* မြန်မာပြည် တစ်ခွင်
အလှဆင် ကိုယ်စီကိုယ်င။
ခရီးမဝေးပါဘူး
အနီးလေးပင် တိုးတက်ရေး
တွေးထောက်ကြံဆ။
* မြန်မာပြည် တစ်ခွင်
စည်ပင်ကာ သာယာလှ။
စေတီ ကျောင်းကန်နဲ့
တန်ဆောင်းမကျန် ရွှေရောင်လွှမ်း
ငြိမ်းချမ်းပေစွ။
* မြန်မာပြည် တစ်ခွင်
သံစဥ်နဲ့ ဗျည်းသရ။
စည်းမဖောက်ပါ
နည်းထောက်ကာ ရှေးရိုးမပျက်
ထိန်းလျက် ရေးကြ။
* မြန်မာပြည် တစ်ခွင်
မြေပြင်မှာ သယံဇာတ။
ပတ္တမြား မကျန်ပေ
ကျွန်း၊ ရွှေ၊ ငွေ၊ ရေနံ၊ ကျောက်
ထုတ်သလောက်ရ။
* မြန်မာပြည် တစ်ခွင်
ရေပြင်မှာ သယံဇာတ။
ပုလဲ သန္တာနဲ့
လေ့လာစရာ မကုန်ဘူး
ထူးတင့်ပေစွ။
* မြန်မာပြည် တစ်ခွင်
စည်ပင်စွာ ထေရဝါဒ။
အာရှအပြင်
ကမ္ဘာကပင် လေးစားရတဲ့
ဗုဒ်ဓ ဓမ်မ။
* မြန်မာပြည် တစ်ခွင်
အလှဆင် ကိုယ်စီကိုယ်င။
အားနည်းသူ ဖေးကူ
ဘေးလူကို မနှောင့်ယှက်
အကြမ်းဖက်လျှင် အားမပေး
အေးချမ်းမည်ပ။ ။
သက်ဝေ
