Wednesday, November 10, 2021

တပ်မတော် မကြည်ဖြူရင်........


          ကိုစိုးတယောက် ညနေစောင်းမှ ပေါက်လာပြန်ပါတယ် ။ ဒီတော့လည်း ထုံးစံအတိုင်း တောပြော တောင်ပြော ပြောရတော့ပါပဲ ။

" ငမျိုးရေး ရန်ကုန် PDF က စာထုတ်သတဲ့ လူမိုက်တွေကို ရှင်းမယ်ဆိုပြီး စိန်ခေါ်ထားလေရဲ့ ''

"ဟဲ ဟဲ ဟဲ ပြည်သူတွေ သတ်ရတာ ဝ သွားပြီးလို့ ပျက်နေတဲ့ နာမည် အဖက်ဆယ်ဖို့ လုပ်နေတာပါ ဗျာ တကယ်တော့ လူမိုက် 80 % က PDF တွေပါ ဗျာ ''

"ဘာပဲ ပြောပြော ရဲ တွေ အလုပ် မလုပ်လို့ ကြီးစိုးခွင့် ရနေတဲ့ လူမိုက်တွေ တတောရှင်းသွားလည်း ကောင်းတာပဲ ကွ ''

"ဟုတ်ပါ့ ဗျာ ဒါလည်း အမှန်ပဲ တခုပဲ စိုးရိမ်ရတယ် ဂျပန်က ရာကူဇာ နဲ့  အမေရိကန်က မာဖီးယား တွေက အဲသလိုနဲ့ ကြီးထွားလာတာ ဗျ ကိုလှရွှေတို့ ကိုယ့်တာဝန်ကို ကျေဖို့ကောင်းပြီဗျာ PDF တွေအတွက် အကြောင်း​ပြချက် မရှိအောင်ပေါ့ ဗျာ ''

"အေး ဒါထက် ဘွားတော်ကြီးကို ၈၇ နှစ် ချလိုက်တယ် ဆို ''

"အင်း သူများတွေ တင်နေတာတော့ တွေ့တာပါ ပဲ သူ့ဘာသာ ဘယ်လောက်ချချ ဘွားတော်က သုံးစားမရတော့ပါဘူး ဗျာ ခေတ်ကုန်သွားပါပြီ ''

"ဇော်ဝေစိုးက တော်လှန်ရေးအောင်မြင်ဖို့ ဒေါ်လာ ဘီလီယံ ၁၀၀၀ လောက် လိုတယ် ပြည်သူက 90 % လှူရမယ် ဆိုပဲ ကွ ''

"အဲဒီ စောက်ရူးတွေ ပေါက်ကရပြောနေတာ ယုံနေတဲ့ လူတွေကို ကျနော်ကတော့ ပါးတွေချည်း လှိမ့်ရိုက်ပစ်ချင်တာ ဗျ ကိုစိုးစဥ်းစားကြည့် သူပြောတဲ့ ရံပုံငွေ ဒေါ်လာ ဘီလီယံ ၉၀၀ ဆိုတာ တယောက်ကို မြန်မာကျပ်ငွေ ဘယ်လောက် ကျမယ်ထင်လဲ ဗျ ''

"သိဖူးလေ ကွာ '' 

" အကြမ်းဖျင်း လူတယောက်ကို 6750000 လောက်ရှိမယ် ဗျ ။ မိသားစု ငါးယောက်ဆိုရင် 33750000 လောက် လှူရမယ် ဗျာ တကယ့်အရူးပဲ ဗျ ''

"ဟာ လခွမ်းတဲ့မှ အဲလောက် လှူနိုင်မှတော့ တနိုင်ငံလုံး ချမ်းသာပြီပေါ့ ဟ ဘယ်မအေလိုး အုပ်ချုပ် အုပ်ချုပ် ဘယ်သူက စိတ်ဝင်စားမှာလည်း ငတ်နေကြလို့သာ ပြောနေကြတာလေ ''

"အဲဒါ အမှန်ပဲ ကိုစိုးရေ ''

"ဒါနဲ့ ငါ့အိမ်နားက ဆယ်တန်းလေးတွေ စာမေးပွဲဖြေကြဖို့ တိုက်တွန်းတော့ ဘာပြောတယ် ထင်လဲ... ''

"သိဖူးလေ ဘာပြောတာလဲ ''

"နောက်အစိုးရ တက်လာရင် အခု အောင်တဲ့သူတွေကို ပယ်ဖျက်မှာတဲ့ ဒါကြောင့် မတက်ဖူး ဆိုပဲကွာ''

"အင်း ကလေးတွေက ဦးဏှောက်ထဲ အဖျက်ဗိုင်းရပ် အကူးခံနေရတာ ဗျ ''

"သူတို့ အဲသလို ထင်နေရှာတာ မင်းဘယ်လို ပြောမလဲ ''

"အဂ်လိပ်ခေတ်က ဆယ်တန်းအောင်ကို လွတ်လပ်ပြီး ဦးနု အစိုးရ ပယ်ဖျက်လို့ မရဘူး ၊ ဦးနုလက်ထက်က ဆယ်တန်းအောင်ကို ဦးနေဝင်း အိမ်စောင့်အစိုးရ ပယ်ဖျက်လို့ မရဘူး ၊ မဆလခေတ် ဆယ်တန်းအောင်ကို ဦးစောမောင် ပယ်ဖျက်လို့ မရဘူး ၊ နအဖခေတ်က ဆယ်တန်းအောင်ကို ဦးသိန်းစိန် ပယ်ဖျက်လို့ မရဘူး ၊ ဒေါ်စုကြည် ပယ်ဖျက်လို့ မရဘူး ဒါတွေက နိုင်ငံရေး အပြောင်းအလဲသည် ပညာရေး အောင်မြင်မှုကို ပယ်ဖျက်လို့ မရဘူး ဆိုတဲ့ သက်သေတွေပေါ့ ဗျာ''

"ဟကောင် သူတို့ ပြောသလို NUG များ အစိုးရ ဖြစ်လာခဲ့ရင်ကော ကွာ ''

"ခင်ဗျားလည်း ခေတ်တွေ မှီခဲ့ပါတယ် ဗျာ ဒီမယ် မြန်မာပြည်မှာ တပ်မတော်မကြည်ဖြူရင် ဘယ်မအေလိုး မှ အစိုးရ မဖွဲ့နိုင်ဘူး ရှင်းတယ်နော် သမိုင်းကြောင်း ပြန်ကြည့်အုံး ''

"အခြေအနေက မတူတော့ဖူးနော''

"ဒီမယ် ကိုစိုးရေ မြန်မာ့တပ်မတော်က လူမှုရေး စီးပွားရေး ပညာရေး ကဏ္ဍတွေမှာ ညံ့ချင် ညံ့ပါလိမ့်မယ် ဒါပေမယ့် အုပ်ချုပ်ရေးကဏ္ဍမှာ လုံးဝ မညံ့ပါဘူး ဗျာ သူတို့ မကြည်ဖြူရင် ဘယ်သူမှ လှုပ်မရပါဘူး ''

"ဟကောင် မင်း ကသာ ပြောနေတာ အခု ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေ ကြည့်အုံး ဟ ''

"အာဏာရ ငါးနှစ်အတွင်း လက်နက်တွေ ကြိုတင်စုဆောင်းပြီး အဖျက်လုပ်ငန်းအတွက် စိတ်တိုင်းကျဆောင်ရွက် နိုင်ခဲ့လို့ ဂယက်ထနေတာပါ ဗျာ ကဲ လွတ်လပ်ပြီးစ ဆယ်နှစ် ဗကပ တွေ ကြီးစိုးခဲ့တဲ့ နယ်မြေ နဲ့ တိုင်းပြည်အနေအထားက အခုနဲ့ ယှဥ်ရင် ဘယ်ခေတ်က ပိုဆိုးသလဲ ''

"အေး ဗကပ ခေတ်က ဒီထက် ဆိုးတာပေါ့ ကွ အစိုးရ အာဏာစက် သက်ရောက်တဲ့နယ် သိပ်မှ မကျန်တော့တာ ''

"မှန်တယ် ဗကပ မှာ နိုင်ငံရေး စစ်ရေး အုပ်ချုပ်ထောက်ပံ့မှု ဆိုတာတွေက တရုတ်ရဲ့ ကျောထောက်နောက်ခံနဲ့ အလွန်တောင့်တင်းခဲ့တာပဲ ဗကပ လုပ်ရပ်က အခု PDF ထက် အများကြီး သာတယ်ဗျ ''

"အခု PDF ကတော့ ပြောမနေနဲ့ကွာ ကမ္ဘာ့ အရက်စက်ဆုံး အယုတ်မာဆုံး အဖွဲ့ဖြစ်နေပြီလေ ဆေးရုံဆေးခန်း ဗုံးခွဲ စာသင်ကျောင်းဗုံးခွဲ ကလေးတွေသတ် ဘုန်းကြီးတွေသတ်နဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတာကိုး ကွ ဒါတွေ မထိမ်းနိုင်သေးတာလည်း နစက အားနည်းချက်ပဲ ကွ ''

"ဒါလည်း မှန်ပါတယ် သို့သော် ကိုစိုးရေ နီပိတ်တွေက လိုင်းပေါ်တွေမှာသာ ရဲရဲတောက်နေကြတာပါ အပြင်မှာ ငါက NUG. PDF ထောက်ခံတယ်ကွ လို့ ပြောရဲ သူရှိသလား ဗျ ''

"အဲလိုတော့ ဘယ်ပြောရဲ မလဲကွ''

"အဲဒါကိုက အုပ်ချုပ်မှုစွမ်းရည် တက်လာတဲ့ လက္ခဏာပေါ့ ဗျာ အရင်ကဆို လူအုပ်ကြီး နဲ့ ရဲစခန်းသွားဝိုင်းကြ ၊ ဒန်အိုးပိန်တွေ ခေါက်ကြ နဲ့ ​ပေါက်ကရလုပ်ရပ်တွေ လုပ်မရတော့တာကိုက တိုးတက်လာတာပါ ''

"အေး ဟုတ်ပြီ ဒါဆိုရင် မင်းစကား အနှစ်ချုပ်ရမယ်ဆိုရင် NUG ဘယ်တော့မှ အာဏာမရနိုင်သလို  တပ်မတော် မကြည်ဖြူရင် ဘယ်မအေလိုးမှ အစိုးရ မဖွဲ့နိုင်ဘူး ဆိုတာ လိုရင်းအချုပ်ပဲကွ ''

"မှန်တယ် မိုးချုပ်ပြီ ပြန်တော့ ည ၈ နာ မာရှယ်လောက မဖြုတ်ရသေးဘူး ''

"OK ပြန်ပြီဟေ့ ''

        ကိုရွှေမျိုးဝင်း

(တချို့ကိစ္စတွေက သူ့ရဲ့ အစွမ်းအစကို ကြည့်တတ်မှ မြင်တာမျိုး.......)