Friday, November 19, 2021

လက်ညှိုးထိုး သီအိုရီ 🍁


ပြီးခဲ့တဲ့ NLD အစိုးရသက်တမ်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ တစ်လျှောက်လုံးကြုံခဲ့ရတဲ့ကိစ္စကတော့ ကိုယ့်အပြစ်ကိုယ်ဖုံးကွယ်ပြီး သူတပါးကိုသာ လက်ညှိုးထိုးတဲ့ခေတ်ကြီးပါပဲ။ 

ပညာမတတ်တဲ့ ထောင်ထွက်တွေဟာ သေတဲ့မသာတောင်မချန်အောင် မဲပေးတဲ့ပြည်သူတွေရဲ့ တစ်ခဲနက် ထောက်ခံမဲ (၁၂) သန်းနဲ့ အာဏာရလာပြီးတဲ့နောက် နိုင်ငံတော်ကို စီမံခန့်ခွဲရတော့မယ်ဆိုတဲ့အခါ မနိုင်ဝန်ထမ်းရပါပြီ။ အဲဒီအခါ ထိုစဉ်အခါက နီပေါတွေရဲ့ လက်သုံးစကားက - 
"နှစ်ခြောက်ဆယ်ဖျက်ဆီးခံခဲ့ရတာကို ငါးနှစ်တည်းနဲ့ ကောင်းအောင်လုပ်နိုင်ပါ့မလား" ဆိုတာပါပဲ။ လက်ရှိ နစကအစိုးရလို ဘက်ပေါင်းစုံက တိုက်ခိုက်ဖျက်ဆီးမခံရပါဘဲနဲ့ကို မူဝါဒအမှားတွေကြောင့် တိုင်းပြည်ချွတ်ခြုံကျသွားတဲ့အခါ အရင်လူ အစိုးရအဆက်ဆက်ကို ပတ်လက်ညှိုးထိုးပါတော့တယ်။ 

အခုလည်း လက်ညှိုးထိုးနေကြတာပါပဲ။ မဖြစ်နိုင်တဲ့ မက်လုံးတွေနဲ့ ငါတို့နိုင်မှာ - လို့ ကြွေးကြော်ကြပြီးတဲ့နောက် ကိုယ့်သဘောနဲ့ကိုယ် တောခိုပြီးသေကြတဲ့လူတွေကို အတင်းအကြပ်အားနာခိုင်းကြပြန်တယ်။ စစ်အာဏာရှင်စနစ် လို့ သူတပါးကို နာမည်ဆိုးကပ်ရင်းကပဲ သူတို့ဘက်မပါတဲ့လူတွေကို အကြောက်တရားနဲ့ ဖိနှိပ်တယ်။ စုတ်ပြတ်နေတဲ့နည်းလမ်းတွေကြောင့် သူတို့ရဲ့တော်လှန်ရေးကြီး ကျရှုံးသွားတဲ့အခါ ကြားနေတွေနဲ့ တပ်မတော်ထောက်ခံသူတွေကို ထပ်ပြီး လက်ညှိုးထိုးကြပါဦးမယ်။ 

အဲဒီလို လက်ညှိုးထိုးခြင်းဟာ ညံ့ဖျင်းသူများရဲ့ လက်စွဲနည်းလမ်းတစ်ခုပါပဲ။ 

Covid 19 ကပ်ရောဂါကြီး အရှိန်ကောင်းနေစဉ်က စွပ်စွဲချက်တွေ အမျိုးမျိုး ထွက်ခဲ့ဖူးပါတယ်။ ဒီကိစ္စကြီးရဲ့နောက်ကွယ်မှာ ဘီလျံနာကြီး Bill Gates ပါ ပါဝင်နေသယောင် စွပ်စွဲခဲ့ကြဖူးတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နာမည်ကျော် သမိုင်းပညာရှင် 'Yuval Harari' ကို သတင်းထောက်တစ်ဦးက အမြင်လေး မေးဖူးတဲ့ အင်တာဗျူး ဗီဒီယိုတစ်ခုကို ကျွန်တော် ကြည့်ခဲ့ဖူးတယ်။

Harari ပြန်ဖြေတဲ့ ရှုထောင့်လေးက လှတယ်။ Harari ရဲ့ အယူအဆအရတော့ လူတွေဟာ ပြဿနာတစ်ခုကြုံရပြီး အဖြေရှာဖို့လည်း ဉာဏ်မမီတဲ့အခါ ကိုယ်မုန်းစွဲရှိတဲ့လူတွေကို လက်ညှိုးထိုးအပြစ်ပုံချပြီး တရားခံ ရှာလိုက်ကြပါသတဲ့။ ဥပမာ - ကမ္ဘာ့အဆိုးဆုံး ကပ်ရောဂါကြီးဖြစ်တဲ့ The Black Death (1347 - 1351) ကာလတုန်းကလည်း ကပ်ရောဂါကြီးကို နားမလည်နိုင်ခဲ့ကြတဲ့လူတွေဟာ ဂျူးတွေ၊ စုန်းမတွေနဲ့ သူတို့ မလိုလားတဲ့လူတွေကို ရောဂါ သယ်ဆောင်သူအဖြစ် လက်ညှိုးထိုးတံဆိပ်ကပ်ခဲ့ကြတာပါပဲ။ 

အဲဒါဟာ အဖြေမဟုတ်ဘူး။ ဒါပေမဲ့ အဖြေရှာဖို့ကလည်း ဉာဏ်မမီတဲ့အခါ "ငါ ညံ့တာမဟုတ်ဘူး၊ တရားခံက သူတို့တွေပဲ" ဆိုပြီး လက်ညှိုးထိုး ကိုယ်လွတ်ရုန်းကြတဲ့ ထုံးစံပါ။ ရောဂါကို နားလည်ဖို့ကျတော့လည်း Virology ကို ခင်ဗျားရော ကျွန်တော်ပါ နားမလည်ဘူးမဟုတ်လား။ အဲဒီတော့ တရားခံရှာလိုက်တာက အလွယ်ဆုံးပေါ့။ 

မြန်မာ့နိုင်ငံရေးမှာလည်း ဒီသဘောပါပဲ။ နိုင်ငံတော်ကြီးကို ဦးဆောင်ဖို့ပညာမပြောနဲ့ အမတ်တောင် ဆယ်တန်းမအောင်ခဲ့တဲ့ NLD တွေဟာ သူတပါးကို လက်ညှိုးထိုး မဲချူတဲ့နည်းကိုပဲ ပုံသေသုံးခဲ့တာပါ။ အခု တော်လှန်ရေးလည်း ဒီလိုပဲ။ အစကတည်းက မတူကွဲပြားမှု၊ သဘောထား ရပ်တည်ချက်တွေနဲ့ လူတွေရဲ့ လူမှုစီးပွားဘဝတွေကို ဘာတစ်ခုမှ ထည့်မတွက်ဘဲ ငါတို့အာဏာမရမချင်း နင်တို့အဆင်မပြေစေရဘူး - ဆိုတဲ့ ပုံစံနဲ့ အမြင်မတူသူတွေကို ရန်လုပ်ဖိနှိပ်ခဲ့ကြတာပါ။ ဒီနေ့လို အခါကြီး ရက်ကြီးမှာ ကုသိုလ်ပြုနေကြတဲ့ မြင်ကွင်းတွေဟာ သူတို့အတွက်တော့ မခံစားနိုင်စရာပါပဲ။ 

မပူပါနဲ့။ များမကြာမီ သူတို့ရဲ့ ကျရှုံးမှုအတွက် သူတပါးကို လက်ညှိုးထိုးဆဲဆိုကြပါဦးမယ်။ အသိဉာဏ်နိမ့်ပါးသူတွေရဲ့ သဘောသဘာဝကို နားလည်တဲ့ Harari လို ပညာရှင်ကြီးကတော့ ပြုံးနေဦးမှာပါပဲ။ 

တစ်ဆက်တည်းပြောရရင် ကိစ္စတစ်ခုကို ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲဆိုတာရှိသလို အဆိုပါ အခက်အခဲဖြစ်ရတဲ့ အကြောင်းအရင်း ဆိုတာလည်း ရှိပါတယ်။ အကြောင်းအရင်းကို မီးမောင်းထိုး အဖြေမရှာဘဲ အပြစ်တင်ဆဲဆိုနေမယ်ဆိုရင် ကျွန်တော်တို့ကလည်း ပေါကြောင်ကြောင် နီပိတ်တွေနဲ့ ဘာများကွာခြားဦးမှာပါလဲ။ 

နစက အစိုးရအနေနဲ့ ကျွန်တော်တွေ့ရသလောက် အာဏာထိန်းရတဲ့ အကြောင်းပြချက် မဲမသမာမှုကိုမီးမောင်းထိုး ပြတာလွဲလို့ ကျန်တာတွေကိုတော့ တာဝန်ယူဖြေရှင်းနေတာတွေ့ရတယ်။ Failed State ထိ မှန်းထားတဲ့ အဖျက်စွမ်းအားတွေကို ရင်ဆိုင်နေရတာမို့ မလွယ်ကူတာတော့ သေချာပါတယ်။ သို့သော် အရင်ငါးနှစ်က နီပေါအစိုးရလို မြင်မြင်သမျှ လက်ညှိုးထိုးမနေတာနဲ့တင် ကျွန်တော် လေးစားပါတယ်။ 

ဒါကြောင့် ကျွန်တော် အဓိကပြောချင်တာက - 

- ပြဿနာဆိုတာ ကဏ္ဍစုံမှာရှိပါတယ်။ ပြဿနာကို ရင်ဆိုင်တဲ့ ပုံစံကတော့ ဉာဏ်ရည်ဉာဏ်သွေးပေါ် မူတည်ပြီး ကွာခြားပါတယ်။ 

- ကိုယ့် အားနည်းချက်ကို ကိုယ်မမြင်ဘဲ သူတပါးကို လက်ညှိုးထိုးပြီး "လိပ်ပြာလုံပါစေ" လုပ်နေကတည်းက ထိုသူဟာ ဉာဏ်ရည်နိမ့်သူပါပဲ။ 

- ဒီမိုကရေစီကို အမှန်တကယ်လေးစားရင် သူတပါးရဲ့အမြင်ကို လေးစားတတ်ရုံသာမက ကျိုးကြောင်း ဆီလျော်စွာ ချပြစည်းရုံးတတ်ရပါတယ်။ အကြောက်တရားနဲ့ စည်းရုံးတာဟာ ကွန်မြူနစ်ပါပဲ။ 

- ဉာဏ်ရည်နိမ့်ပါးသူတွေဟာ ပြဿနာကို အဖြေမရှာနိုင်တဲ့အခါ သူတို့မုန်းတီးနေသူတွေကို တရားခံအဖြစ် တွန်းပို့လိုက်ကြပါတော့တယ်။ အဲဒါဟာ အခု မြန်မာပြည်မှာ ကြုံနေတဲ့အခြေအနေပါ။ 

အခုချိန် (၂၀၂၁) ကနေ ဥရောပက Black Death Pandemic ကြီးကို ပြန်ကြည့်မယ်ဆိုရင် ထိုစဉ်က စွပ်စွဲရမ်းကားမှုတွေကို ရှက်စရာလို့ မြင်ကြမှာပါပဲ။ အသိဉာဏ်မြင့်မားသူတွေအတွက် (Bactirium Yersinia Pestis) ရောဂါပိုးက တရားခံဖြစ်ပေမဲ့ အသိဉာဏ်နိမ့်ပါးသူတွေအတွက်‌ကတော့ သူတို့ မုန်းတီးနေသူတွေဟာ တရားခံဖြစ်ခဲ့တာပါပဲ။ ဘယ်လောက်တောင် ရှက်ရွံ့စိတ်ပျက်စရာ ကောင်းလိုက်ပါသလဲ။ 

မြန်မာ့နိုင်ငံရေးလည်း ထိုနည်းတူပဲဖြစ်လာမှာပါ။ အခု နွေဦးတော်လှန်ရေးအမည်ခံ ယဉ်ကျေးမှုပျက်၊ အသိဉာဏ်နိမ့် လူတန်းစားဟာ သမိုင်းမှာ ရှက်ဖွယ်လိလိဖြစ်လာကြမှာပါ။ အထင်သေးစရာဖြစ်လာမှာ။ သူတပါးကို လက်ညှိုးထိုးတတ်သူတွေဟာ သူတို့ကို လက်ချောင်းပေါင်းများစွာထိုးပြီး မေးငေါ့ခံရတဲ့ခေတ် ရောက်ကို ရောက်လာဦးမှာပါ။ 

စောင့်ကြည့်ကြသေးတာပေါ့။ 

သန့်နေစိုး (18. Nov. 2021)
*
*
*
#Notice to Facebook Myanmar Team, this article based on the interview of Israeli Historian Dr. Harari, comparing Covid 19 with The Black Death Pandemic (1347 - 1351). It is for educational purpose only and no false news, no hate speech and nothing violates the community standards of Facebook. 

Further information, please visit the site

https://www.britannica.com/event/Black-Death

Related Posts: