Saturday, November 6, 2021

🍄 နိုင်ငံတခုကို လုပ်ကြံခြင်း Assassination Nation.


အလီကိုဟင်ကဲ့သို အခြားလူမျိုးတဦးက
စိမ့်ဝင်ထိုးဖေါက် လုပ်ကြံမှုမျိုးရှိခဲ့သလို
နိုရီရေးဂါးကဲ့သို့ နိုင်ငံသားတဦးကို
မွေးမြူ၊ ထိပ်ပိုင်းရောက်အောင်တင်ပေးပြီးမှ
နိုင်ငံတော်ကို ပျက်သုန်းအောင်
လုပ်ကြံသည့်ဖြစ်ရပ်များလဲ
ကမ္ဘာတွင်မနည်းခဲ့။

ဖေမြင့်လိုလူမျိုးလက်ထက်
သတင်းစာမှ ဗုဒ္ဓ၏ဆုံးအမကိုဖြုတ်ချခြင်း
ဧည့်စာရင်း၊ နောက်ယောင်ခံဥပဒေကို
ပယ်ဖျက်ခြင်းများသည် အဓိပ္ပါယ်မဲ့မဟုတ်၊

" ဒီခေတ်မှာ မျိုးချစ်စိတ် အလုပ်မဖြစ်တော့" ဟု
ပြောထွက်သောပါးစပ်ကလဲ အကြောင်းမဲ့
မဟုတ်ပြန်၊

နှစ်ပေါင်း (၂၆၀၀) ထိမ်းသိမ်းလာသော
ရဟန်း၊ သံဃာ တို့ကိုအရိုအေသ
အလေးအမြတ်ထားခြင်းအစဉ်အလာကို
ဖျက်ဆီးခဲ့ခြင်းကလဲ မည်မျှအထိ
ရည်ရွယ်ချက် ပြင်းထန်ခဲ့သည်ကို
သိသာစေပြန်သည်၊

နိုင်ငံခြားသား (၁၀၀) ကျော်ကို
အစိုးရ အုပ်ချုပ်ရေးယန္တရား၊ဥပဒေပြုရေးနှင့်
ဝန်ကြီးဌာနများ၏ ဗျူရိုကရေစီ ယန္တရားအတွင်း
ဝင်ရောက်ခွင့်ပြုခဲ့ခြင်း၏ အန္တရာယ်ကို
ပညာနှင့် သဒ္ဓါချိန်ဆနိုင်သူတွေက
အလွယ်တကူသိနှိုင်၊ စိုးရိမ်ခဲ့ကြပါသည်၊

နိုင်ငံအကျိုးစီးပွားအတွက် ဘာလုပ်ခဲ့ပါသနည်း ?
ပျက်စီးရာပျက်စီးကြောင်း လုပ်ကိုင်ခဲ့သည်ကမူ
အရေအတွက်များစွာ ရှိထားနေပါသည်။

စစ်ဆေးမှုများ ပြုလုပ်ရာတွင်
ဒေိါခင်ကြည်ဖေါင်ဒေးရှင်း၊
ဆက်စပ်ဖေါင်ဒေးရှင်းများ၏
အတွင်းသရုပ်ပေါ်လာပါတော့၏၊

ဗဟိုဘဏ်သည် ပြည်သူ့အတွက်
ဖြစ်ရန်ကောင်းသော်လည်း၊ မည်သူ့အတွက်
အလုပ်လုပ်ခဲ့ပါနည်း ?
ဆက်စပ်ဘဏ်အချို့ ဘာတွေလုပ်ခဲ့ပါသနည်း?

နာမယ်ကြီး ဟိုတယ်တွင်
အမြဲတမ်းရုံးခန်းဖွင့်၍ ဒေါ်လာ
ဘီလီယံနှင့်ချီ သုံးစွဲနေသော INGO နှင့်အတူ
အခြား INGO များသည်၊ မည်သူ့အတွက်
အလုပ်လုပ်ပေးနေကြပါနည်း ?

မအောင်မြင်သော CDM လှုပ်ရှားမှု
နောက်ကွယ်မှ ငွေကြေးထောက်ပံ့မှု၊
လမ်းကြောင်းဖေါ်ပေးမှုတို့ကိုလဲ 
မည်သူက ဆောင်ရွက်ပေးနေပါသနည်း ?

ဘက်ပေါင်းစုံ
မျက်နှာစာပေါင်းစုံမှ
စနစ်တကျ ပုံစံချ နိုင်ငံတော်လုပ်ကြံမှုသည်
စစ်ဆေးမှုများ ပြီးစီးသည့်အခါ
( မပြီးမှီမှာပင်) ပုံပေါ် လာပါလိမ့်မည်။

အာဃာတ
လောဘနှင့် အလိုရမက်
အတော်ကြီးပြီး၊ ရက်ရက်စက်စက်
လုပ်ကြံရက်သည်ဟုဆိုရပါလိမ့်မည်၊

နိုင်ငံသမိုင်းတွင်
ဖျက်မရသော သမိုင်းအစွန်းအထင်း
တင်ကျန်ရစ်သလို၊ ပါဝင်သူများ၏
သမိုင်းလဲ ရက်ရက်စက်စက်
သေဆုံးသွားကြပါလိမ့်မည်၊

တချိန်က ပင်နီသည်
အမျိုးသားစိတ်ဓါတ်ကိုဖေါ်ပြရာ
ဖြစ်ခဲ့သော်လည်း၊ အမျိုးသားရေးလက္ခဏာကို
ကိုယ်စားပြုသည့် ပင်နီကို လူတိုင်း
ရွံရှာသွားစေခဲ့သည်မှာ
မည်သူ့ကြောင့်ပါနည်း ?

ပြည်သူနှင့်အတူဟု
ကြွေးကြော်ခဲ့သော ပင်နီဝတ်များကို
CDM လှုပ်ရှားမှုများတွင် တွေ့ရပါသလား ?

NLD Conspiracy (သို့)
Suukyigate သည် မကြာမီ
ရုပ်လုံးပေါ်လာပါလိမ့်မည်၊

အနာဂါတ်တွင်
ထိုသို့နိုင်ငံတော် လုပ်ကြံမှုမျိုး
ထပ်မံ မဖြစ်ပွားစေရန်မှာ
အမျိုးသားထု တရပ်လုံးတွင်
တာဝန်ရှိလာပါလိမ့်မည်၊

Nay Zin Latt

😇😇😇😇😇😇


Related Posts: