2004 ရဲ့ နိုင်ငံတော်အဆင့် ထမင်းစားဝိုင်းတခုမှာ သိပ္ပံ နဲ့ နည်းပညာဝန်ကြီး ဦးသောင်းကို ဘရွှေက.....
"ကိုသောင်းရေ
အနုမြူလက်နက်မရှိတဲ့ ဒို့နိုင်ငံကို အနုမြူရှိတဲ့ကောင်တွေက ဗိုလ်ကျတယ်ကွ ။ ဒါကြောင့် ထန်းသီးလောက်ပဲဖြစ်ဖြစ် ရှိတဲ့ အနုမြူတလုံး လုပ်စမ်းကွာ"
ဒီစကားကို ပြောလိုက်တော့ ကြားရသူတွေ စိတ်ထဲ ဘာလဲဟ ဆိုတဲ့ အတွေး တွေးမိသွားပြီး ဘရွှေကြီး စိတ်ကြည်နေလို့ နောက်တာနေပါဆိုပြီး ရီမောနေကြပါတယ် ။
သို့သော် ဘရွှေကြီး အတည်ပြောမှန်း များမကြာမှီ သိလိုက်ရပါပြီ ။ ဦးဆုံး ဘရွှေကြီး လုပ်တဲ့ အလုပ်က မြန်မာပြည် အနှံ့က တောတောင် ရေမြေတွေမှာ လှို့ဝှက်စွာ နဲ့ လှိုဏ်ခေါင်းတွေ တူးတာပါပဲ ။
လှိုဏ်ခေါင်းဆိုလို့ ခွေးတဝပ် လူတထိုင်စာ တူးတာ မဟုတ်ဖူး ၊ လူပေါင်းများစွာ ခိုအောင်းနိုင်ပြီး ရေဒီယိုလှိုင်း ကောင်းစွာ အသုံးပြုနိုင်တဲ့ သံလိုက်စက်ကွင်း နည်းပညာတွေ နဲ့ တွက်ချက် တည်ဆောက်ထားတဲ့ လှိုဏ်ခေါင်းကြီးတွေ ဖြစ်ပါတယ် ။
ထရပ် နှစ်စီး ယှဥ်မောင်းလို့ ရတဲ့အထိ ကျယ်ဝန်း ရှည်လျှားပြီး စားရေ ရိက္ခာများ လက်နက်ခဲယမ်းများ အပြင် အစည်းအဝေး ခန်းမများအထိ ပြည့်စုံအောင် တည်ဆောက်ခဲ့တာပါ ။
လှိုဏ်ခေါင်းတွေကို အနူမြူဗုံးဒဏ် ခံနိုင်အောင် တည်ဆောက်ထားပါတယ် ။ ဒီလောက် အဆင့်မြင့်တဲ့ လှိုဏ်ခေါင်းတွေကို မြန်မာတွေ တည်ဆောက်ဖို့ နည်းပညာမရှိပါဘူး ။
လာပြီး လှို့ဝှက်စွာ တည်ဆောက်ပေးသွားတာက မြောက်ကိုရီးယား ပညာရှင်တွေ ဖြစ်ပါတယ် ။ အဲဒီကာလတုန်းက မြန်မာ့တောတောင် အနှံ့မှာ ခပ်စိပ်စိပ်တွေ့ဖူးကြတဲ့ တရုတ်တွေ ဆိုတာ တရုတ်မဟုတ်ပါဘူး မြောက်ကိုရီးယားတွေသာ ဖြစ်ပါတယ် ။
လှိုဏ်ခေါင်း တခုခြင်းရဲ့ ကုန်ကျစရိတ်တွေကို အတိအကျ မသိရပေမယ့် ထွက်ပြေးသွားတဲ့ သစ္စာဖောက်နဲ့ အတူ ပါသွားတဲ့ အလတ်စား လှိုဏ်ခေါင်း ရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၂၂ သန်း ဆိုတော့ကား လှိုင်ခေါင်းပေါင်း ၆၀၀ ကျော် ကုန်ကျစရိတ်သည်ကား ကြောက်ခမန်း လိလိ ဖြစ်ပါတယ် ။
သယံဇာတတွေ ရောင်းချရုံနဲ့ ဒီလောက် မရနိုင်ပါဘူး အခြားသော ဝင်ငွေတွေ ဘယ်က ရှာခဲ့သလဲဆိုတာ ဘရွှေကြီး နဲ့ လက်တဆုပ်စာ လူတစုပဲ သိနိုင်ပါလိမ့်မယ် ။ အရိပ်အမြွှက်မျှ သိချင်ရင်တော့ ကျနော်ရေးခဲ့တဲ့ '' သရဲဖမ်း စာစဥ် ၆၆ ၊ ၆၇ '' ဖတ်ကြည့်ကြပါ ။
လှိုင်ခေါင်းတွေ တူးပြီးတော့ ဘာဆက်လုပ်သလဲ ..? ဘရွှေကြီးက လျှို့ဝှက် စက်ရုံတွေ တည်ပါတယ် ။ အဆင့်မြှင့် ကွန်ပြူတာတွေကို ပိတ်ဆို့ကြားထဲက မရ ရအောင် ကြံဖန်ဝယ်ယူပြီး စက်ရုံတွေ တည်ထောင်ခဲ့ပါတယ် ။
ရုရှားပြန် ပညာရှင်တွေရဲ့ ကဏ္ဍက အဲဒီမှ စခဲ့တာပါ ။ လျှို့ဝှက် မြေအောက် စက်ရုံတွေက ဘာတွေထုတ်နေသလဲ ဆိုတော့ ဒုံးပျံတွေ ကြိတ်ထုတ်ဖို့ ကြိုးစားနေတာပါပဲ ။
လျှို့ဝှက်စွာ ပြုလုပ်နေပေမယ့် သစ္စာဖောက်တွေကြောင့် ကမ္ဘာက တစိတ်တပိုင်း သိသွားကြပါတယ် ။ တစိတ်တပိုင်းဆိုတာ ဘရွှေကြီးရဲ့ ကြိုတင် တွက်ဆထားတဲ့ ပညာကြောင့် တစိတ် တပိုင်းပဲ သိသွားကြတာပါ ။
ဘရွှေကြီးက စက်ရုံကို တနေရာတည်း စုဝေး လုပ်ဆောင်စေတာ မလုပ်ပါဘူး ။ စက်ရုံပေါက်စလေးတွေ များစွာ ခွဲထားပြီး အစိတ်အပိုင်းတွေပဲ ထုတ်ခိုင်းတာပါ ။ ပြီးမှ အစိတ်အပိုင်းတွေ စုပေါင်းတပ်ဆင်ပြီး ဒုံးပျံ အဖြစ် ပုံဖော်တာပါပဲ ။
သစ္စာဖောက် တာဝန်ကျတဲ့ နှမ်းစာကျင်းတောင်ကြားက မြေအောက်စက်ရုံမှ အစိတ်အပိုင်းကို ကြည့်ပြီး အမေရိကန် ဒုံးပျံပါရဂူတွေ သုံးသပ်တာက ဒီ အစိတ်အပိုင်းသည် မိုင်ထောင်ချီ ပစ်ခတ်နိုင်တဲ့ ဒုံးပျံအင်ဂျင်ရဲ့ ဒီဇိုင်းအစ ပဲ ရှိသေးတယ် ၊ အောင်မြင်ဖို့ ဆယ်နှစ်လောက် လိုသေးတယ် လို့ ကောက်ချက်ချပါတယ် ။
(ထိုကာလနှင့် တွက်ချက်လျှင် နှစ်ပေါင်း ၁၅ နှစ်ခန့် ရှိပေပြီ)
ဘရွှေကြီးဟာ မြောက်ကိုရီးယားထံမှ တာနီးပစ်ဒုံး ၊ တာလတ်ပစ်ဒုံးတွေ ဝယ်ပါတယ် ။ ပြီးတော့ မြန်မာပြည်မှာ ပြန်ထုတ်ပါတော့တယ် ။ တည်ဆောက်နေသမျှ ဒုံးပျံတွေရဲ့ သယ်ဆောင်နိုင်စွမ်းကိုတော့ နျူထိပ်ဖူးတွေ တပ်ဆင် ပစ်ခတ်နိုင်အောင် ပြုလုပ်ကြရပါတယ် ။
နောက်ခြေလှမ်းကတော့ ရုရှား နဲ့ နျူဒြပ်ပေါင်းဖို တည်ရန် စာချုပ် ချုပ်လိုက်ကြတာပါပဲ ။ အနောက်အုပ်စု ကြွက်ကြွက်ညံသွားပြီး ကန့်ကွက်ကြတော့ပါပဲ ။ ဘရွှေကြီးက ကမ္ဘာ့နျူထိမ်းချုပ်ရေး အဖွဲ့ကြီးထံ တရားဝင် တင်ပြတောင်းဆိုပါတယ် ။ သို့သော် အမေရိကန် မီးစိမ်းမပြတော့ ခွင့်ပြုချက် မပေးခဲ့ပါဘူး ။
အဲသလို ပိတ်ဆို့ နှောက်ယှက်လို့သာ နောက်ဆုတ် အလျှော့ပေးတမ်းဆိုရင် အညာသားကြီး ဘယ်ဟုတ်တော့မလဲ လေ ။ ဘရွှေကြီးက ဘယ်သူ့မှ စောက်ဂရုမစိုက်တော့ပဲ ငါ အသိပေးပြီးပြီ စည်းကမ်းအတိုင်း တောင်းဆိုပြီးပြီ ခွင့်မပြုလည်း ဘောပဲ ကွ ဆိုပြီး နျူဒြပ်ပေါင်းဖို စီမံကိန်း ဆက်လုပ်ပါတယ် ။
အနောက်အုပ်စု ရဲ့ ဆူပူကန့်ကွက်သံတွေ ဆူညံလာတာ တချက် ရုရှားရဲ့ နျူနည်းပညာတိုးတက်လာရတာ တချက်ကြောင့် အဲဒီ အစီအမံတွေ ရပ်ဆိုင်းသွားပြန်ပါတယ် ။
မကြာခင်မှာပဲ မြောက်ကိုရီးယားရဲ့ နျူထိပ်ဖူးတပ် ဒုံးပျံတွေ မြန်မာဆိပ်ကမ်းကို ပို့ဆောင်သွားပြီ ဆိုတဲ့ သတင်းတွေ ထွက်လာတော့တာပါပဲ ။ မြန်မာကတော့ သဘော်ပေါ်က သယ်တာတောင် ညဖက်ကြီးမှ မိုးကာအုပ် သယ်သွားပြီး ဘာပစ္စည်း ဘယ်သယ်သွားတယ် ဆိုတာ ဘယ်သူမှ မသိလိုက်အောင် လုပ်ဆောင်သွားပါတော့တယ် ။
မကြာခင် ကာလမှာပဲ မြန်မာတပ်မတော်ထုတ် တာလတ်ပစ် ဒုံးတွေဟာ ဘဂ်လား နဲ့ ထိုင်းတို့ရဲ့ လက်တကမ်းမှာ အလုံးအရင်းနဲ့ ဖြန့်ကျက်ပြီး ဖြစ်နေပါပြီ ။ ဒါတွေဟာ ပုံပြင်တွေ မဟုတ်ပါဘူး ။ ကမ္ဘာ့သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါခဲ့တဲ့ ဦးရွှေမန်း ရဲ့ မြောက်ကိုရီးယား လှို့ဝှက်ခရီးစဥ် ပေါက်ကြားမှုကို မှတ်မိကြမှာပါ ။
ရက်ရှည်ခရီးစဥ်ကြီးမှာ ဦးရွှေမန်း အဖွဲ့ကြီးရဲ့ အဓိက လေ့လာခဲ့ရတဲ့ ပညာက မြေအောက် လှိုဏ်ခေါင်းအတွင်း စက်ရုံတည်ခြင်း နဲ့ ဒုံးပျံများ ဖြန့်ကျက် သိုလှောင်ခြင်းအတွက် ဖြစ်ပါတယ် ။
ဘရွှေကြီးဟာ သူ့တိုင်းပြည် သူ့တပ်မတော် သူ့ပြည်သူအတွက် သူ့တာဝန်ကျေပြီလို့ ယူဆပြီး မြန်မာပြည်ကြီးအား စနစ်တခုမှ တခုသို့ သွေးမြေကျခြင်း အလျှင်းကင်းစွာ နဲ့ လက်လွှဲပေးအပ်သွားနိုင်ခဲ့ပါပြီ ။
ဝေဖန်သူ ရှုံ့ချသူ ထောက်ခံသူ ချီးမွှမ်းသူတွေ ကြားကနေ သူ့သမိုင်းကို သူ အလှပဆုံး ရေးထိုးသွားခဲ့တဲ့ ဘရွှေကြီးရဲ့ နေရာကို ဦးသိန်းစိန် နဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင်တို့ ဆက်ခံကြရင်း အရပ်ဖက် တပ်ဖက် လက်တွဲညီညီ နဲ့ ဆက်လက်ချီတက်ခဲ့ပါတယ် ။
နည်းပညာတို့သည်ကား ဘရွှေကြီး နျူစိတ်ကူး စတင်ထုတ်ပြောခဲ့သည့် ၂၀၀၄ နှင့် ဘာမှ မဆိုင်အောင် တိုးတက်လာခဲ့ချေပြီ ။ စစ်ဖက်ဆိုင်ရာ နည်းပညာတို့သည်ကား ပြောဖွယ်မရှိအောင် အံ့ချီးဘနမ်း တိုးတက်လာရချေပြီ ။
မြန်မာ့တပ်မတော်ကတော့ ဘရွှေမျိုးစေ့ ချပေးထားတဲ့ အပင်ပေါက်တွေ အရွယ်ရောက် ရွန်းရွန်းဝေနေချိန်မို့ ခေတ်နဲ့ အမှီ နည်းပညာတို့ ဖြစ်ထွန်းလာခဲ့ရပါပြီ ။
လက်ရှိတပ်ချုပ်ကြီးကလည်း သူ့ဆရာ ဘရွှေကြီး အုတ်မြစ်ချပေးခဲ့တဲ့ ကာကွယ်ရေး လမ်းကြောင်းပေါ်မှာ အကောင်းဆုံး ခေတ်အမှီဆုံး အလုံခြုံဆုံး ကာကွယ်ရေး လက်နက်တို့အား တတ်စွမ်းရှိသရွှေ့ ဝယ်ယူခြင်း ၊ တီထွင်ခြင်း ၊ ပူးပေါင်းခြင်း နည်းတွေ နဲ့ မြန်မာ့တပ်မတော်ကို လူရိုသေ ရှင်ရိုသေ အဆင့်သို့ ဆွဲတင်ခဲ့ပါပြီ ။
ဘယ်လိုတွေ ဖြစ်ထွန်းနေပြီလည်း ဆိုတာ ဆက်လက်လေ့လာကြည့်မယ်ဆိုရင်တော့...
ကိုရွှေမျိုးဝင်း