Wednesday, November 10, 2021

မင်းတပ်-မတူပီလမ်း၊ အေးသာရွာရှိ ဘုရားကျောင်းကို PDFက ဖျက်ဆီးပြီး နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူသွား


ချင်းပြည်နယ် မင်းတပ်-မတူပီကားလမ်း၊ မိုင်တိုင် ၂၆ အနီးဝန်းကျင်တွင် နိုဝင်ဘာလ ၇ ရက်၌ အကြမ်းဖက်PDFနှင့် တပနှင့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် မိုင်တိုင် ၂၃ ရှိ အေးသာရွာအား PDFများမှ ဝင်ရေက်မီးရှို့ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

"၂၃ မိုင်ရွာ၊ အေးသာရွာလို့လည်း ခေါ်တယ်၊ အိမ်ခြေက ၃၀ ဝန်းကျင်ရှိတယ်။ သင်းအုပ်ဆရာရဲ့ အိမ်အပါအဝင် ၇ လုံးကို မီးရှို့သွားတယ်၊ ဘုရားကျောင်းကို ဝင်ဖျက်သွားတယ်၊ တန်ဖိုးရှိပစ္စည်းတွေ ယူသွားတယ်" ဟု ဒေသသတင်းရင်းမြစ် ပြောဆိုသည်။

ရရှိထားသော ဓါတ်ပုံများတွင် အေးသာရွာရှိ မီးလောင်ပျက်စီးနေသော နေအိမ်များနှင့် PDFမှ အသုံးပြုခဲ့သော မီးလောင်ဗုံး (Thermobaric Grenade) ထုပ်ပိုးများ အခြံများအား တွေ့ရသည်။

ယင်းဓါတ်ပုံများသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး အဆိုပါ အေးသာကျေးရွာအတွင်း PDF့၏ ကင်းပုန်းများ ရှိနေနိုင်သေးကြောင်း ဒေသသတင်းရင်းမြစ်မှ ပြောသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်တွင် PDFအပြည့်ပါသော စစ်ကား ၁ စီး မင်းတပ်-မတူပီလမ်း ၁၀ မိုင်ဘက်သို့ ထွက်ခွာသွားကြောင်းနှင့် လက်နက်ကြီး ပစ္ခတ်သံမ်ား ကြားနေရကြောင်း မင်းတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

Credit