ပြစ်မှု့ကျူးလွန်ထားသူ ပါတီဝင်များကို ပါတီမှအပြီးအပိုင် ထုတ်ပယ်ကာ NLD ပါတီဗဟိုအလုပ်အမှု့ဆောင်အသစ် ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်လျှက်ရှိသည်ဆိုသော သတင်းများထွက်ပေါ်၊
NLD ပါတီဟာ ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီရရှိရေးကို ကြိုးပန်းရန် တည်ထောင်ထားသော ပါတီဖြစ်သည်နှင့်အညီ အကြမ်းဖက်မှု့များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်လုပ်ဆောင်လျှက်ရှိသူများနှင့် နိူင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မျက်ကွယ်ပြုပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အားပေးအားမြှောက်လုပ်ဆောင်နေသူများ ၊ နိူင်ငံတော်ကပြထမ်းထားတဲ့ တည်ဆဲဥပဒေတွေကိုမျက်ကွယ်ပြုပြီး နိူင်ငံတော်ကိုပုန်ကန်နေသူများကို NLD ပါတီဝင်အဖြစ်မှ ရာသက်ပန်ထုတ်ပယ်ပြီး နိူင်ငံတော်အစိုးရ ၊ တပ်မတော်တို့နှင့် အတူလက်တွဲကာ မတူတာတွေကို ဘေးဖယ်ထားပြီး တချက်တူတချက်ပေါင်း စနစ်ဖြင့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွလုပ်ဆောင်သွားရန် ရည်ရွယ်ပြီး NLDပါတီ ဗဟိုအလုပ်မှု့ဆောင်အဖွဲ့(ယာယီ)ကို ပြန်လည်ဖွဲ့စည်းရန် စီစဥ်လျှက်ရှိကြောင်း အမည်မဖေါ်လိုသူ ငြိမ်းချမ်းရေးကိုလိုလားသော NLD ပါတီဝင်အကြီးအကဲ့ တယောက်ရဲ့ပြောပြချက်အရသိရပါတယ်၊
တိုင်းပြည်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု့တွေကို NLD ပါတီအလံအောက်မှာ နေခဲ့သူတွေက ဦးဆောင်လုပ်နေတာ တွေ့ရတဲ့အတွက် မိမိတို့ ငြိမ်းချမ်းစွာ နိူင်ငံရေးလုပ်လိုသူ NLD ပါတီဝင်တွေအနေနဲ့ လုံးဝ လုံးဝ လက်မခံနိူင်သလို ပြင်ထန်စွာ တုန့်ပြန်သွားဖို့ စီစဥ်လျှက်ရှိပြီး ဇော်ဝေစိုးနဲ့ ဇင်မာအောင် တို့ဦးဆောင်လုပ်ကိုင်နေတဲ့ NUG အကြမ်းဖက်အဖွဲ့ဟာလည်း NLD ကိုကိုယ်စားမပြု့ကြောင်းနှင့် ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ပြင်းထန်စွာရှုတ်ချပြီး NUG အဖွဲ့ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာသွားရန်လည်း လုပ်ဆောင်နေတယ်လို့ ငြိမ်းချမ်းရေးကို လိုလားသော NLD ပါတီတာဝန်ရှိသူတယောက်ကပြောပါတယ် ၊
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အောင်ကြည်ညွှန့်ဆိုသူ ဦးဆောင်တဲ့ ဝရမ်းပြေးအဖွဲ့ကလည်း NLD ပါတီအလုပ်မှု့ဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းတယ်ဆိုတဲ့ ကြေညာချက်တစောင်ထွက်ပေါ်လာပြီး အဆိုပါအလုပ်မှု့ဆောင်ထဲမှာပါဝင်နေသူတွေဟာ ဘယ်နေရာ ဘယ်ဒေသမှာ နေထိုင်နေပြီး လက်ရှိတိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ဘယ်လိုတာဝန်ယူမယ် ဘယ်လိုသဘောထားတယ် ဆိုတာကို တိကျပြတ်သားစွာ ဖေါ်ပြခဲ့ခြင်းမရှိတာကြောင့် အေးချမ်းစွာနေလိုတဲ့ NLD ပါတီဝင်တွေကြားမှာ အဆိုပါအဖွဲ့ကို ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှု့တွေ ပြုလုပ်လျှက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။
#MHTNews