Wednesday, November 10, 2021

မနေ့က တစ်ရက်ထဲ ကားပေါ်ကနေလုံခြုံရေး ဂိတ်တွေကို သေနတ်နဲ့ပစ်ပြေးတဲ့ အဖွဲ့ သုံးဖွဲ့ ရှိတယ်


သူတို့က မပစ်ခင် လုပ်မဲ့နေရာကို ကြိုတင်လေ့လာထားတယ်

လုံခြုံရေးဂိတ်အစောင့်တွေရဲ့ လစ်ဟာမှု ပေါ့ဆမှု
ကားလမ်း အဝင်အထွက် လုံခြုံရေးတင်းကြပ်မှု ရှိ မရှိ
ယာဉ်ကြော အသွားအလာ ကြပ်တည်းမှု ရှိ မရှိ
ပစ်ပြေးပြီးရင် သူတို့ရည်မှန်းချက် ( ဆုံရပ် ) နေရာ 
ပြေးလမ်းတစ်လျောက် အတားအဆီးများ ချထားမှု ရှိမရှိ
နောက်က လိုက်ဖမ်းမဲ့ အချိန်နဲ့ အကွာအဝေး 

စတာတွေ အကုန်တွက်ချက်လေ့လာစုံစမ်းပြီး ပိုင်မှလုပ်တာ
လာပစ်မဲ့ ကားမရောက်ခင် အကဲကြည့်အဖွဲ့ဆိုတာအပြင်
ပြေးလမ်းတစ်လျောက် ဘယ်နေရာမှာ ပိတ်ထားတယ် 
ဘယ်လမ်းကြောင်းကို သုံး စတာတွေဖုန်း သို့မဟုတ် Icom 
နဲ့ လှမ်းပြောပေးနေတဲ့ အဖွဲ့တွေလည်း သီးသန့်ထားရှိတယ်

ဒါကြောင့် ပစ်ပြေးတဲ့ကားကို အချိန်တိုအတွင်း ဖမ်းမမိဘူး
နောက်ပိုင်းမှ CCTV ကင်မရာတွေ တစ်ခြားဂွင်းဆက်တွေ
လိုက်ပြီး ပြန်ဖမ်းနေရတာ

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဂိတ်ထဲမှာ အကုန်စုပြုံနေတာမျိုး
မလုပ်သင့်ဘူး ဘယ်သူမှ မတွေ့မမြင်နိုင်တဲ့ မျက်ကွယ်ကနေ 
လက်ဖြောင့်စနိုက်ပါသေနတ်သမားတစ်ယောက် ချထားသင့်တယ်
လာပစ်တဲ့ကားကို ပြန်ပစ်တဲ့အခါမှာလဲ ကားဘော်ဒီကို မပစ်ပါနဲ့
လူကိုမှန်လဲ ဒါဏ်ရာနဲ့ မောင်းပြေးရင် လွတ်သွားနိုင်ပါတယ်

ဒါ့ကြောင့် ကားဘော်ဒီကို မပစ်ပါနဲ့
ကားဘီး ( တာယာ) ကိုဘဲ ချိန်ပြီး ဆက်တိုက်ပစ်ပေးပါ
ကားဘီးပေါက်ရင် ကားကိုအဝေးကြီး ဆက်မောင်းလို့မရဘူး
ဘီးအပေါက်ကြီးနဲ့မောင်းပြေးရင်လဲ ကားတာယာ စွတ်ကြောင်း
ကြီးက လမ်းပေါ် အထင်းသား ကျန်နေခဲ့တဲ့အတွက် ကားကို
အမြန်ဆုံးဖမ်းမိနိုင်ပါလိမ့်မယ်

ကားနဲ့ပစ်ပြေးတဲ့ နောက်ထပ် မစ်ရှင် အသစ်တွေထပ်လုပ်ဘို့
အစီအစဉ်တွေ သူတို့မှာ ရှိနေပါသေးတယ် 
လုံခြုံရေးမှာ { သတိဆိုတာ ပိုတယ်မရှိဘူး } အထူးဂရုစိုက်ကြပါ

⚓ ရဲဝင့်ဖြိုး 🇲🇲
ရဲမာန်ဝင့်အောင်