အဆိုးနဲ့အကောင်းက အမြဲလိုလို
ဒွန့်တွဲနေတတ်တယ်...။
အခုဖြစ်ပေါ်နေတဲ့ PDF အမည်ခံ
အကြမ်းဖက်တွေကိုကြည့်ပြီး
ဆိုးဝါးလိုက်တာ ဆိုပြီး အဆိုးတစ်ခုထဲကိုပဲ
မတွေးကြည့်ပဲ အဆိုးထဲက အကောင်းကို
ပြန်ရှာကြည့်မယ်....
ဝဋ်ဆိုတာ ဘဝမကူးတော့ဘူး ဆိုတာ
သိကြပြီမဟုတ်လား...?
တပ်မတော်ကြီး အာဏာထိမ်းလိုက်လို့
အနီထောက်ခံသူတွေ အများစု PDF ဆိုပြီး
လက်နက်ကိုင်အဖွဲ့ တွေ ဖွဲ့လိုက်တာကို
ကြည့်ပြီး အမြင် ၂ မျိုးရတယ်.... ။
ပထမ တစ်ခုက အကြမ်းဖက်လုပ်ရပ်တွေ
လုပ်ဆောင်နေလို့ ပြစ်တင်ရှုံ့ချ တဲ့အမြင်
ဒုတိယတစ်ခုက အဆိုးထဲကအကောင်းကို
သွားတွေ့တယ်။
အကောင်းဘက်ကကြည့်လိုက်တဲ့အခါ
သူတို့တွေ တောခိုဖူးသွားတဲ့အတွက်
တပ်မတော်သားတွေရဲ့ ဘဝကို
စာနာ နားလည်ရကောင်းမှန်းမသိတဲ့ သူတွေက
စာနာနားလည်သွားတတ်ကြလို့ ပီတိဖြစ်မိတဲ့သဘော...။
သူတို့စစ်ခွေး' လို့ ခေါ်ခဲ့ဖူးတဲ့ သူတွေ
ဘယ်လိုခက်ခဲပင်ပန်းစွာနေထိုင်စားသောက်ခဲ့ရသလဲ
သူတို့ သိသွားကြပြီ...။
သူတို့ ခေါ်ခဲ့ဖူးတဲ့ `စစ်ခွေး' ဆိုတဲ့ ဘဝကို
သူတို့ကိုယ်တိုင် ရောက်ဖူးခဲ့ကြရပြီ။
ခက်ခဲ့တဲ့ လေ့ကျင့်ရေးတွေ ၊ ပင်ပန်းမှုဒဏ်တွေ
ဒါတွေကိုလည်း သူတို့သိသွားကြပြီ။
ကိုယ်တိုင်လက်တွေ့ ကြုံဖူးပြီးသွားကြပြီ။
စစ်ဗိုလ်တစ်ယောက်ဖြစ်လာဖို့ ဘယ်လောက်ထိ
ခက်ခက်ခဲခဲ ကြိုးစားရုန်းကန် ရလဲ အခုလောက်ဆို
လက်တွေ့သိမြင်ပြီး သဘောပေါက်သွားကြပြီ။
တောထဲမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့
ဘယ်လောက်ခက်ခဲ သလဲဆိုတာ
PDF တွေ ကိုယ်တိုင် သိမြင်သွားကြပြီ။
နိုင်ငံတော် ကို ကာကွယ်အုပ်ချုပ်နေတဲ့
ကာချုပ်ကြီး အဲ့ဒီနေရာရောက်ဖို့ သူဘယ်လောက်
ခက်ခက်ခဲခဲကြိုးစားရုန်းကန် ခဲ့ရမလဲ...?
သူဘာတွေ ပေးဆပ်ခဲ့ရလဲ...? ခန့်မှန်းကြည့်ပါ။
တပ်မတော်သားတွေ ကျတဲ့အခါ မုန့်ဟင်းခါး
ဘယ်နပွဲဟေ့ ဆိုပြီး ဝမ်းသာကြတဲ့ သူတွေဟာ
အခုဆိုရင် မုန့်ဟင်းခါးချက်ရမယ့်စာရင်းထဲ
သူတို့ကိုယ်တိုင် ပါဝင်ခဲ့ကြဖူးလို့
လှောင်ပြောင်ရဲတော့မှာမဟုတ်ဘူး....။
နောက်ဆို စစ်သားကြီးတွေ၊ တပ်မတော်သားကြီးတွေကို
မြင်တဲ့အခါ လေးစားရကောင်းမှန်း
နားလည်သဘောပေါက်သွားကြမှာပါ...။
သဇင်ဦး
(20.11.2021)
#ThazinOo