပြည်လို့ ခေါ်ပါတယ်။

အဝေးက လူကလည်း ချ
အနီးကလူကလည်း ချ
အချ ခံ နိုင်တဲ့ တိုင်းပြည်
ပြည် မြန်မာ။

ကျွန်တော်တို့ စားနေတဲ့ အစားအစာတွေ
အဆိပ်ပါတယ် ခင်ဗျ
စျေးပေါတိုင်း ဝယ်မစားကြပါနဲ့
နောက် အနှစ် ၅၀ မှာ….
ခင်ဗျားလည်း သေပြီ
ကျုပ်လည်း သေပြီ
အသာလေးနဲ့
ဒီတိုင်းပြည်ဆိုတာ...
ပျောက်သွားမယ်။

ဝမ်းနည်းစရာ ကောင်းတာက
ကျုပ်တို့ အားလုံး 
ရန်ဖြစ်လို့ ကောင်းတုန်း
သူများ အဆိပ် စားပြီး
ငြင်းလို့ကောင်းတုန်း
သေမယ့် ရက်ကို စောင့်ပြီး
မိုက်နေတုန်း...။

သန်း ၂ ထောင် ကြားမှာ
သန်း ၅ ဆယ်
ငါတို့ဟာ....ဆင်းရဲတဲ့
အဖွားအို ခေါင်းပေါ်က
သန်းငယ်လေး တစ်ကောင်လောက်ပါ။

အရင်ကလည်း ပြောပြီးပါပြီ
ထောက်လှမ်းရေး ဆိုတာ
ဝတ်စုံ မရှိဘူး
နာမည်မရှိတဲ့ ကြယ်ပွင့်လေးတစ်လုံးနဲ့
တိုင်းပြည်ကို ကာကွယ်ခဲ့သူတွေပါ။

တိုင်းရင်းသား လူမျိုးကြီး (၈) ခု နဲ့
မျိုးနွယ်စု တွေ သတ်နေသရွေ့တော့
မြန်မာနိုင်ငံ ဆိုတာ ပထဝီမှ ပျောက်ဘို့
အလွန် နီးနေပါပြီ...။

အတာ သင်္ကြာန်မှာ...
ကိုယ့်ဟာကို ရေးလောင်း
ဆုတောင်း ပြီးတော့
ကမ္ဘာမကျေ မြန်မာပြည် ဆိုတဲ့
နိုင်ငံတော်သီချင်း ဆိုကြပါစို့လား။

ကျွန်တော် များများ မပြောဘူး
မြန်မာပြည်ကို ချစ်တဲ့ •••

Dr. ဆလိုင်း ငွန်ကျုံးလျန်
(မြန်မာပြည်ဖွား၊ ချင်းတိုင်းရင်းသား)