Sunday, November 7, 2021

#ပြည်ပျက်ခြင်းလက္ခဏာ

💔💔💔💔💔💔💔


🙏ဆရာကြီးရဲ့ဒီစကားလေးရှာနေတာကြာပါပြီ အခုမှ 
    ပဲ တွေ့လို့ မူရင်းစကားလုံးအတိုင်းရေးတင်ပေးလိုက်
    ပါတယ်ရှင့် 

🗣️မင်းတို့ကို ငါ့ အတန်းချိန်တိုင်းစာဖတ်ဖို့ စာဖတ်ကြ
     ဖို့ ချည်း ဇွတ်တိုက်တွန်းနေတာ  
    တချို့ကောင်တွေက ပြောတာ ငါပြန်ကြားတယ်ကွ

🗣️ဘာတဲ့ စာရေးဆရာတွေက စာဖတ်ကြဖို့ 
   တိုက်တွန်းမှာပေါ့ ဒါမှ သူတို့စာအုပ်ရောင်းကောင်း
   မှာပေါ့ ဆိုတဲ့စကား 
   အပြစ်မတင်ပါဘူးသိပ်မှန်တာပေါ့ကွ ့့ အေး စျေး 
   သည်အတွေး စျေးသည်အမြင်လောက် နဲ့ကြည့်ရင် 
   သိပ်ဟုတ်တာပေါ့ 
🗣️သုတရသ ဗဟုသုတတွေကို ခက်ခဲမှုပေါင်းစုံရင်း
   နီးပြီး စုဆောင်းရှာဖွေ ပြုစုထားတဲ့ အဆီအနှစ်တွေ
   က်ို ကိုယ်သိသလို အများကိုသိစေချင်တယ်
   ကိုယ်စားရသလို အများကိုလည်းစားစေချင်တဲ့ စာ
   ရေးဆရာ တို့ရဲ့စေတနာဘက်ကကြည့်ရင် 
   အရမ်းဝမ်းနည်းစရာကောင်းတဲ့စကားပဲ ကွ

🗣️ဟေ့ မင်း (ကျောင်းသားတစ်ယောက်ကိုလက်ညိုး
   ထိုး၍) ရော့ ဒီစာအုပ်ကိုဖတ် ကဲတအုပ်ထဲ တထိုင်
   ထဲ သိမှတ်စရာတွေ မရဘူးလား ? 
   ဒါပေမဲ့ အဲ့ဒီလိုမင်းတို့ အလွယ်တကူ သိရဖို့ ရကြ
   ဖို့ စာရေးဆရာတွေဟာ အချိန်' နေရာ' ဘဝနဲ့
   စာအုပ်စာပေပေါင်းများစွာ ရှာဖွေလေ့လာပြီး စေ
   တနာတွေများစွာ နဲ့ ရေးသားရတာကွ တန်ဘိုးသ်ိ
   ပြီး တန်ဘိုးရှိရှိ နားလည်တွေးခေါ်ပေးကြစမ်းပါ 

🗣️ဒီနေ့ရောင်းမကုန်လို့ မနက်ဖန်ဆိုပစ်ထုတ်ရမယ့်
    အတူတူ လျှော့စျေးနဲ့ ချော့ရောင်း ထိုးရောင်းရ
    တဲ့ ဟင်းရွက်ကန်စွန်းနဲ့ တန်းတော့မယှဉ်လိုက်
    ပါနဲ့ ကွာ ကျုပ်ကပဲ အထူးတောင်းပန်ပါတယ် 
    ရင်နာလွန်းလို့ပါ 

🗣️အေးမဖတ်ကြနဲ့ စာဖတ်အလေ့အထတိမ်ကော
    လေလေ တိုင်းပြည်အနာဂတ် ဘာဖြစ်သွားမယ်ဆို
    တာ မင်းတို့ ကြည့်ထားကြ 
    မင်းတို့ဦးဆောင်ရမယ့် အချိန်ကာလရောက်ရင် 
    လက်တွေ့ တွေ့လာလိမ့်မယ် ကွ 
🗣️အသိအမြင် ဗဟုသုတခေါင်းပါးပြီး ထမင်းမငတ်
    ပြီးရော ဆိုတဲ့မျိုးဆက်တွေ 
    ပြန်မပြော နားမထောင် ယဉ်ကျေးမှုခေါင်းပါး
     ဂါရဝတရားမရှိ #ပြုတ်မနူး လေးတွေနဲ့ တွေ့ပါ
     လိမ့်မယ် စောင့်သာကြည့်နေကြတော့ 

💥အဲ့ဒါ ပေါ့သေးသေး လက္ခဏာလို့တော့မထင်ကြ
  နဲ့ ဟေ့ ကိုယ့်အားကိုယ်ကိုးစိတ်မရှိကြတော့ပဲ 
   သူတပါး ကိုအမှီပြုအားကိုးတဲ့ ကျွန်သူငယ်တွေ
   များလာပြီး #တိုင်းပြည်ပျက်ခြင်းလက္ဓဏာ အစ
    ပဲလို့မင်းတို့ ငါ့ဒီစကား အသဲစွဲမှတ်ထားကြ ကွာ 
    မင်းတို့ တကယ်ကြုံရမှာပါ ကြုံရပြီဆိုမှ 
    အမလေး ဆရာရယ်လို့ ငါ့တော့လာမတ'နဲ့
     မနက်ဖန်ငါရှိမရှိ အာမ ခံချက်မပေးနိုင်ဘူး 
     အောင်သင်း ထောင်တွင်းလား သေခြင်းလား
     ကြိုမသိထားဘူးကွ ။ ။

🙏(တ'ပါပြီကော ဆရာကြီးရှင့် အနာဂတ်ဟောကိန်း
     ကွက်တိ ချပြသွားတဲ့ ဆရာကြီးကောင်းရာသုဂတိ
     လားပါစေ ရှင်)
    (ဆရာကြီးဟာ တပည့်များကိုဆုံးမသည့်အခါ
      ဟိုကောင်ဟိုကောင်မ'ဟုခ်ါလေ့ရှိသည့်အတိုင်း)

မှတ်တမ်းတင်မျှဝေသူ  
✍️ NawThirisan