Saturday, November 20, 2021

ဒလန်


ခါချဉ်ကောင် မာန်ကြီးလို့
တောင်ကြီးကို ဖြိုမယ်ကြံ
လေဖျန်းဖြီး ကြွားဝါဟန်
ခါးမသန် မာန်လျော့ပါဦး။
မြင့်မိုရ်ကို ခဲနှင့်ပေါက်
မရောက်ပါ သိဖို့ငတုံး။
ရှေ့သို့လို့ အော်ပေမယ့်
နောက်လှည့်တော့ ဘယ်သူမှမပါ။
ယောကျာ်းပါ ယောကျာ်းပါ
ဝေလေလေသာ သူတို့အော်။
ပြည်သူကို ဒလန်တပ်
မှတ်ကြပါ ကြားလို့မတော်။
သင့်အတွက် အဖော်ဟာ
မတော်ပါ တနေ့တော့
မလျော်တာတွေ့မပေါ့
မမေ့နှင့် ဒလန်ဘဲ။
မိမိအသက်နှင့်လဲ
သစ္စာဘယ် ရှိနိုင်ပါ့လေး။
                        မရှိခဏမောင်ပုည
                        ၂၀-၁၁-၂၀၂၁

Related Posts: