Saturday, November 13, 2021

PDF ဟာ ပြည်သူတွေကိုကာကွယ်ရင်း စစ်ကိုတိုက်နေရသတဲ့လား။


ရယ်ဖို့ကောင်းတဲ့စကားပါပဲ။😏

မြန်မာနိုင်ငံမှာ မြို့ပေါင်းများစွာရှိပါတယ်။
     PDF မဝင်သေးတဲ့မြို့တွေအားလုံး
     ငြိမ်းချမ်းနေကြပြီး
     PDF ဝင်တဲ့မြို့တိုင်း စစ်မီးတောက်တယ်။
     ဒေသခံတွေဟာ စစ်ဘေးရှောင်တွေဖြစ်ကြရတယ်။
     အိုးအိမ်စည်းစိမ်တွေမီးလောင်တယ်။
     လူတွေ သေကြေပျက်စီးတယ်။

အိမ်စောင့်အစိုးရရဲ့ အာဏာစက်က
     တိုင်းပြည်တစ်ခုလုံးကို လွှမ်းခြုံနေတာလေ။
     စစ်တပ်မရှိတဲ့ မြို့ဆိုတာ အင်မတန်ရှားတာ။
     စစ်တပ်ကြောင့်ဒါတွေဖြစ်တယ်ဆိုရင်
     စစ်တပ်ရှိတဲ့မြို့တိုင်း မီးတောက်နေတော့မှာပေါ့။

ဘာဖြစ်လို့
     စစ်တပ်ပဲရှိတဲ့မြို့က အေးချမ်းနေပြီး
     PDF ဝင်တဲ့မြို့ပဲ မီးတောက်ရတာလဲ။

ဒီတော့ အဖြေကရှင်းရှင်းလေးပါ။
     PDF တွေအနေနဲ့က ပြည်သူတွေကို
     တကယ်ကယ်တင်ချင်တယ်ဆိုရင်
     မြို့တွေကို ကာဗာယူကာ ဝင်မတိုက်ပါနဲ့
     လွတ်ရာကျွတ်ရာ တောထဲကနေသာ သွားတိုက်ကြပါ။

မြို့ရွာတွေက သူ့ဖာသာသူနေတာအကောင်း
     PDF ဝင်တာနဲ့ပျက်ရတာကို
     PDF ကပြည်သူကို ကာကွယ်နေတာတဲ့လား။
     အံ့ဩဘ။

မကူညီချင်နေပါ။ မနှောက်ယှက်ပါနဲ့ဆိုတဲ့
     စကားဟာ PDF တွေအတွက်ပါပဲလားနော်။

#SniperSu