မြန်မာပြည်ရဲ့ အခြေအနေဟာ အရေးပါတဲ့ ပထဝီအနေအထားကြောင့် အနောက်အုပ်စု အနေနဲ့ ဘယ်နည်းနဲ့ရရ လိုချင်နေတာ သေချာပါတယ် ။
အိမ်နီးချင်း ဆိုးတွေရဲ့ ရန် နဲ့ အဝေးက ရန်ရှာနေကြတဲ့ အနောက်အုပ်စုကြောင့် ဘရွှေကြီးတယောက် နျူစီမံကိန်း လုပ်နေရင်းတန်းလန်း အကြောင်းပြချက် မရှိပဲ ရပ်တံ့ထားလိုက်တဲ့ အချက်က တွေးစရာတွေ အများကြီး ဖြစ်လာရပါတယ် ။
ရုရှား နဲ့ ပြုလုပ်ဆဲ နျူဓာတ်ပေါင်းဖို စီမံကိန်းစီမံကိန်း ဘာကြောင့် ရပ်လိုက်သလဲ.... ? ဒါမျိုးလုပ်ရပ်သည် ဘရွှေရဲ့ စရိုက် လက္ခဏာ နဲ့ ဆန့်ကျင်နေတာလည်း အမှန်ပါပဲ ။
အနုမြူဗုံးထုတ်ဖို့အတွက် နျူဒြပ်ပေါင်းဖိုကြီး တည်ရမယ် ။ လျှပ်စစ်ထုတ်မယ် ပြီးရင် ထွက်လာတဲ့ စွန့်ပစ် ပစ္စည်း (ကိတ်ဝါ) နဲ့ ဗုံးလုပ်ရမယ် ။ ဒါက သမရိုးကျ ထုတ်ရိုးထုတ်စဥ် လို့ ဆိုရပါမယ် ။ အဲဒါကြောင့် နျူဒြပ်ပေါင်းဖိုက ထွက်လာတဲ့ (ကိတ်ဝါ) ကို တအောင်စ မကျန် အနုမြူထိမ်းချုပ်ရေးကော်မရှင်ထံ ပြန်အပ်ကြရပါတယ် ။
အလွန်ဥာဏ်များတဲ့ ဘရွှေကြီး နဲ့ အနုမြူဓာတ်ပေါင်းဖိုကို နံပြားဖို တည်ဆောက်သလို တည်ဆောက်နိုင်တဲ့ နည်းပညာရှင် ရုရှားတို့ ပေါင်းစည်းပြီးမှ နောက်ဆုတ်သွားကြတာ ဘာကြောင့်လဲ........
နည်းပညာ တိုးတက်ပေါက်ကွဲမှုကြောင့်လို့ ယူဆမိပါတယ် ။ ကိုယ်မသိခဲ့ပေမယ့် အဲဒီကာလကတည်းက အကြီးစားမော်တော်ယာဥ်ပေါ်မှာ နျူဒြပ်ပေါင်ဖို အသေးစားတွေ နဲ့ ထုတ်လုပ်နေပါပြီ ။
ဒီလိုကားတွေ နဲ့ မြေအောက်လက်နက်စက်ရုံတွေ အတွက် ရည်စူးပြီး ဘရွှေတူးထားတဲ့ လှိုဏ်ခေါင်း အကြီးစားတွေ နဲ့ ပေါင်းစပ် စဥ်းစားကြည့်မယ် ဆိုရင် ရင်ခုန်စရာကောင်းနေပါပြီ ။
.....၂၀၁၇ မှာ ဖြစ်ခဲ့တဲ့ ရခိုင်အရေးနဲ့ ပတ်သပ်ပြီး အိုအိုင်စီဥက္ကဌ တူရကီကနေ မြန်မာကို ခြိမ်းခြောက်ပါတယ် ၁၀ မိနစ်အတွင်း မြန်မာကို ပြာချပစ်နိုင်တယ်တဲ့ ။ တပ်ချုပ်ကြီးကလည်း တူရကီကိုလည်း မြန်မာက ၁၀ မိနစ်နဲ့ ပြာချနိုင်တယ် လို့ တုန့်ပြန်ခဲ့ပါတယ် ။ စိတ်ဝင်စားစရာ ကောင်းလှတဲ့ တုန့်ပြန်မှုပါပဲ ။
ဒီတော့ ကျနော်တို့ တပ်မတော်မှာ နျူရှိ မရှိ အတိအကျ သိနိုင်ဖို့ မလွယ်ပါဘူး ။ အခြေခံ အချက်အလက်များ နဲ့ တပ်မတော်ရဲ့ ရည်မှန်းချက် လုပ်ဆောင်ချက် အမူအကျင့် အားလုံးကို ခြုံငုံ သုံးသပ်ကြည့်ပြီး မှ သာ ဆဝါးနိုင်မှာ ဖြစ်ပါတယ် ။
နျူလက်နက်အတွက် ဖုံးဖိမရတဲ့ စမ်းသပ်ဖောက်ခွဲခြင်း အမှုသဲလွန်စ ကိုတော့ မြန်မာပြည် အလယ်ပိုင်းမှာ နျူစမ်းသပ်မှုလို့ သံသယဖြစ်ဖွယ် ငလျှင်လှုပ်ခတ်ခြင်း ဖြစ်ခဲ့တယ် ဆိုတဲ့ သတင်းတခုပဲ ဝါးတားတား ကြားမိတာလည်း အမှန်ပါပဲ ။
တကယ်စမ်းချင်တယ် ဆိုရင်တော့ လှို့ဝှက်ချက်ပေါ်မှာ စိုးရိမ်ရင် ကျနော်သာဆို မြောက်ကိုရီးယား သို့မဟုတ် ရုရှားမြေ တနေရာရာမှာ သွားစမ်းဖို့ စိတ်ကူးမိမှာ ပါပဲ ။ ဒါက နျူ နဲ့ ပတ်သပ်တဲ့ ဆက်စပ်တွေးခေါ် တွက်ဆမှုပဲ ဖြစ်ပါတယ် ။
ယခုလောလောဆယ် ကမ္ဘာ့လက်နက်လောကမှာ အရမ်း HOT နေတဲ့လက်နက်စနစ် နဲ့ မြန်မာတပ်မတော်ရဲ့ အဆက်အစပ်ကို တချက် လေ့လာကြည့်ပါမယ် ။
ယခု အစွမ်းထက်ဆုံး ဟိုက်ပါဆိုးနစ်မစ်ဇိုင်း ဆိုတာ အသံရဲ့ မြန်နှုန်းထက် ၅ဆ
အမြန်နှုန်းနဲ့ အထက် (သို့မဟုတ်)တစ်နာရီလျင် ၃၈၃၆မိုင်ကျော် နဲ့ အထက် လျှင်မြန်တဲ့ ဒုံးကို ပြောတာပါ ။ တစက္ကန့်ကို တမိုင်ကျော် ပြေးတဲ့ စကေးပေါ့ ဗျာ ။
ဟိုက်ပါဆိုးနစ်မှာလည်း ၂ မျိုးခွဲထားပါတယ် ။
- Hypersonic ခရုဇ်မစ်ဇိုင်း
- Hypersonic Glide Vehicles (HGV)
အဲလိုခွဲထားပါတယ် ။ ခရုဇ်မစ်ဇိုင်း အဆင့်သည်
- Scramjet အင်ဂျင်နဲ့ မောင်းနှင်ရပါတယ် ။
ပင်လယ်မျက်နှာပြင်
အထက် ၁၇မိုင် အမြင့်မှ ပျံသန်းနိုင်ပါတယ် ၊၊
- အသံထက် ၉ဆ
မြန်နှုန်းထိ ပျံသန်းနိုင်လို့ ကြားဖြတ်ပစ်ချရန် ခက်ခဲပါတယ် ။
ဥပမာအနေနဲ့ ရုရှားတို့ရဲ့ 3M22 Zircon
ဟိုက်ပါဆိုးနစ် ခရုဇ်မစ်ဇိုင်းကို ညွှန်းဆိုရမှာဖြစ်ပါတယ်။ သူက တပ်တော်ဝင်ပြီး အဆင့်ဖြစ်ပါတယ် ။ အမေရိကန်တို့ရဲ့ နာမည်ကျော် ခရုဇ်ဒုံးကျည်ဟာ တနာရီ မိုင် ၅၅၀ နှုံး သာ ရှိပါတယ် ။ ယခု ရုရှားဟိုက်ပါဆိုးနစ်က 9 Mach ဆိုတော့ကား လိပ် နဲ့ ကျားသစ်လို နှိုင်းယှဥ်လို့ မရတော့ပါဘူး ။
နောက်တဆင့်ဖြစ်တဲ့ Hypersonic Glide Vehicles (HGV) ကို လေ့လာကြည့်တော့.....
ဦးဆုံး ပင်လယ်ရေမျက်နှာပြင်အထက် မိုင်၁၂၀၀
အမြင့်ထိ ပျံသန်းနိုင် တိုက်ချင်းပစ်ဒုံးကျည်ကြီးတွေရဲ့ ထိပ်ဖူးမှာ တပ်ဆင်ပြီး အာကာသထဲ ပစ်လွှတ်ရတာ ဖြစ်ပါတယ်။ Avangard HGV ဟာ အာကာသထဲမှ မစ်ဇိုင်း warhead အဖြစ်နဲ့
ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်လာပြီး မြေပြင်
အထက် ကီလိုမီတာ ၄၀ နဲ့ ၁၀၀ ကြား အက်မိုစဖီးယား
အလွှာအောက်မှ လေဟုန်စီးကာ ပျံသန်းလာပြီး ကမ္ဘာ့ ဆွဲအားနဲ့ ဒုံးစက် Booster တို့ရဲ့ တွန်းအားကို အသုံးပြု ပေါင်းစပ်ကာ အသံထက် ၂၇ဆမြန်နှုန်းနဲ့ ပစ်မှတ်ကို ထိမှန်ပျက်စီးစေမှာ ဖြစ်ပါတယ် ။
အရမ်း Hot သွားတဲ့ တရုတ်ရဲ့ Hypersonic Glide Vehicles (HGV) ကထူးခြားပါတယ် ။ သူက ICBM
တွေလို ကမ္ဘာအထက် မိုင်ထောင်ချီထိ တက်ပြီး ပျံသန်း
တဲ့ arching trajectory ဟိုက်ပါဘိုလာ မျဉ်းကွေးပုံ
လမ်းကြောင်းကို အသုံးမပြုတော့ဘဲ ပဲ့ထိန်းဒုံး
Ballistic Missile နည်းပညာနဲ့ ခရုဇ်မစ်ဇိုင်း နည်းပညာ
သဘောတရားကို ပေါင်းစပ်ထားတာ ဖြစ်တဲ့အတွက်
ရန်သူ့ ဒုံးခွင်းဒုံးစနစ်တွေကို ရှောင်ကွင်းသွားနိုင်စွမ်း ရှိတဲ့
အပြင် နျူကလီယာလက်နက်တွေကို သယ်ဆောင်နိုင်စွမ်း
ရှိတာကြောင့် ကြောက်ခမန်းလိလိ အစွမ်းထက်လွန်းပါတယ် ။
အမေရိကန်တွေ တုန်လှုပ်သွားရတဲ့ နည်းပညာ ဖြစ်ပါတယ် ။ အဓိကျတဲ့ ကြောက်စရာကောင်းပုံက ပစ်မှတ် အနီး ရောက်ခါနီး AI ဉာဏ်ရည်တုနည်းပညာ အသုံးပြု Boost လုပ်ပြီး
အရှိန်မြင့် hypersonic boost-glide vehicle
အဖြစ်နဲ့ အသံထက်အဆပေါင်း ၃၀ မြန်နှုန်းနဲ့ ပစ်မှတ်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ် ။
အမေရိကန်တွေ ခေါင်းကိုက်သွားရတာက တရုတ်တွေရဲ့ စမ်းသပ်ဆဲ ဟိုက်ပါဆိုးနစ် ထက်
တပ်တော်ဝင်ပြီး ဖြစ်တဲ့ ရုရှားရဲ့ Avangard HGV ဟိုက်ပါဆိုးနစ်မစ်ဇိုင်း အတွက်ပဲ ဖြစ်ပါတယ် ။ ရုရှားတွေက ဒီထက် မြင့်မားတဲ့ နည်းပညာရရှိသွားပြီလို့ ယူဆကြရပြီကိုး ။
"Knyaz Oleg”
Borei-class ရေငုတ်သင်္ဘောက ပစ်လွှတ်ခဲ့တဲ့
Bulava (RSM-56) ICBM တိုက်ချင်းပစ်ဒုံးကျည်ဟာ Avangard ဟိုက်ပါဆိုးနစ် ဂလိုက်မစ်ဇိုင်း (HGV) ၆စင်းမှ ၁၀စင်းထိ သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။ ဒါကြောင့် Borei-class SSBN ရေငုတ်သင်္ဘောတစ်စင်း ဟာ Bulava (RSM-56) ICBM မှ တဆင့် Avangard HGV ဟိုက်ပါဆိုးနစ်မစ်ဇိုင်း ၇၂စင်းမှ အစင်း ၁၆၀ထိ သယ်ဆောင် ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။
ဟီရိုရှီးမားမြို့ကို
အမေရိကန်တွေ တိုက်ခိုက်ခဲ့တဲ့ နျူကလီယာ ဗုံးပြင်းအား
ထက် အဆ ၅၀မှ ၆၀ ပိုပြင်းထန်ပါတယ် ။
ရေငုတ်သင်္ဘောမှ ပစ်ခတ်ရတဲ့ SLBM ဖြစ်ပေမယ့်
8300 ကီလိုမီတာ (၅၁၅၇မိုင်)
အထိ ပစ်ခတ်နိုင်တာကြောင့် သူ့ကို တိုက်ချင်းပစ်ဒုံးကျည်
(ICBM) လို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ “Knyaz Oleg”
ဟာ မကြာမီ ရုရှားရဲ့ ပစိဖိတ် ရေတပ်သင်္ဘောအုပ်စုသို့ လာရောက် တာဝန် ထမ်းဆောင်သွားမှာပါ ။
ဒီလက်နက်တွေ တပ်ဆင်ထားတဲ့ ရုရှား နျူရေငုပ်ကြီး ပစိဖိတ်သမုဒ္ဒမှာ တာဝန်ထမ်းဆောင်စဥ် မြန်မာပိုင် ဆိပ်ကမ်းတွေမှာ ဝင်ထွက် သွားလာ ကြပါတော့မယ် ။
ပြီးတော့ ရုရှား နဲ့ မြန်မာတို့ဟာ စစ်ရေးမဟာမိတ် အဖြစ် အပြန်အလှန် ကာကွယ်ပေးရမယ့် တာဝန်ရှိကြောင်းလည်း ရုရှားက တရားဝင် ကြေငြာပေးထားပါတယ် ။
ဒီတော့ ကျနော်တို့ အိမ်မှာလည်း ထိုက်သင့်တဲ့ ကာကွယ်ရေး လက်နက်တွေ စုဆောင်းထားရှိပြီး ဖြစ်တယ် ။ နောက် တကမ္ဘာလုံးက လေးစားကြောက်ရွံ့နေရတဲ့ မဟာမိတ်ကြီးကလည်း ဘယ်သူမှ ခုခံနိုင်စွမ်း မရှိတဲ့ အဆန်းပြားဆုံး အထက်မြက်ဆုံး လက်နက်ကိုင်ဆောင်ပြီး ကိုယ့်အိမ်ကို အမြဲ ဝင်ထွက်သွားလာပြီး ငါ့ မိတ်ဆွေကို မထိနဲ့ ငါနဲ့တွေ့မယ်လို့ ကြုံးဝါး နေမှတော့ မှ ပြည်ပရန် ဆိုတာ ဂြိုလ်နဲ့လားလို့ မေးရမယ့် အနေအထား ရောက်ရှိနေပါပြီ ။
အခွင့်သာခိုက်မှာ ရုရှားကြီးထံမှ နည်းပညာသစ်များကို အားရှိသရွှေ့ စုပ်ယူသင်ကြားနိုင်မယ့် အင်အားစုများက အစွမ်းကုန် နှိုက်ထုတ်ပြီး နောင်အနာဂါတ်ကာလ မှာ မိမိခြေထောက်ပေါ် မိမိ ဝံ့ကြွားစွာ ရပ်တည်နိုင်မယ့် မြန်မာ့တပ်မတော် အဖြစ် ရောက်လာမယ်ဆိုတာကို ပြည်သူအများက ယုံကြည်စိတ်ချစွာနဲ့ စောင့်မျှော်နေကြပါတယ် ။
ကိုရွှေမျိုးဝင်း
https://partyardmilitary.com/hypersonic-missiles-what-are-they-and-can-they-be-stopped/
https://l.facebook.com/l.php?u=https%3A%2F%2Fwww.wionews.com%2Fphotos%2Frussias-bulava-most-dangerous-nuclear-powered-submarine-launched-icbm-259075&h=AT1wRwcmy3jU8cFhLEWVomOVIqGTJsuJXRWQlKDI33YyOH0d9ldLEefwKF_ZPwL4hj3dGdQ45K5hCRZvN-Gi5JuXnRIXaSnb3uQ9seWgWdb_ddv5CurqH_IkyIxoD23klNtJMA