Saturday, November 6, 2021

PDF ညီငယ် ညီမငယ်များသို့


ကမ္ဘာ့ အင်အားကြီး မဒီယာတွေဖြစ်တဲ့ RFA. BBC. BOA. စတဲ့ အမေရီကန်အခြေဆိုက် သတင်းဌာနတွေက ဒေါ်စုအကြောင်းကို အရေးလုပ်ပြီး
မဖော်ပြတော့တာ ကြာပါပြီ။ နိုဘယ်ဆု အပါအဝင် နိုင်ငံတစ်ကာက ပေးတဲ့ဆုတွေ လည်ပင်းမဆန့်အောင် များခဲ့ပေမယ့် မဲခိုးလို့ အထိမ်းသိမ်းခံရပြီးနောက်ပိုင်း သူ့သတင်းတွေကို ဝတ်ကျေတန်းကျေပဲ ဖော်ပြပါတော့တယ်။ သူကမီးစာကုန်ဆီခန်းအရွယ်ဆိုတော့ မြန်မာနိုင်ငံပျက်စီးရေး စီမံကိန်းမှာ အနောက်အုပ်စုက သူ့ကို ပယ်သီးစာရင်းထဲ မှာ 
ထည့်လိုက်ပြီး သွေးသစ်လောင်းတဲ့အနေနဲ့......
အက်စတာဇိနော နဲ့
အိသဥ္ဇာမောင် ကို
တိုင်မ်း သတင်းစာမှာ ကမ္ဘာ့သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းမှာ ထည့်ထားတာကို ကြည့်ရင် စာသူငယ်ကြား ဠင်းတ နားသလို ရှင်းရှင်းကြီးတွေ့ရမှာပါ။ 

နိုင်ငံရေးတတ်ကြွလှုပ်ရှားမှူကြောင့် အထိုက်အလျှောက် လူသိများပေမယ့်
 ကမ္ဘာ့အဆင့် သြဇာအရှိဆုံးထဲမှာ ထည့်ရလောက်အောင် မြန်မာနိုင်ငံမှာတင် သူတို့ကိုမသိတဲ့သူအများကြီးပါ။ ( စာရေးဆရာမ ဆုမြတ်မွန်မွန်တောင် သူတို့ထက် လူသိများသေးတယ်) 

အဲ့ဒိတော့ အနောက်အုပ်စုရဲ့ မြန်မာနိုင်ငံပျက်သုန်းရေးစီမံကိန်းနဲ့
Oic ရဲ့ ဗုဒ္ဓဘာသာသာ ကွယ်ပျောက်ရေးစီမံကိန်းထဲမှာ ဒေါ်စု မပါတော့ဘူးဆိုတာသေချာပြီ။ ဒေါ်စုနေရာမှာ အစားထိုးဖို့ အသဲအသန်ကို သွေးသစ်လောင်းနေသည်။

 ဒါကို မေမေ့သားသမီးတွေ သတိမထားမိပဲ မီးကို ဇွတ်တိုးနေသည်။
ပြည်တွင်းစစ်ကို အနှစ် ၇၀ လောက် တိုက်လာကြတဲ့ တိုင်းရင်းသားလက်နတ်ကိုင် အဖွဲ့တွေကတောင် မပြောဖူးတဲ့ စကားတွေကို ပေါတောတောနှင့်လျှောက်ပြောနေသည်။
  မနက်ဖြန် သဘက်ခါပဲ အရေးတော်ပုံကြီးထ အောင်တော့မလိုလို နိုင်ငံတစ်ကာ အကူအညီတွေပဲ ခုချက်ချင်းရောက်လာတော့မလိုလို နှင့် ဘာမှကို ဖြစ်မလာပါ။ တစ်ဖြေးဖြေး နဲ့ တော်လှန်ရေးကြီး 
ဆုပ်ယုပ်လာသည်မှာ ဘယ်လိုမှကို ငြင်းမရပါ။
တစ်ယောက်မိ အကုန်ဖော်စနစ်ဖြင့် တစ်ဖြုန်ဖြုန်ကေး နေသည်မှာ လက်တွေ့ပင်ဖြစ်သည်။

အတွေးအခေါ်ရှိတဲ့ လူငယ် GZ /PDF ညီငယ်တွေ
စဥ်းစားပါ။ သုံးသပ်ပါ ။ နစက အစိုးရဖြစ်နေတာ 
ဖေဖော်ဝါရီမှ သည် နိုဝင်ဘာသို့ပင် ရောက်ခဲ့ပြီ။
နွေဦးတော်လှန်ရေးကရော ဆောင်းဦးရောက်သည်အထိ .....
တိုးတတ်လာသလား? 
ဆုပ်ယုပ်လာသလား?
ကိုယ့်ညီတို့ အလွန်အမင်း အားကိုးခဲ့တဲ့ အမေရိကန်နဲ့ အပေါင်းအပါတွေကရော ထင်သလောက်
အားကိုးရလား?      
လေလှိုင်းပေါ်မှာ နိုင်ပြီး အပြင်မှာပြေးနေရတာကို
လိပ်ပြာလုံစွာ ပြောနိုင်ပြီလား?

စဥ်းစာချိန်တန်ပြီ ဆိုတဲ့စကားက အခုမှ အမှန်။
နောက်မကြသေးဘူး ညီငယ်ညီမငယ် PDF တို့ ။ အလင်းထဲကိုဝင်ဖို့ အခွင့်အရေးတွေရှိနေသေးတယ်။
နောက်မှ ၈၈ ကျောင်းသားတပ်ဦး ABSDF လို 
ဥာဏ်ကောင်းပြီး ကံကောင်းလို့ မသေပဲကျန်ခဲ့တဲ့သူတွေက လွဲပြီး...
ကျန်တဲ့ကောင်တွေက ဂျာမဏီပရုပ်လုံးလို လုံးပါး ပါး သွားတဲ့သူတွေ.. အသေဆိုးနဲ့ သမိုင်းမတွင်ဘောင်မဝင်ပဲ... မထင်မရှား​သေသွားရှာတဲ့သူတွေ....မထင်မရှားနဲ့ ထောင်ထဲမှာ ဘဝဆုံးသွားတဲ့သူတွေ...အဖြစ်ကို သမိုင်းတစ်ကျော့ပြန် ရောက်ကြလိမ့်မယ်။

ကိုယ့်ဘဝ ကိုယ်တည်ဆောက်ကြတော့....
ဒါက ကိုယ့်ရဲ့စိတ်ရင်းအမှန်ပါ။ ဆဲချင်ရင်ဝင်ဆဲပါ။ ဘောမ ခေါင်းစဥ်တော့ လာမတက်ပါနဲ့။

အဲမွန် ဒယာ 
Nov 3. 21