Sunday, November 7, 2021

မြို့ပြ ဒလန်နှင့် သတင်းကွန်ယက်


   နစက ကိုင်တွယ်ရခက်နေတဲ့အထဲမှာ ဒလန်ဆိုပြီး လိုက်သက်နေတဲ့သူတွေ ကအဓိကပါ။ အရင်ထဲက မကျေနပ်ချက်တွေကို ဒလန်ခေါင်းစဥ်တက်ပြီး ပေါင်းပြီရှင်းထုပ် သက်ဖျတ်နေတာများပါတယ်။ ဥာဏ်ကောင်းပြီး ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ကိုယ်တိုင်မလုပ်ဘူး။ တို့ပေးလိုက်တယ်။ 

ခင်များ နဲ့ ကျွန်တော်နဲ့ အရင်ကတည်းက မတည့်ဘူးဆိုပါစို့။
 အခုအချိန်မှာ လူငှားပြီး ခင်များကို သက်ခိုင်းလိုက်မယ်..... ပြီးမှ ဒလန်ပါဆိုပြီး မိဒီယာအားကိုးနဲ့ ဖွတယ်။ တစ်ဖတ်ရဲ့အားသာချက်က အဲ့ဒါပဲ။ နစက ထောက်ခံတဲ့သူရော ကြားနေတဲ့ပြည်သူရော ဘယ်သူသေသေ ဒလန်ခေါင်းစဥ်ကို တပ်လိုက်ရင် သူတို့ဘာအပြစ်မှ မရှိတော့ဘူးဆိုပြီး ယုံကြည်နေတာ။

   ဒါမျိုးက ကိုင်တွယ်ရခတ်မှာပဲ။ ခင်များရဲ့ ခေါင်းရင်းအိမ်က PDF ရဲ့ဒလန်ဖြစ်နေနိုင်သလို ခြေရင်းအိမ်ကလဲ နစက သတင်းပေးဖြစ်နေနိုင်တာပဲ။ ခင်များဘယ်မှမပါလဲ အသက်ခံရနိုင်တယ်ဆိုတဲ့အနေအထားပေါ့။ တိုက်ရဲ မိုက်ရဲ ရုံနဲ့ မရဘူး။ 

နစကအနေနဲ့ သတင်းကွန်ယက် ကျယ်ပြန်ဖို့ လိုတယ်။ 

သတင်းဆိုတဲ့နေရာမှာ ရန်သူ့သတင်း မိမိသတင်း
ဆိုတာ စစ်ပညာမှာ ပါတယ်။ စစ်စင်ရေးသတင်းများကိုသာ မဲနေသော နစကအတွက် ဥပမာယူနိုင်လျှင် ကောင်းမည်။ 
မြို့တွင်း အမာခံ သတင်းပေး ကဏ္ဍ သည် အလွန်အားနည်းနေ။ 

ဖာဘိနှင့် အရက်ပုန်းဆိုင်လောက်သာ လိုင်းကြေးတောင်း၍သာယာနေသော စရဖကို အားမကိုးနှင့်တော့။

အရပ်ဖတ် အမာခံ မြို့တွင်းသတင်းကွန်ယက်ကို နှစ်ရှည်စီမံကိန်း နှစ်တိုစီမံကိန်းနဲ့ ဆောင်ရွတ်သင့်ပါပြီ။

အဲမွန်ဒယာ