Thursday, November 11, 2021

#အံ့သြဖွယ်ရှိပါပေစွတကား...


၁၉၈၈ အရေးအခင်းတွေပြီးတော့
မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး
မန္တလေးကြွတော်မူတဲ့အခါ
မန္တလေးမှ ရဟန်းငယ်တွေသည်
ဆရာတော်ကြီးက စစ်အစိုးရကို
အားပေးတယ်လို့ စွပ်စွဲပြီး
ဆရာတော်ကြီးကို တွေ့တဲ့အခါ
လက်အုပ်မချီပဲ အလေးပြုသတဲ့။

ရဟန်းအသွင်ကို ပယ်ပြီး
စစ်ဗိုလ်ချုပ်အသွင်ဟူ၍
အလေးပြုတဲ့သဘော။

ဒါကို ဆရာတော်ကြီးမြင်တော့
အတော်ကို စိတ်မကောင်းဖြစ်တော်မူရှာတယ်။

မင်းကွန်းဆရာတော်ကြီးသည်
ကိုလိုနီခေတ်
ဖဆပလခေတ်
မဆလခေတ်
တော်လှန်ရေးကောင်စီခေတ်
နဝတခေတ်တိုင်အောင်
ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ပြီး
လွတ်လပ်ရေးခေတ်အပြီးကနေ
ပျံတော်မူသည့်အထိ
တိုင်းပြည်၏အကြီးအမှူး
ရဟန်းတို့၏ဖခင်
ပြည်သူတို့၏ဆရာ
နိုင်ငံ့ခေါင်းဆောင်တို့၏ကိုးကွယ်ရာအဖြစ်
အမြဲရှိခဲ့၏။

သို့တစေ
မည်သည့်အချိန်တုန်းကမှ
နိုင်ငံရေး မပါ
နိုင်ငံရေး မပြော
နိုင်ငံရေး မလုပ်။
ဗုဒ်ဓ၏ သားကွီး သွရသပီပီ
အာဏာ၏ အဆိုးအကောင်းကို
ကောင်းစွာသိသဖြင့်
နိုင်ငံရေးနှင့် ဝေးဝေးနေတော်မူ၏။

အရေးအခင်းပြီးသည့်အခါ
၁၉၈၈ အာဏာသိမ်းအစိုးရခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးစောမောင် ဟာ
မင်းကွန်းဆရာတော်ကြီးဆီကို
TVတစ်လုံး လာလှူပါသည်။
ဆရာတော်ကြီးက လုံးဝလက်မခံပါ။
သို့ပေမဲ့
ဗိုလ်ချုပ်မှူးကြီးစောမောင်က
ထပ်ခါ ထပ်ခါ လှူဒါန်းသည့်အခါ
မင်းအစိုးရတို့နှင့် ဆန့်ကျင်ခြင်းငှါ
အကျိုးမရှိသည့်မို့
TVအလှူခံလိုက်၏။
တခါမျှပင် ဖွင့်မကြည့်ပေ။

(ယခု-မင်းကွန်းဓမ္မနာဒကျောင်းတိုက်
 ဆရာတော်ကြီးပြတိုက်၌ ထိုTVရှိသေး၏)

မင်းကွန်းဆရာတော်ကြီးသည်
နိုင်ငံရေး၌ ဝင်မပါသော်လည်းပဲ
၁၉၉၀ ခုနှစ်အပြီး
မန္တလေး ရန်ကုန်မှ အစ
နိုင်ငံအသီးသီး၌ ပတ္တနိကုဇ္ဇနကံပြုတော်မူသော
သံဃာတွေအား စစ်အစိုးရဖမ်းဆီးတဲ့အခါ
သီတဂူဆရာတော်ကြီးက
"မင်းကျင့်တရား-၁၀ပါး"တရားတော်ထဲမှာ
ခွေးမင်း ခွေမင်း ဟု ထည့်ပြီး မန္တလေးမှာ
တရားဟောတော်မူတယ်။
ဒါကို စစ်ထောက်လှမ်းရေးက
သီတဂူဆရာတော်ကြီးကို ဖမ်းဘို့လုပ်တော့
မင်းကွန်းဆရာတော်ကြီးမှ
"ဉာဏိဿ ရကို ဖမ်းရင် ငါ့အတွက်လည်း
 ဝတ်စုံအဖြူ တစ်စုံ ပေးကြ"ဟု
မိန့်ပြီး စစ်အစိုးရလက်ကနေ
သီတဂူဆရာတော်ကြီးကို ကယ်ခဲ့သည်။

သီတဂူဆရာတော်ကြီး အဖမ်းမခံရပေမဲ့
စစ်အစိုးရ၏ ပြည်နှင်ဒါဏ် ခံခဲ့ရလို့
အင်္ဂလန်မှာ နှစ်အတော်ကြာသည့်အထိ
သွားနေခဲ့ရတယ်။

နှစ်ပေါင်း သုံးဆယ်
နှစ်ပေါင်း သုံးဆယ်ဝန်းကျင့်ခန့်ရှိပြီ။
၁၉၉၀ ဝန်းကျင်မှသည်
၂၀၂၁ တိုင်အောင်အထိ
နှစ်ပေါင်း သုံးဆယ်ခန့်ရှိပြီ။

နိုင်ငံရေးဝါဒမှိုင်းနှင့် ပတ်သက်လျင်
မင်းကွန်းဆရာတော်ကြီးကဲ့သို့
တိုင်းပြည်၏အကြီးအမှူး
ရဟန်းတို့၏ဖခင်
ပြည်သူတို့၏ဆရာ
နိုင်ငံခေါင်းဆောင်တို့၏ကိုးကွယ်ရာ
ပုဂ္ဂိုလ်မြတ်ကြီးပင်လျင်
အထင်လွှဲခံ အပြစ်မှားခံခဲ့ရပေသည်။

ယနေ့
သီတဂူဆရာတော်ကြီး
ရွာမဆရာတော်ကြီး
ပါချုပ်ဆရာတော်ကြီး
ဓမ္မဒူတဆရာတော်တို့အား
မည်သို့ ပြစ်မှား စော်ကားကြသလဲ ဆိုသည်မှာ
အထူးပြောစရာပင် မလိုတော့ပေ။

အင်မတန်ပင် အံ့သြဖွယ်ရှိပေစွ။

လူပုဂ္ဂိုလ်များ မဆိုထားနှင့်
ဗုဒ္ဓ၏ ချစ်သား ယနေ့ ရဟန်းသာမဏေ
အချို့သည်ပင်လျင်
နိုင်ငံရေးဝါဒမှိုင်း မိကြသဖြင့်
ဂုဏဝုဍဎြိ ဝယဝုဍဎြိ ဇာတိဝုဍဎြိ
ဘာတခုမှ ရှေ့နောက် မကြည့်ကြပဲ
ဆရာတော်ကြီးတို့အား စော်ကားကြပေ၏။

အဟောဝတ- အံ့သြဖွယ်ရှိပေစွတကား...။
အဟောဝတ- မဖြစ်ဖူးသော သဘောရှိပေစွတကား...။
အဟောဝတ-ကျက်သီးမွှေးညှင်း ထခြင်းရှိပေစွတကား...။

အ​ေဟာဝတ-
နိုင်ငံရေးဟူသော ဝါဒမှိုင်းသည်
ဗုဒ္ဓစာပေကို သင်သော ရဟန်းသံဃာများအားပင်လျင်
မိမိတို့ထက် ကြီးမြတ်သော မထေရ်တို့အား
စော်ကားပြစ်မှားခြင်းငှါ စွမ်းနိုင်ပေစွတကား...။

#အရှင်ဇောတိဿရ(ဆင်ဖြူ )
credit 🙏🙏🙏