Saturday, November 6, 2021

တက္ကသိုလ် Day သင်တန်းများကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန စီစဉ်

……………………………………………………………

နေပြည်တော်၊ နို၀င်ဘာ ၃ (People Media)

တိုင်းဒေသကြီး/ပြည်နယ်များရှိ တက္ကသိုလ် Day သင်တန်းများကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့် လှစ်ရန် လျာထားဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက People Media ကို ပြောဆိုသည်။

အလားတူ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို COVID ကာကွယ်ဆေးများကို ထိုး နှံပေးရန် စာရင်းများ ပြုစုလျက်ရှိပြီး တိုင်းဒေသကြီးများနှင့် ညှိနှိုင်းနေကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်းက နိုင်ငံပိုင်မီဒီယာကိုလည်း ပြောဆိုမှု ပြုလုပ်ထားသည်။

“Day ကျောင်းသားတွေက ဒီဇင်ဘာ ပထမပတ်လောက်မှာ ဖွင့်ဖို့လျာထားပါတယ်။ COVID နဲ့ပတ်သက်ပြီး Day သမားတွေကို ကာကွယ်ဆေးထိုးပေးဖို့ စာရင်းတွေလုပ်နေပြီ။ တိုင်းဒေသကြီးတွေနဲ့ ညှိနှိုင်းနေပါတယ်။ အဲဒါ တွေပြီးသွားရင် စတင်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာကျောင်းတွေမှာလည်း အားလုံးညွှန်ကြား ထားပြီးသွားပါပြီ” ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်းက ပြောဆိုထား ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားသည်။

ထို့အပြင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်းမှ နေ့သင်တန်းပထမနှစ်ကို ၉၂၈၇၄ ဦးရှိပြီး ဒုတိယနှစ် ၇၄၄၉၁ ဦး၊ တတိယနှစ် ၅၉၅၅၅ ဦးရှိကြောင်းနှင့် ပထမနှစ် ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယ နှစ်ဂုဏ်ထူးတန်းရှိပြီး ပထမနှစ်ဂုဏ်ထူးတန်းတွင် ၈၃၂၆ ဦးရှိပြီး၊ ဒုတိယဂုဏ်ထူးတန်းတွင် ၆၈၅၁ ဦး၊ တတိ ယနှစ်ဂုဏ်ထူးတန်းသည် ပထမအသုတ်တွင်ပါသွားပြီဖြစ်ပြီး ၂၀၂၀ တက္ကသိုလ်၀င်တန်း အောင်သည့်သူများကို ရန်ကုန်ရုံးခွဲ၌ ၀င်ခွင့်များပြုလုပ်နေပြီး List များ မကြာခင် ထွက်ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်ပြီး အဝေးသင်နှင့် Day ရောက်နေသူများအနေဖြင့် ကျောင်းများပိတ်ထားသည်မှာ ကြာပြီ ဖြစ်သည့်အတွက် ပညာရေး၀န်ကြီးဌာနအနေဖြင့် ကျောင်းများကိုဖွင့်ချင်သည့်အတွက် COVID စည်းကမ်းနှင့် အညီ ပညာသင်ယူခွင့်အခွင့်အလမ်းမဆုံးရှုံးရေးအတွက် ကြိုးစားပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။

Photo - ဦးစိုးအောင်

#PeopleMeida #ပညာရေး #တက္ကသိုလ် #Day

(unicode)
တက္ကသိုလ် Day သင်တန်းများကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန စီစဉ်
……………………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၃ (People Media)

တိုင်းဒေသကြီး/ပြည်နယ်များရှိ တက္ကသိုလ် Day သင်တန်းများကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့် လှစ်ရန် လျာထားဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက People Media ကို ပြောဆိုသည်။

အလားတူ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို COVID ကာကွယ်ဆေးများကို ထိုး နှံပေးရန် စာရင်းများ ပြုစုလျက်ရှိပြီး တိုင်းဒေသကြီးများနှင့် ညှိနှိုင်းနေကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက နိုင်ငံပိုင်မီဒီယာကိုလည်း ပြောဆိုမှု ပြုလုပ်ထားသည်။

“Day ကျောင်းသားတွေက ဒီဇင်ဘာ ပထမပတ်လောက်မှာ ဖွင့်ဖို့လျာထားပါတယ်။ COVID နဲ့ပတ်သက်ပြီး Day သမားတွေကို ကာကွယ်ဆေးထိုးပေးဖို့ စာရင်းတွေလုပ်နေပြီ။ တိုင်းဒေသကြီးတွေနဲ့ ညှိနှိုင်းနေပါတယ်။ အဲဒါ တွေပြီးသွားရင် စတင်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာကျောင်းတွေမှာလည်း အားလုံးညွှန်ကြား ထားပြီးသွားပါပြီ” ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောဆိုထား ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားသည်။

ထို့အပြင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းမှ နေ့သင်တန်းပထမနှစ်ကို ၉၂၈၇၄ ဦးရှိပြီး ဒုတိယနှစ် ၇၄၄၉၁ ဦး၊ တတိယနှစ် ၅၉၅၅၅ ဦးရှိကြောင်းနှင့် ပထမနှစ် ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယ နှစ်ဂုဏ်ထူးတန်းရှိပြီး ပထမနှစ်ဂုဏ်ထူးတန်းတွင် ၈၃၂၆ ဦးရှိပြီး၊ ဒုတိယဂုဏ်ထူးတန်းတွင် ၆၈၅၁ ဦး၊ တတိ ယနှစ်ဂုဏ်ထူးတန်းသည် ပထမအသုတ်တွင်ပါသွားပြီဖြစ်ပြီး ၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်သည့်သူများကို ရန်ကုန်ရုံးခွဲ၌ ဝင်ခွင့်များပြုလုပ်နေပြီး List များ မကြာခင် ထွက်ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်ပြီး အဝေးသင်နှင့် Day ရောက်နေသူများအနေဖြင့် ကျောင်းများပိတ်ထားသည်မှာ ကြာပြီ ဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများကိုဖွင့်ချင်သည့်အတွက် COVID စည်းကမ်းနှင့် အညီ ပညာသင်ယူခွင့်အခွင့်အလမ်းမဆုံးရှုံးရေးအတွက် ကြိုးစားပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။

Photo - ဦးစိုးအောင်

#PeopleMeida #ပညာရေး #တက္ကသိုလ် #Day