Monday, November 8, 2021

Facebook က အမေရိကန်နိုင်ငံသားပိုင်တာ ဖြစ်တယ် ပုဂ္ဂလိက ကုမ္ပဏီဖြစ်တယ်။ Facebook တင်မကပါဘူး Google Twitter u tube အားလုံး အမေရိကန် နိုင်ငံသားပိုင်ဖြစ်တဲ့ အတွက် အမေရိကန်နိုင်ငံရဲ့ ဥပဒေကို လိုက်နာရတဲ့ အပြင် မိမိအကျိူးစီးပွါးသည် ပဓာန ဖြစ်ပြီး ဒုတိယ အမေရိကန်နိုင်ငံရဲ့ အကျိုးကို ဆောင်ရွက်တာတော့ သဘာဝကျတယ်ပြောရမှာပါပဲ။


ပုဂ္ဂလိက လုပ်ငန်းများဖြစ်တဲ့ အတွက် ကိုယ့်လုပ်ငန်းနဲ့လက်တွဲလုပ်ကိုင်ပြီးအကျိူးရှိမယ့်သူများနဲ့သာပူးပေါင်းပါတယ်။ ထင်သာမြင်သာရှိတာတစ်ခုရှိတာက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ကို ဇူကာဘက် က အားပေးထောက်ပေးထောက်ခံသူမဟုတ်တဲ့အတွက် သမ္မတထရမ့် ရဲ့ စာမျက်နှာများကို ရှင်းလင်းဖယ်ရှားခဲ့တာတွေရှိတာကို ကြည့်ခြင်းဖြင့် Facebook ဟာ သမ္မတ ဂျိုးဘိုင်ဒင်ကို အားဖြစ်စေခဲ့ပါတယ်။ 

Facebook နဲ့ တခြားSocial media ကိုတည်ထောင်သူ ပိုင်ရှင်များရဲ့ စိတ်ကူစိတ်သန်း ယုံကြည်မှုဟာ ထိုကုမ္ပဏီများရဲ့မူဝါဒသာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသားရေးသမားများနဲ့ တပ်မတော် နဲ့ သူ၏ ထောက်ခံသူများရဲ့ account ,page နဲ့ စာမျကိနှာများကို ဖယ်ရှားခဲ့ပြီးဖြစ်သလို မဖြစ်ညစ်ကျယ်အနည်းငယ် ကျန်သူများရဲ့ အကောင့်များမှာလည်းခပ်ရဲ့ရဲ့သာရှိပါတယ်။ DVB ရဲ့ debate များကို ကြည့်ဖူးကြမှာပါ ပုံမှန်ကြားချပြီးပြောသလိုရှိပေမယ့် သွားချင်တဲ့ဘက်ကို ဇောင်းပေး မြောင်းပေးထားပြီး သူတ်ို့မကြိုက်တဲ့သူစကားဆို ကြားဖြတ်ပြီးပိတ်ချပစ်တာတွေပေါ့ ဒါတွေက လုပ်ရလွယ်ပါတယ်
နဂိုကတည်းက မူဝါဒရှိပြီးသားပါ ကြားချဆွေးနွေးတာမဟုတ်ပဲ တဘက်ကို နိုင်အောင်အရှက်ကွဲအောင်စံနစ်တကျကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

မီဒီယာတွေက သတင်းမှားကို ဖော်မပြသည့်တိုင် တဖက်တည်းဖော်ပြတာ က တော့ တယောက်တည်းအပြေးပြိုင်နေသလိုပါပဲ။ ဥပမာပေးရရင် ရပ်ကွက်ထဲ ဆင်ဝင်တဲ့ သတင်းကို မျက်ကွယ်ပြုပြီး ခြင်ထောင်ထဲ ခြင်ဝင်တာပဲ ဖော်ပြရင်တရားပါသလား။ ပြိုင်ပွဲတစ်ခုမှ ငါတို့က မီဒီယားအားရှိလို့ မီဒီယာအားနဲ့ ပါးရိုက်ရင် လျှင် တဖက်ကလည်း သူတို့နိုင်တဲ့ ဘာသာရပ်နဲ့ နားကိုက်ခဲ့ပါလျှင် မည်သို့ဆိုကြမည်နည်း။

အမျိုးသားရေးစကားဆို မပြောရဲအဆုံး ကလပဲဟင်း တောင် မှန်အောင်မ ပေါင်းရဲ ကလထိုင် တောင်မှန်အောင်မရေးရဲ ကိုယ့်လာဆဲဆိုနေတဲ့သူတေွေအကောင့်တွေ ခိုင်မှ ခိုင် ကိုယ်က မခံနိုင်လို့တခွန်းထဲနဲ့တင် အကောင့်ကျ ဒီအတောထဲ တလတကောင့်နဲ့ ရေးနေ ပြောနေတဲ့ သူတွေအတွက်စိတ်မကောင်း လွတ်လပ်စွာထုတ်ဖော်ခွင့် လွတ်လပ်စွာရေးသား ခွင့် လူ့အခွင့်အရေးဆိုတာတွေဟာ လိုချင်ရာပုံဖော် တဲ့ လွပ်လပ်ခွင့်တော့မဖြစ်စေချင်ပါဘူး။

အရင်က နိုင်ငံတစ်ခုကို စစ်နဲ့ တိုက်တယ် နောက်တော့ စီးပွါးရေးနဲ့ တိုက်တယ် ယနေ့ခေတ်မှာ မီဒီယါ ယဉ်ကျေးမှု စစ်ပွဲမှာ မြန်မာတွေဟာ သစ်သားလှေနဲ့ လေယာဉ်တင်သင်္ဘောကို တိုက်နေရသလိုပါပဲ။

Google Facebook အင်ပါယာမှာ ကျွန်တော်တို့ဟာ အလိုလို လက်အောက်ရောက်ပြီးသားပါ ဒါ့ကြောင့်တရုတ်နဲ့ ရုရှားက ban ပါတယ် ကျွန်တော်တို့လိုငမွဲတတိယနိုင်ငံလေးက တော့ နည်းပညာလည်းမရှိပါ ဒါလေးကို မဖြစ်မနေ မှီခိုနေရတဲ့ အတွက်တော့ ရှေ့ဆက်တော့ မရှိမဖြစ် သုံးနေကြရဦးမှာပါပဲ။ 

Copy ကူးပြန်ဖြန့်ပါ။

#မဟာပညာကျော်


Related Posts:

  • ဆရာသက်နိုင်ဦး (4-11-2021)#NLD၏ အာဏာဟူသမျှဖီဆန်ကြဒီမိုက​ရေစီ                  နှင့်#က​လေးမ​​ကြောက်​ခွေးမ​ကြောက်ဥပ​ဒေ! … Read More
  • မီတာခနှင့် ဒဏ်ငွေမြန်မာနေရှင်နယ်ပို့စ် ခင်ဗျာ -မီတာခတွေဆောင်တာတွေနဲ့ ပတ်သက်လို့ တင်ပြပေးစေချင်ပါတယ်။ မီတာခတွေကို ၄လ ၅လ ၆လ ပေါင်းဆောင်ခိုင်းပါတယ်။ အခြေခံလူတန်းစားတွေမှာ ဒီအချိန် ဒီကာလ အလုပ်အကိုင်အခြေအနေကို လူကြီးမင်းများ အသိပင် ဖြစ်ပါလိမ့်မယ်… Read More
  • ဆရာနိုင်စိုး 3.11.2021"ဒီကနေ့ပြောစကား"----------------------#ရှေ့မီ နောက်မီ `Bill Richardson´ဗမာပြည်ကို ဘာလာ လုပ်တာလဲ။#`မာလာလာ (Malala)´ နှင့်မယ်ဒွေးရဲ့ ခံယူချက် နှိုင်းယှဉ်ပြမှု။#ကောင်တာ ဂျာနယ်လစ်ဇင် ဘာလဲ၊ဘယ်လဲ အပြုသဘော ထောက်ပြဝေဖန်မှု စတာတွေကို … Read More
  • ထန်တလန်ကို ယဇ်ပူဇော်ပြီး ဝက်မစားနိုင်ငံသားဖြစ်ရေးနှင့်No-Fly Zoneဖန်တီးရေး။ဇွန်လ ၁၄ရက်။။ ချင်းတောင်တန်းသာသနာပြုဆရာတော် အရှင်ပညာဇောတကိုဇွန်လ ၇ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပထမလတ်တန်းစာမေးပွဲဖြေဆိုရန်အသွား ဇွန်လ ၄ရက်နေ့ မွန်းတည့် ၁၂နာရီခန့်အချိန် လမ်းခုလတ်တွင်ပြောက်ဆုံးသွားခဲ့ပြီးအရှင်လတ်လတ်မီးရှို့သတ်… Read More
  • " အသတ်ခံနေရသည့် ပြည်မြန်မာ "သမိုင်းပညာရှင် ကင်းဘရိတ် ကျောင်းဆင်းဟားဘတ် ကျောင်းထွက်...ဒေါက်တာသန့်မြင့်ဦးက ပြောဘူးတယ်တဲ့။နောက်နှစ် ၅၀ မှာ…မြန်မာပြည်ဆိုတာ ပျောက်သွားနိုင်တယ်။အရှေ့ဘက်ကလည်း အစာအတုတွေနဲ့သတ်နေကြတဲ့ တိုင်းပြည်တောင်ပိုင်းကလည်း ဆေးဆိုးတွေနဲ့ သတ်န… Read More