လက်ရှိအချိန်ထိ အပြစ်မဲ့သူတွေရဲ့အသက်အိုးအိမ်တွေ ပျက်ဆီးဆုံးရှုံးနေရတာကို ကျမအပါအဝင် တပ်ထောက်ခံသူတွေ ကြားနေတွေအားလုံး မကျေမနပ်ဖြစ်ရတယ် ခံပြင်းကြတယ် ဒါ့ကြောင့်လည်း နစကအစိုးရကို လိုအပ်ချက်တွေ ဝေဖန်ထောက်ပြကြတယ် များများဝေဖန် အကြံပြုမှလည်း အကြီးအကဲတွေအနေနဲ့ တကယ့်မြေပြင်အခြေအနေမှန်ကိုအနီးစပ်ဆုံးသိနိုင်မှာပါ နီပိတ်တွေလို မေမေဘာလုပ်လုပ်မှန်တယ်မဖြစ်မှာပါ ဒါပေမယ့် မရိုင်းပါနဲ့ အကြီးအကဲတစ်ယောက်ကို မိုက်မိုက်ရိုင်းရိုင်းပြောဆိုတာကိုတော့ ကျမဘဝင်မကျပါဘူး ကျမကိုယ်တိုင်လည်း ကိုယ်ထောက်ခံတဲ့အစိုးရကို အဘက်ဘက်က ပြည့်စုံစေချင်တယ် ပြည်သူတွေကိုရင်ဝယ်သားလို ကာကွယ်ပေးစေချင်တယ် အဲဒီအတွက် သရော်တာ ဝေဖန်ထောက်ပြတာကို ပြည်သူတစ်ယောက်အနေနဲ့ လုပ်ဆောင်ပါတယ် ဆဲဆိုရိုင်းပြတာမျိုးနဲ့ ကိုယ့်အစိုးရကိုယ် အပြုသဘောဝေဖန်တာထက်ပိုပြီး နစ်နစ်နာနာပြောဆိုပုတ်ခတ်ပြီး အနီတွေအားရအောင် မလုပ်ကြဖို့ အကြံပြုပါရစေနော်
#CherryAungMyat
#WeStandWithMyanmrArmy 🤜🤛