Friday, November 5, 2021

#ဗိုလ်တွေများပြီးလက်နက်ကိုကိုးကွယ်တဲ့တိုင်းပြည်


ဒီ မင်းသမီး ပြောတာ မှန်ပါတယ်။ဘာမှလည်း
မဟုတ်ဘူး။ကိုယ့်အချင်းချင် သတ်နေ ဖြတ်နေ
ကြတာ မပြီး နိုင်တော့ဘူး။မသိရင် ဒီမိုကရေစီ
နဲ့ လည်ပင်းဖက်ပြီး မွေးလာကြသလားအောက်
မေ့ရတယ်။

ဒီကြားထဲ ပြောကြသေးတယ်။ငါတို့ဟာ စစ်တပ်
က မတရား အာဏာယူထားလို့ တော်လှန်နေ
ကြတာတဲ့။အဲဒါဆို တပ်ကိုပဲ တိုက်ပေါ့။ဘာလို့
အပစ်မဲ့ ပြည်သူတွေ လိုက်သတ်နေကြသလဲ။
ဘာလို့ ဘုန်းကြီးတွေ သတ်ဖြတ်နေရသလဲ။
ဒီမိုကရေစီ လို့ ပြောပြီး NLD မဟုတ်တဲ့ သူတွေ
 ကို ဘာလို့ လိုက် သတ်နေရသလဲ။ဒီမိုကရေစီ လိုချင်တာလား။တစ်ပါတီအာဏာရှင် လိုချင်တာလား ဆိုပြီးမခွဲ ခြားတတ်ဖူး ဖြစ်နေတယ်။

တစ်နေ့က လူဦးရေလည်းများပြီး ဘာသာ
အယူအဆ လူမျိုးနွယ်စု များပြားလွန်းတဲ့
အိန္ဒိယ နိုင်ငံ ဘာကြောင့် ဖက်ဒရယ် အောင်
မြင်နေရသလဲ။သူ့ ခြေဥ ကပဲ သိပ်ကောင်းနေ
လို့လား လို့ ဝင်လေ့လာကြည့်မိတယ်။

ဘယ်ဟုတ်မလဲ။ သူ့ မှာ လည်း ပြဿနာ သောင်း
ခြောက်ထောင်နဲ့ပဲ။အထူးသဖြင့် ဇာတ်နိမ့်
ဇာတ်မြင့် ပြဿနာ က တော်တော့် ကို ဆိုးဆိုး
ဝါးဝါး လူတန်းစွာ ခွဲခြားခံထားရတယ်။ဒါပေ
မယ့် ငါဇာတ်နိမ့် ဖြစ်လို့ဆိုပြီး ငါ့ကို လာမစော်
ကားနဲ့ ဆိုကာ လက်နက်ကိုင် ပြီး မတော်လှန်
ကြဘူး။ဥပဒေအရ တန်းတူ အခွင့်အရေးပေး
ထားပေမယ့် မြေပြင်မှာ တန်းတူအခွင့်ရေး
မရလည်း ကျေနပ်ရောင့်ရဲ နေကြတော့
အိန္ဒိယ ပြည် အေးချမ်းရခြင်း ရဲ့ အဓိ က
အချက်ပဲ။

ဒီမှာတော့ ဘယ်ဟုတ်မလဲ။အကုန် ဗိုလ်လုပ်
ချင်တဲ့ ပြဿနာ က စတာပဲ။
ကချင် လည်း ဗိုလ်။ကရင် လည်း
ဗိုလ်။ရှမ်းလည်း ဗိုလ်။ရခိုင် လည်း ဗိုလ်။
ချင်း လည်း ဗိုလ်။ကယားလည်း ဗိုလ်။
ဗမာ လည်း ဗိုလ်။.ဗမာ ဗိုလ် မှာမှ တပ် က
ဗိုလ် နဲ့ NLD ဗိုလ် ဆိုပြီး လုကြရာကနေ အခု
ပြဿနာ ထ တတ်ကြတာပဲ။

တရုတ်နယ်စပ်မှာ တာဝန်ထမ်းဆောင်တော့
ည၁၀ နာရီကျော်ရင် မီးလင်းနေရုံမှ အပ
အကုန်အသံတိတ်သွားတယ်။ဘာအပျော်
အပါး ဘာကာရာအိုကေ မှ မရှိတော့ဘူး။

ပျော်ချင်တဲ့ တရုတ်က မူဆယ် မှာ ကလပ်
လာတတ်။ကာရာအိုကေ လာဆိုကြတယ်။
အဲတော့ သူတို့ကို မေးကြည့်တယ်။မင်းတို့
လူ့အခွင့်အရေး ဆုံးရှူံးနေတဲ့ အဲဒီစနစ်ကြီး
ကို မတော်လှန်ကြဘူးလား မေးကြည့်တော့
ငါတို့ ဟာ မင်းတို့ မြန်မာ တွေ လို နိုင်ငံရေး
စိတ်မဝင်စားကြဘူးတဲ့။စီးပွားရေးနဲ့ ငွေပဲ
စိတ်ဝင်စားတယ်တဲ့။ငွေရှိရင် ကြိုက်တဲ့
နေရာ မှာ ပျော်ပါးလို့ ရတယ်လို့ ရင်းနှီးတဲ့
တရုတ်တွေ က ဖြေကြပါတယ်။ဒီတရုတ်တွေ
ဟာ မြန်မာတွေ ထက် ပညာ ပိုတတ်ကြသလို
အလုပ်လည်း ပိုလုပ်ကြတယ်။ချမ်းလည်း
ချမ်းသာကြတယ်နော်။

ပြောချင်တာ အိန္ဒိယ မှာ လို ဇာတ်နိမ့်တွေ ကို
နှိမ်တာမျိုး ဒီနိုင်ငံမှာ မရှိသလို တရုတ်လိုလည်း
ဒီမိုကရေစီ အခွင့်အရေး ပိတ်မထားပါဘူး။
ဒါဆို ဘာလို့များ လူသတ် အကြမ်းဖက်နေ
ကြသလဲ။

 မြန်မာ တွေ ဘာကြောင့် မွဲရသလဲ
လို့ ပြောရရင် နိုင်ငံရေး ကို မလိုအပ် ပဲ
အလွန်အကျူး စိတ်ဝင်စားနေကြတော့
ကဏ္ဍမျိုးစုံ လစ်ဟင်း ကုန်တာပဲ။

နောက်တစ်ချက် က ဒေါက်တာဘမော် 
ပြောခဲ့သလိုပဲ။လက်နက်ကိုင် တိုက်ပွဲ ဝင်ပြီး လွတ်လပ်ရေး ရယူခဲ့တာ ကို အားကျပြီး
 လက်နက်ဟာ Right အမှန်တရား။
လက်နက်ကို God ဘုရားသခင် လို့ 
ထင်ကုန်ကြတဲ့ ပြဿနာပဲ။

အဲဒီလို လက်နက်ကို ကိုးကွယ်ကြတဲ့ နိုင်ငံ
တွေပဲ ကမ္ဘာ မှာ မွဲနေကြတာ။အိန္ဒိယ ဟာ
ကျည်တစ်တောင့် မှ မဖောက်လိုက်ရပဲ
လွတ်လပ်ရေး ရယူခဲ့တော့ သူ ဟာ လက်နက်
အရသာ ကို သိမသွားလို့ တိုင်းပြည်အေးချမ်း
နေပေမယ့် အာဖဂန် က ၂၀ ရာစု ၁၉၁၉ 
ထဲ က အင်္ဂလိပ် ဆီ က တိုက်ယူကာ လွတ်လပ်
ရေး ယူခဲ့တာ။အခုထိ လက်နက်တော ထဲ မှာ
သံသရာ လည် ပြီး မွဲလို့ ကောင်းနေတုန်းပဲ။
မြန်မာနဲ့ မကွာတဲ့ ဘဝတူ နိုင်ငံတွေပေါ့။

ဒါကြောင့် မြန်မာနိုင်ငံ ပြာပုံဘဝ လွတ်ချင်
ရင်တော့
( ၁) နိုင်ငံရေး ကို မလိုအပ်ပဲ အလွန်အကျူး
စိတ်ဝင်စားနေကြတာ လျှော့ချပစ်ရမယ်။
( ၂) လက်နက်ကိုင် လမ်းစဥ် ကို အမှန်တရား
လို့ ထင်နေတဲ့ အယူအဆ ကို စွန့်ပစ်ရလိမ့်မယ်။

မဟုတ်ရင်တော့ ဦးပုည ပြောသလိုပဲ။အမွဲ
တကာ့ ထွဋ်ခေါင် ဖွတ်မင်းနောင် ဘဝ က
လွတ်မှာ မဟုတ်တော့ဘူး။

အောင်နိုင်သူ