Friday, November 12, 2021

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမှန်တရားကို သိရှိသွားလေပြီ


မြန်မာနိုင်ငံမှာ NUG/PDF ကဆောင်ရွက်နေတဲ့ အကြမ်းဖက်မှုတွေက ဖုံးမရဖိမရထင်ရှားလာတဲ့အတွက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ မှာပြုလုပ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးရဲ့ ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂအနေနဲ့ SAC ကို အသိအမှတ်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ထူးခြားတာက "စစ်အစိုးရ" ၊ "အာဏာသိမ်းမှု" စတဲ့အရေးအသားမျိုးတွေ လုံးဝမပါဝင်တော့ပဲ အပိုဒ် ၁ မှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအတွက် အလွန်စိုးရိမ်ကြောင်း "expressed deep concern at future recent violent across Myanmar" ဆိုပြီးဖော်ပြထားပါတယ်။ ဒါက ယခုဖြစ်ပွားနေတဲ့ NUG/PDF အကြမ်းဖက်သမားတွေရဲ့ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းဆရာ/ဆရာမတွေနဲ့ သံဃာတွေကို သတ်ဖြတ်မှုတွေကို ရည်ညွှန်းနေတာဖြစ်ပါတယ်။

အောက်ဆုံးအကြောင်းရဲ့အပေါ်ပိုဒ်မှာရေးသားထားတာက မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာပြီးနောက်ဖြစ်ပွားလာတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်းနဲ့ စစ်တပ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖို့ တွန်းအားပေးထားပါတယ်။ "deep concern at developments in Myanmar the declaration of the state of emergency imposed on 1 February and their call on the military to exercise utmost restraint." ဆိုပြီးဖော်ပြထားပါတယ်။

ဒီဖော်ပြချက်က တပ်မတော်က ဖေဖော်ဝါရီလတစ်ရက်နေ့မှာ အခြေခံဥပဒေအရ အရေးပေါ်အခြေအနေကြေညာပြီး အာဏာထိန်းလိုက်တာကို အသိအမှတ်ပြုထားတာဖြစ်ပြီး၊ အခု အကြမ်းဖက်မှုတွေကို ကိုင်တွယ်ရာမှာ အင်အားအလွန်အကျွံ့မသုံးဖို့သာ တွန်းအားပေးထားတာဖြစ်ပါတယ်။

NUG/PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာကြီးက သိရှိသွားလို့ လေသံပြောင်းသွားကြပါပြီ။ RIP NUG/PDF Terrorist!!!!!!!
#TC#KT
#Banyunt