Tuesday, November 9, 2021

ဘရွှေ မှ ရွှေဘသို့ နျူလက်ဆောင် (2)


          ပထမဆုံး တိုးတက်မှု အခြေခံတွေက စပြောပါ့မယ် ။ လက်နက်တွေအကြောင်း အရပ်သား သာမန်ပြည်သူတွေ နားလည်လွယ်အောင် တင်ပြရတာမို့ မပြည့်စုံမှုများ လိုအပ်ချက်များ ရှိခဲ့ပါက ကျနော့်ရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ် ။ 

         မြန်မာ့ တပ်မတော်ဟာ ခေတ်သစ်တိုက်ပွဲတွေမှာ လေယာဥ်နဲ့ ဗုံးကြဲသကဲ့သို့ ထိရောက်သော MLRS အမျိုးအစားများအား ဦးစွာဝယ်ယူခဲ့ပါတယ် ။ 

      120mm MLRS Type 81 မှာ 40mm လောင်ချာဖြစ်ပါတယ် ။ 6×6 ယာဥ်တင်အမျိုးအစား ဖြစ်ပါတယ် ။ 

       Type 90 ကတော့ ဒီဂျစ်တယ် စနစ် ဖြစ်ပြီး Auto လည်ပတ်ကာ လျှပ်စစ်နဲ့ ပစ်ခတ်တဲ့ အမျိုးအစားဖြစ်ပါတယ် ။

     မူလစွမ်းရည် အကွာအဝေး ကီလို 20 ( ၁၂ မိုင်) ဖြစ်ပါတယ် ။ အဲဒါကို မြန်မာ့တပ်မတော်က လိုစင်ယူပြီး အဆင့်မြှင့်ပြုပြင်လိုက်ရာ ကီလို 40 (၂၄ မိုင်) အထိ ထိရောက်တဲ့ MA 122 တွေ ဖြစ်လာပါတယ် ။ 

      ဒုံးကျည်များ အပစ်ခံရတဲ့ ရန်သူများသည် သူတို့ဝန်းကျင်ပတ်လည်၌ လျင်မြန်သောပေါက်ကွဲမှုလှိုင်းများကြောင့်သွေးပျက်အောင် ကြောက်ရွံ့ထိတ်လန့်နေကြရပါမယ် ။

         ဒီလောက်နဲ့ ရပ်တံ့ဖို့ စိတ်ကူးမရှိတဲ့ တပ်မတော်ဟာ သူ့ထက် နှစ်ဆပြင်းထန်ထိရောက်တဲ့ 240 mm MLRS ကို ထပ်မံဝယ်ယူပါတယ် ။ 

         ဝယ်ပြီး မကြာခင် ၂၀၁၇ မှာပဲ မြန်မာ့တပ်မတော်ထုတ် 6×6 ယာဥ်တင် 240 mm MLRS တွေ ထွက်လာတာပါပဲ ။ ထိရောက်မှုက ကီလို 70 (၄၂ မိုင်) ရှိပြီး စက္ကန့် ၂၀ နဲ့ ဒုံးကျည် ၁၂ စင်း ပစ်ခတ်နိုင်ပါတယ် ။ 

          မြန်မာ့တပ်မတော်ဟာ လက်နက်ချည်း ကိုယ်ပိုင်ထုတ်လုပ်ခဲ့တာ မဟုတ်ပဲ လိုအပ်တဲ့ ခဲယမ်းများကိုလည်း အဆင့်မှီစွာ ထုတ်လုပ်နိုင်ခဲ့ပါတယ် ။ 

    ၂၀၁၇ ခုနစ်ထုတ်ပြန်ချက်အရ ပြည်တွင်းထုတ် 240 mm MLRS အစီးရေ ၄၀ မှ ၆၀ ဆိုတော့ ယနေ့ဆိုရင် မည်မျှ ရှိနေပြီဆိုတာ မှန်းဆကြည့်နိုင်ပါပြီ ။    

       ဒါတွေကို တပ်မတော်နေ့မှာ ထုတ်ပြထားပါတယ် ။ ပြည်တွင်း သောင်းကျန်းမှုအတွက်ကတော့ ဒီလောက်ဆိုရင် ဖူလုံပြီလို့ ဆိုရပါမယ် ။ ပြည်ပအတွက်ရော ဘာတွေ လုပ်ထားပါသလဲ......?

        2010 မှာ တပ်မတော်ဟာ လေကြောင်းရန် ကာကွယ်ရေး အတွက် တရုတ်နိုင်ငံကနေ KS-1B ဒုံးပျံစနစ် ၁၆ လက် (တပ်ခွဲ ၄ ခွဲ) ဝယ်ယူခဲ့ပါတယ် ။
အဆင့်မြှင့်ထားတဲ့ အတွက် KS 1M လို့လည်း ခေါ်ကြပါတယ် ။ 

         ၂၀၀ အကွာက ပစ်မှတ်တွေကို ထောက်လှမ်းနိုင်တဲ့ H-200 phased array radar စနစ်တပ်ဆင်ထားပါတယ်။ တပြိုင်တည်းမှာ ပစ်မှတ် ၃ ခုကို ပစ်ခတ်နိုင်ပါတယ်။ ပစ်မှတ် ၁ ခုကို ဒုံးပျံ ၂ စင်းစီနဲ့ စုစုပေါင်း ဒုံးပျံ ၆ စင်းကို တချိန်တည်း ပဲ့ထိန်းနိုင်ပါတယ်။

         အမြင့် ၂၅ ကီလိုမီတာ၊ အကွာအဝေး ကီလိုမီတာ ၇၀ အထိပစ်နိုင်ပါတယ်။ KS-1B ဒုံးပျံစနစ် ၆၄ စင်း (ပြည်တွင်းထုတ် ၄၈ နှင့် တရုတ်နိုင်ငံမှ ဝယ်ယူ ၁၆ စင်း) အသုံးပြုလျက်ရှိပါတယ်။ 2025 မှာ အစင်း ၆၀ မှ ၇၂ စင်းအထိ ထုတ်လုပ်ဖို့ ဆောင်ရွက်နေပါတယ် ။ 

        နောက်တခုကတော့ ဘီလာရုထုတ် Kvadrat-M လေကြောင်းရန်ကာကွယ်ရေးစနစ်​​ဖြစ်ပါတယ် ။ ခရုဇ်ဒုံး ၊ လေယာဉ် ၊ ရဟတ်ယာဉ် နဲ့ UAV တွေကို ပစ်ချဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ် ။

          အကွာအဝေး ၁၅ ကီလိုမီတာကနေ ၂၂ ကီလိုမီတာ အထိပစ်နိုင်ပြီး အမြင့်မီတာ ၃.၃ ကနေ ၃၅ ကီလိုမီတာအထိ ပစ်နိုင်ပါတယ် ။ 

        ၂၀၁၆ မှာ ထုတ်ပြတဲ့ ဒီKvadrat-M ဟာ မြန်မာ့တပ်မတော်မှာ ၂၄ မှ ၄၈ အထိ အသုံးပြု ကာကွယ်နေကြောင်း သိရပါတယ် ။ 

           နောက်တခုက Pechora-2M ​ဖြစ်ပါတယ် ။မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်သည်ရိုးရှင်းပြီး ပြင်းထန်ပါတယ် ။ အီလက်ထရောနစ်တန်ပြန်တိုက်လေယာဉ်များ အပါအ၀င်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ခရုဇ်ဒုံးကျည်များကိုကာကွယ်ရေးအတွက် ထုတ်ထားတာပါ ။ 

       Pechora-2M ၏ electro-optical system သည်လေယာဉ်အားကီလိုမီတာ ၃၀ မှ ၄၀ အထိအကွာအဝေးနှင့် ၁၇ မှ ၂၅ ကီလိုမီတာတွင်ခွဲခြားနိုင်သည် ။ တပ်မတော်တွင် ဤစနစ် ၃၂ ခု ရှိပြီးဖြစ်ပါတယ် ။ 

        အဲဒီလို လေကာ စနစ်တွေ အတွက် ဒေသတွင်းနိုင်ငံများ စောင့်ကြည့်နေရတဲ့ အခြေအနေမှာပဲ အားလုံးအံ့အားသင့်ဖွယ် သတင်းထုတ်ပြန်လိုက်ပြန်ပါတယ် ။ 

       အဲဒါကတော့ Pantsir-S1 လေကာစနစ်ကို မြန်မာသို့ ရောင်းချမယ်ဆိုပြီး ရုရှားက ကြေငြာလိုက်တာပဲ ဖြစ်ပါတယ် ။ 

          Pantsir S-1 သည်တစ်ချိန်တည်းတွင်ပစ်မှတ်နှစ်ခုကိုထိတွေ့နိုင်ပြီးတစ်မိနစ်အတွင်းပစ်မှတ် ၁၂ ခုအထိတိုက်ခိုက်နိုင်သည်။ ထိရောက်သောအကွာအဝေးမှာ ၂၀ ကီလိုမီတာနှင့်အမြင့်ဆုံးမှာ ၈ ကီလိုမီတာဖြစ်သည် ။

          ရုရှားစစ်တပ်သုံး နောက်ဆုံးပေါ် လက်နက်ဟာ ပြင်ပကမ္ဘာမှာ မြန်မာက ပထမဆုံး ရရှိတဲ့ အဆင့်မြင့်ဆုံး လေကာဖြစ်ပါတယ် ။ 

           မြန်မာ့တပ်မတော်အတွက် အဆင့်မြင့်ရေဒါတွေ နဲ့ လေကာတွေဟာ မိမိတိုင်းပြည်ပိုင်နက်အား ကာကွယ်အား အတော်အတန် ကာကွယ်နိုင်ပြီလို့ ယူဆရပါတယ် ။ သူတပါးတိုင်းပြည်အား ကျူးကျော်ရန် ရည်ရွယ်ချက် မရှိသော်လည်း နားရွက်တံတွေးစွပ် ခံရလျှင်တော့ သည်းခံမယ့် မပေါ်ပါဘူး ။ 

           ဒါကြောင့်လည်း ဘရွှေကြီး လက်ထက်ကတည်းက တာလတ် ပစ် နျူထိပ်ဖူးတပ် ဒုံးတွေ စထုတ်ထားခဲ့ခြင်း ဖြစ်ပါတယ် ။ 
အမြဲတမ်း လေ့လာ ထုတ်လုပ်နေတဲ့ ဒီလုပ်ငန်းများဟာ ဘယ်အတိုင်းအတာ အထိ ရောက်နေပြီလည်း ဆိုတာကတော့ နိုင်ငံတော် အဆင့်လှို့ဝှက်ချက်တွေ ဖြစ်လို့ ကျနော်တို့ မသိနိုင်ပါဘူး ။ 

        ကျနော်တို့ မှန်းဆရသလောက်နဲ့သာ တွေးယူကြရမှာပါ ။ ဒုံးပျံပစ်လွှင့်ခြင်း ပညာနဲ့ ပတ်သက်ရင် ရုရှားက ထိပ်သီးအဆင့် ပရော်ဖက်ဆာဘွဲ့ရထားတဲ့ မြန်မာအရာရှိ နဲ့ ကမ္ဘာပတ် လမ်းကြောင်းဆီသို့ ကုန်ကျစရိတ် အနည်းဆုံးနဲ့ ရည်မှန်းတဲ့နေရာသို့ ဒုံးပျံ ပစ်တင်ခြင်း ပြိုင်ပွဲ ကျင်းပရာမှာ မြန်မာအဖွဲ့က ကမ္ဘာအဆင့် နံပါတ် ၆ နေရာ ရရှိခဲ့ပါတယ် ။ 

          ဒီ နှစ်ချက်ကို ကြည့်ခြင်းအားဖြင့် ဒုံးပျံပစ်လွှင့်ခြင်း နည်းပညာကို ကျနော်တို့ ကောင်းစွာ တတ်မြှောက်နေပြီလို့ ယူဆကြရပါမယ် ။ 

          နောက်တချက်က သစ္စာဖောက် ယူသွားတဲ့ ဒုံးအင်ဂျင် အစိတ်အပိုင်းဟာ အောင်မြင်သွားရင်တော့ အိန္ဒိယ သမုဒ္ဒရာရှိ အမေရိကန် ရေတပ်အခြေစိုက်စခန်းထိ ထိရောက်တဲ့ စွမ်းဆောင်ရည် ရှိလိမ့်မယ်လို့ ပြောထားတာလည်း ရှိပါတယ် ။ 

        မနှစ်က ရုရှား နဲ့ မြန်မာ အာကာသမှာ လက်နက်မတပ်ဆင်ပါဘူး ဆိုတဲ့ စာချုပ် ချုပ်ခဲ့ကြတာ မှတ်မိကြမှာပါ ။ ရုရှားလို တိုင်းပြည်ကြီးက မြန်မာလို တိုင်းပြည်ကို အာကာသမှာ လက်နက်မတပ်ဆင်ရ ဆိုပြီး ဘာကြောင့် စာချုပ် ချုပ်ထားရတာလဲ ဆိုတာ တွေးဆကြည့်ပါ ။ 

       အချိန်ကျလာတာနဲ့ မြန်မာတို့ ကိုယ်ပိုင် ဂြိုလ်တု နဲ့ အဆင့်​​မြင့်ဒုံးပညာ ရမယ်လို့ ယုံကြည်ခြင်း ၊ သူတို့ကလည်း မရရအောင် ကူညီ ပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားခြင်းတို့ကြောင့်သာ ဒီစာချုပ် ကြိုတင် ချုပ်ဆိုခဲ့တာပါ ။ 

      လတ်တလောမှာ ရုရှားရဲ့ နာမည်ကျော် S 300 ဝယ်ထားခြင်း ၊ တရုတ်ရဲ့ S 400 ဝယ်ထားခြင်း နဲ့ အတူ မြန်မာ့ဒုံးတပ်သားတို့ ရုရှားမှာ S 400 ထိမ်းချုပ်ပစ်ခတ်ခြင်း သင်တန်းတက်နေခြင်းတို့ဟာ ဒေသတွင်း နိုင်ငံတွေ အတွက် အိပ်မပျော်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတော့တယ် ။ 

          ကဲ ကျနော်တို့ သိပ်သိချင်နေကြနေကြတဲ့ မြန်မာမှာ နျူ ရှိနေလောက်ပြီလား..... ? ရုရှားရဲ့ ဟိုက်ပါဆောနစ် စနစ်ဆိုတာ ဘာလဲ...... ?

          အဲဒါတွေ နဲ့ မြန်မာ့တပ်မတော် ဘယ်လို ဆက်စပ်လာမလဲ ဆိုတာ ဇာတ်သိမ်းပိုင်းမှာ ဆက်လက်လေ့လာကြည့်ပါ့မယ် ဗျာ ။

        ကိုရွှေမျိုးဝင်း