Tuesday, November 9, 2021

စည်းလွတ် ဘောင်လွတ် မဝါးနဲ့


            ညနေစောင်းမှ ကိုကြီးစိုး ရောက်လာတာနဲ့ အိမ်မှာပဲ လေကန်ကြပါတယ် ။ 

"ငမျိုး ရေ အမြန်လမ်းက ရဲစခန်း ကိစ္စက လူကြားလို့ မကောင်းဖူး ကွာ ''

"ဟုတ်ပါ့ ပေါ့ဆတယ်လို့ ပြောရမလား ဒါမျိုးလည်း ဘယ်သူက ထင်မှတ်ထားမလဲ ဗျာ ''

"အေးကွ ကိုယ့်စခန်းက နယ်သပ်မဟုတ် ဘာမဟုတ်ဆိုတော့လည်း ဟုတ်မှာပါကွာ ''

"နောက်တခု စဥ်းစားမိတာက လူရင်း ပါနိုင်တယ်ဗျ အရင်ကတည်းက ဝင်ထွက်နေကြ တယောက်လောက် ပါနိုင်တယ် အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားလို့သာ ငါးယောက်လုံး ခံရတာကိုး ''

"အေးကွ ပြေးချိန်တောင် မရဘူးဆိုတော့ ဒါလည်း ဖြစ်နိုင်တာပဲ ကွ နေပါအုံး သူတို့က နိုင်မယ် ထင်လို့ လုပ်နေကြတာလား ကွ ''

"အဲဒါလည်း ပါမယ် ဆေးကွဲနေကြတာလဲ ပါမယ် တကယ်တော့ ဒီကောင်တွေက ခိုးဝင်တွေလောက်တောင် အကင်းမပါး ပါဘူး ဗျာ ''

"ဟေ ဘာလို့လဲ ကွ ''

"ခိုးဝင်တွေ တောက်လျှောက်မိနေတာ ဘာဖြစ်လို့ ထင်သလဲ ဗျ NLD အတွက် မျှော်လင့်ချက် မရှိတော့မှန်း သိနေလို့ဗျို့ တပ်မတော်က ကြာလေ အခြေခိုင်လေ ဖြစ်ပြီး နောက်ဆို ခိုးဝင်ဖို့ ပိုပြီးမလွယ် ဖြစ်မှာ သိနေလို့ အခုချိန်ကြီး စွန့်စားပြီး ခိုးဝင်နေကြတာ ပဲ ''

"ဒါလည်း ဟုတ်တာပဲ NLD ပြန်လာမယ်ဆိုရင် သူတို့က လေထီးအစုံ နဲ့ ကြိုးခုန်ဖို့ အသာအယာ ပြန်လာဖို့ပဲ ရှိတာလေ ''

"ဒါကြည့်ပြီး NLD ပြန်မလာနိုငိတာ သိလို့ ခိုးဝင်နေတာဗျ သိပြီလား ''

"ဒါနဲ့ NLD က CEC အသစ်ပြင်ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်မယ်လို့ သတင်းထွက်နေပါလား ကွ ''

"သူတို့ဘာသာ လုပ်ချင်တာ လုပ်ပါလေ ရွေးကော် အသစ်ရဲ့ ဆုံးဖြတ့ချက် လာပြီးမှ ပြောရမယ့် ကိစ္စပါဗျာ ''

"အကယ်၍ နစက ကနေ ခွင့်ပြုမယ် ဆိုရင်ကော ကွ ''

"ဟဲ ဟဲ အဲသလို ခွင့်ပြုလိုက်ရင် တပ်မတော်အနေနဲ့ သူတို့ ပြောပြောနေတဲ့ ၂၀၀၈ ခြေ / ဥ ကို ဆွဲစုတ်လိုက်ရုံပေါ့ ဗျာ မဲခိုးလို့ အာဏာသိမ်းရပါတယ် ပြောပြီး မဲခိုးတဲ့ပါတီကို ဖျက်မပစ်ပဲ ခွင့်ပြုရင် သူတို့ လုပ်ခဲ့ ပြောခဲ့သမျှ အလကားဖြစ်သွားမှာပေါ့ ဗျာ မဲခိုးမှုထက် ကြီးတဲ့ ပြစ်မှု မရှိဘူးဗျ ''

အေး ဟုတ်ပါပြီ ဒါနဲ့ ကရင် ဝန်ကြီးချုပ် နဲ့ စည်ပင်ဝန်ကြီးတော့ ၇၅ နှစ် နဲ့ နှစ် ၉၀ တဲ့ ကွ ''

"ဟုတ်ပါ့ တမှု ၁၅ နှစ်နှုံး နဲ့ အပြည့်ချလိုက်တာပဲ ဗျ ''

"အင်း ကျန်တဲ့သူတွေလည်း ဒီ သတင်း လန့်နေရောပေါ့ ''

"သေချာတာပေါ့ ဗျာ ''

"တခုမေးမယ်ကွာ အရင် ဗိုလ်ချုပ်တွေလည်း ခိုးမှာပဲကွ အခုလို ဘာဖြစ်လို့ တရားစွဲ မခံကြရတာလဲ ''

"NLD အာဏာရနေစဥ်က အဲသလို တရားစွဲချင်လွန်းလို့ သက်သေ အသဲအသန် ရှာကြတာပေါ့ မတွေ့လို့ စွဲမရပဲ ဖြစ်ပြီး လက်လျှော့ထားကြတာ ဗျ ''

"ဟုတ်ပါ့ မလား ကွ ဗိုလ်ချုပ်တွေ ချမ်းသာနေတာလည်း အားလုံး သိနေကြတာပဲ ကွာ ''

"ဒီလို ဗျ သူတို့ မစားဘူး မပြောပါဘူး စားပါလိမ့်မယ် သို့သော် ဘောင်ထဲက စားကြတာဗျ ''

"ဘယ်လို ဘောင်ထဲကလဲ ကွ ''

"ဒီလို ဗျ စစ်ဘက်ရာထူး ရှိနေကြစဥ်မှာ ဗိုလ်ချုပ် အဆင့်တွေဆို အနည်းနဲ့ အများ လက်နက် ကော်မရှင် ရလေ့ရှိပါတယ် ''

"ဘယ်လို လက်နက် ကော်မရှင်လဲ ကွ ''

"စစ်လက်နက် ဝယ်ပြီဆိုတာနဲ့ အရောင်း ကုမ္ပဏီက 2 % ကနေ 10 % အထိ လက်ဆောင် လျှော့ပေးလေ့ ရှိတယ်ဗျ ''

"ဒီတော့......''

"အဲဒါကို ဆိုင်ရာ ဗိုလ်ချုပ်တွေ အချိုးကျ ရလေ့ထုံးစံရှိတယ် ဗျ စာရင်းစစ်ကြည့်လည်း အားလုံးကွက်တိ ကုမ္ပဏီတွေက တမင် ပေးလိုက်တဲ့ ငွေကြေးဆိုတော့ စာရင်းစစ်မရပဲ ရကြတာပဲ ဗျ ''

"ဒါပဲလား ကွ ''

"အရပ်ဖက်ရောက်တော်လည်း တင်ဒါတွေ ခေါ်ရင် 10 % ထပ်ရသဗျ ၊ စာရင်းစစ်မရတဲ့ ငွေလေ ဒီတော့ ချမ်းသာတာ မဆန်းဘူး လေဗျာ ''

"ဒါဆို အခု တရားစွဲခံ ထောင်ကျနေတဲ့ NLD တွေက......''

"စည်းမရှိ ကမ်းမရှိ နွားငတ်ရေကျ စားထားကြလို့ စစ်ဆေးပေါ်ပေါက်ပြီး ထောင်ကျကုန်တာ ဗျ ''

"သြော် ဝါးလို့ရတိုင်း စည်းလွတ် ဘောင်လွတ် မဝါးနဲ့ပေါ့လေ ကောင်းပါ့ကွာ ကဲ ပြန်ပြီကွာ ''

         ကိုရွှေမျိုးဝင်း

(ကျုပ်ကို သူခိုးလို့ ဝိုင်းခေါ်စမ်းပါ ဆိုတဲ့ ဦးနု နဲ့ ဒီမယ် ကိုကြည်မောင် စာရိတ္တနဲ့ ပတ်သက်ရင် ၊ တိုင်းပြည်ချစ်စိတ်နဲ့ ပတ်သက်ရင် အချိန်မရွေး မှတ်ကျောက်တင်ခံရဲတယ် ဆိုတဲ့ ဦးခင်ညွှန့်ရယ် အခုချိန်မှာ လွမ်းမိတာ လွန်သလားဗျ)


Related Posts:

  • #သူတိုယုတ်မာခဲ့လေသည်#ဆူပူအကြမ်းဖက်သမားများကိုကြိုးဆွဲခိုင်းစေ#CDMဆိုသည့်ရဲ့နောက်ကွယ်ကလူသတ်သမား သမိုင်းရဲ့ အဓိက တရားခံ============#သူတိုယုတ်မာခဲ့လေသည်ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းက စ ပြီး အစိုးရ၊ ပုဂ္ဂလိကဝန်ထမ်းတွေကို CDM ခိုင်းခဲ့ကြရာမှာ ဆေးဘ… Read More
  • သတင်းမှန် မှ စီမံမှုမှန်ပါမယ်          ယနေ့ တနိုင်ငံလုံးရဲ့ အောက်ခြေမှာ ဖြစ်ပျက်နေသမျှ အခက်အခဲအားလုံးကို နစက ဥက္ကဋ္ဌကြီး အကုန်သိမယ်လို့ ယူဆထားကြပါသလား ။       လုံးဝ မသိပါဘူး ဘာကြောင့်လဲ ဆိုရင် နယ်မြေတာဝန်ခံ စရဖ ၊ SB တွေက သတင်းတင်ပြရင် ဦးစွာ မြို့နယ်မှူးက… Read More
  • ကြေးစားမဟုတ်ဘူး စေတနာ့ ဝန်ထမ်းတွေက ကြေးစားမဟုတ်ဘူး ၊ သူတို့တွေက တန်ဖိုးဖြတ်မရတဲ့ မွန်မြတ်တဲ့အလုပ်တွေ လုပ်နေကျသူတွေလည်းဖြစ်သလို အဲ့အလုပ်တွေကိုလည်း ငွေနဲ့ပေးဝယ်လို့မရဘူး။Volunteers don’t get paid, not because they’re worthless, but because the… Read More
  • ကာကွယ်ဆေး ထိုးပေးမည့်NUG ရုံးကို နာဆာအဖွဲ့ကအာကာသထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကမ႓ာကျော်အာကာသဆိုင်ရာ သိပ္ပံ မဂ္ဂဇင်း တစ်ခုက ကြေညာသွားကြောင်း သတင်းတွေအရ သိရှိရပါတယ်။ကာကွယ်ဆေး ထိုးပေးမည့်NUG ရုံးကို နာဆာအဖွဲ့ကအာကာသထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကမ္ဘာ… Read More
  • ရုရှားဘာကြောင့် အမေရိကန်ကို အခဲမကြေတာလဲ။ တချိန်က ကမ္ဘာ့မြေပုံရဲ့ ခုနစ်ပုံတစ်ပုံကို ပိုင်ဆိုင်ထားတဲ့ဆိုဗီယက်ရုရှား ပြည်ထောင်စုကြီးဟာ ကမ္ဘာ့အကြီးဆုံးကွန်မြူနစ်နိုင်ငံကြီးဖြစ်ခဲ့ပါတယ်။ဆိုဗီယက်ရုရှားပြည်ထောင်စုကြီးပြိုကွဲခြင်းနဲ့ မြန်မာပြည်ရဲ့လက်ရှိလားရာလမ်းကြောင်းဟာတူည… Read More