Saturday, November 13, 2021

ဆရာတပည့်တွေ လက်ကျညီပါစေ


            ဘရွှေကြီးလက်ထက်မှာ နိုင်ငံရေးအပြောင်းအလဲ အတွက် ညင်သာသိမ်မွေ့စွာ ပြောင်းလဲနိုင်ဖို့ အမေရိကန် နဲ့ တရုတ်ရဲ့ ကန့်ကွက်ဆန့်ကျင်မှုကို ဖယ်ရှားနိုင်မှ သွေးမြေမကျပဲ ချောမွှေ့မယ် ဆိုတာကို ဘရွှေကြီး သိတယ် ။ 

       တရုတ်ကို ချုပ်ဖို့က အနောက်ဖက်က လစ်ဘရယ်တစ္ဆေ နဲ့ ခြောက်လို့ရမယ်ဆိုတာ သူကောင်းစွာ သိပြီးဖြစ်လို့ စိတ်မပူဘူး ။ အမေရိကန်ကတော့ တသက်လုံးက ကောင်းကျိုးမပေးတဲ့ စေတန်နတ်ဆိုး သူ့ကို ချုပ်ဖို့ ခက်ခဲတယ် ။ 

       ကံကောင်းချင်တော့ ဒေါ်စုကြည်ဆီကို ဂျွန်ယက်တောကြီး ရေကူးလာပြီး ပင်ပန်းလို့ ၃ ညလောက် အိပ်ပြီး အပန်းဖြေနေရတယ် ။ အထွက်မှာ ကွိကနဲ ဇိကုပ်ထားပြီး ထောင် ချပစ်လိုက်တယ် ။ 

       အမေရိကန်နိုင်ငံသားလွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရက လာညှိရတယ် ။ ဘရွှေကြီးက အိုဘားမားကို သူဖြစ်ချင်တဲ့ အကွက်အတိုင်း အကွက်ရွှေ့ဖို့ ညှိနှိုင်းပြီး ရေကူးချန်ပီယံကြီးကို လွှတ်ပေးလိုက်တယ် ။ ထားနေလဲ ထမင်းကျွေးရတာ အဖတ်တင်တာပဲ လေ ။ 

     ၂၀၁၀ ရွေးကောက်ပွဲကြီး တရုတ် အမေရိကန် ဆန့်ကျင်မှု မရှိတဲ့ အတွက် NLD သပိတ်မှောက်တဲ့ ကြားထဲက နိုင်ငံတကာ အသိအမှတ်ပြုသွားအောင် ဘရွှေတယောက် ရေကူးသမားတယောက် အရင်းပြု ကစားပြခဲ့တယ် ။ 

          နောက် ဦးသိန်းစိန် လက်ထက် မြစ်ဆုံ နားလိုက်တယ် ။ တရုတ်ကြီး စိတ်ကောက်ပြီး မီးမွှေးတော့ လောက်ကိုင် ပြဿနာ ပေါ်လာတယ် ။ ငွေကြေး လက်နက်ခဲယမ်း အားလုံး ပံ့ပိုးနေလို့ အမြစ်ဖြတ်ရ ခက်ခဲနေတယ် ။ တရုတ်ပြည်ရောက် မြန်မာလုပ်သားတွေကို ဖမ်းထောင်ချပစ်တယ် ။ နယ်စပ်ဂိတ်တွေ ပိတ်လို့ မြန်မာကုန်သည်တွေ ဒုက္ခရောက်ကြရတယ် ။

         အဲဒီအချိန် တရုတ် သစ် သူခိုးတွေ မိတယ် ။ ဦးသိန်းစိန်က ထောင်တသက် ချပစ်တယ် ။ တရုတ်ကြီး ပျာယာခတ်ပြီး ဦးသိန်းစိန်ဆီ ရောက်လာရတယ် ။ အဲဒီနောက် တရုတ်တွေ လောက်ကိုင်အဖွဲ့ နဲ့ အဆက်ဖျက် ဘဏ်စာရင်ပိတ် လုပ်ရတယ် ။ မကြာဖူး လောက်ကိုင် ပွဲသိမ်းသွားတယ် ။ 

         နောက် တရုတ်ပြည်တွင်းမှာ အဖမ်းခံထားရတဲ့ မြန်မာတွေ ပြန်လွှတ်ပေးတယ် ။ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးရတယ် ။ ဒါတွေက ပုံပြင်တွေ လုပ်ကြံဇတ်တွေ မဟုတ်ဘူး ။ လေ့လာသူတွေ အားလုံးသိထားတဲ့ အဖြစ်မှန်တွေပဲ ။ 

        ကဲ အခု တပ်ချုပ်ကြီးက အမေရိကန် နိုင်ငံသား မီဒီယာသမားကို ထောင်ဒဏ် ၁၁ နှစ် ချလိုက်ပြီ ။ အမေရိကန်က လွှတ်ပေးဖို့ အော်နေတယ် ။ 

      ရှေ့ကနေ ကစားပြသွားတဲ့ ဆရာကြီးဘရွှေ အကွက် နဲ့ နောင်တော်ကြီး ဦးသိန်းစိန်တွေ အကွက်တွေ မြင်မှာပါ ။ ထမင်းကျွေးထားရတာ အလုပ်ရှုပ်လို့ ပြန်လွှတ်ချင်ရင်လည်း လွှတ်ပါ ။ သို့သော် အလကား မတ်တင်း မလုပ်ပါနဲ့ အမေရိကန်မှာ ရှိနေတဲ့ သစ္စာဖောက် လောက်ကောင် ဆယ်ယောက်လောက် နဲ့ အပေးအယူလုပ်ပြီးမှ လွှတ်ပြလိုက်ပါ ။ တတိုင်းပြည်လုံး တပ်ချုပ်ကြီး အကွက်ကို ပါးစပ် အဟောင်းသား ဖြစ်သွားပါလိမ့်မယ် ဗျာ ။ 

       နောက်ထပ် အကြံပြုချင်တာက စစ်ကြောင်းတွေ သွားပြီဆိုရင် အန္တရာယ်ရှိတဲ့ လမ်းဆိုရင် ဖမ်းထားတဲ့ PDF တွေချည်း ရှေ့ဆုံးက ကားတစီးသက်သက် သွားခိုင်းလိုက်ပါ ။ ကားကို ရီမုမိုင်းဆင်ထားလိုက်ပါ ၊ လမ်းကြောင်းပြောင်းတာနဲ့ တခါတည်း ဖောက်ခွဲပစ်လိုက်ပါ ။ 

         နောက် မိုင်းကွင်းလို့ မသက်ာရင် ဖမ်းထားတဲ့ PDF တွေ ရှေ့ကနေ ဖြန့်သွားခိုင်း ကိုယ့်တပ်က သူတို့နောက်ကနေ အေးဆေးလိုက်ပါစေ ။ အတွဲလိုက် ကြိုးချည်ထား ထွက်ပြေးဖို့ ကြံရင် လက်တည့်စမ်းလိုက်ပါ ။ 

        နောက် မြို့ပေါ်မှာ မိုင်းထောင်တာ တွေ့ရင် ကိုယ့်ဆီက BE တပ်တွေ သုံးမနေပါနဲ့ ၊ ဖောက်ခွဲ အကြမ်းဖက်လို့ မိထားတဲ့ PDF တွေ ရှိနေတာပဲ ။ လက်ထိပ်ခတ် သံခြေချင်းခပ်ပြီး အဲဒီကောင်တွေ ရှင်းခိုင်းပါ ၊ ပေါက်ကွဲ သေသွားလည်း နှမျှောစရာမှ မရှိတာ ဗျာ ။ 

     ရွဲ့နေတဲ့အိုးကို စလောင်းဖုံးအကောင်းနဲ့ အုပ်မနေနဲ့ ဘယ်တော့မှ အံဝင်ဂွင်ကျ ဖြစ်မှာ မဟုတ်ဖူး ။ 

       ကိုရွှေမျိုးဝင်း

(ရန်သူအပေါ် မပြတ်သားပဲ အလွန်အကျွံ လူသားဆန်ပြနေတာ ကိုယ့်ဒုက္ခကိုယ် ရှာတာနဲ့ အတူတူပါပဲ)