Saturday, November 6, 2021

#ဖွင့်ဟခြင်း_


အနီ၊အစိမ်း၊ အပြာ၊အဝါ၊
ဘယ်ကာလာပါတီမှ ဝင်ထားခြင်းမရှိပါ ။

ဘယ်ပါတီကိုပဲ အားပေးပေး မိတ်ဆွေမရွေးပဲ ပေါင်းသင်းနိုင်တယ်။ 
သို့သော်...နားလည်မှုတော့ရှိရမယ်။
နားလည်မှုမရှိရင်တော့ ကာလာမရွေး
ဝေးဝေးရှောင်တယ်။ 

ရှင်းပြ၍နားလည်မှု ရရှိဖို့ကြိုးစားတာတောင်
နားလည်မှု မရှိသူအတွက်တော့
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို 
မဖြုန်းနိုင်ပါ။ အချိန် ဒီရေသည် လူကိုမစောင့် ။

အေး..! အမျိုးသား ကောင်းကျိုးစီးပွားကို
ထိခိုက်လာရင်တော့......
စစ်ဦးစီးချုပ်ကိုလည်း တော်လှန်ဖို့ ဝန်မလေးဘူး ။
သမ္မတအကြီးကဲလည်း သောက်ဂရုမစိုက်ဘူး ။
နိုင်ငံတော် သံဃာ့မဟာနာယကဖြစ်ရင်တောင်
တားဆီးရမယ် ။ ။

ဒါကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအစကို ဖွင့်ဟလိုက်တာပါ ။ ။

အခုခေတ်__"ဗုဒ္ဓဘာသာဝင်"မြန်မာလူငယ်တွေကို နည်းနည်းတော့
တိုက်တွန်းချင်တယ် ။ ။
မြတ်ဗုဒ္ဓရဲ့ မွန်မြတ်လှတဲ့တရားတော်တွေကို
အချိန်ပေးပြီး လေ့လာကြပါ....။
ဗုဒ္ဓဘာသာဝင်မှန်ရင် မြတ်ဗုဒ္ဓရဲ့တရားတော်များကို
"မဖြစ်မနေလေ့လာသင်ယူရပါမယ်"။ ။
မြတ်ဗုဒ္ဓရှင်တော်ရဲ့ တရားစာပေသင်ယူခြင်းအလုပ်သည်
ရှင် ရဟန်းသံဃာတော်တွေရဲ့ အလုပ်တာဖြစ်တယ်လို့
မမှတ်ယူကြပါနဲ့ ။ ။
အဲလိုမှတ်ယူခဲ့ကြလို့လည်း 
ဘာသာသွေးမရဲကြတော့ခြင်းဖြစ်တယ် ။ ။
ပိဋကတ်သုံးပုံ အကုန်သင်ယူရမယ်လို့မဆိုလိုပါဘူး
အခြေခံသိသင့်သိထိုက်တာလေးလောက်တော့
မဖြစ်မနေသင်ယူလေ့လာဖို့လိုအပ်ပါတယ် ။ ။
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဿ" 
"ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ" 
အစရှိသည့်ပါဠိကို ဗုဒ္ဓဘာသာဝင်မှန်ရင်
ရွတ်ဖတ်ဖူးကြမှာပါ ။  

သို့သော်လည်း....
"နမော" ဆိုသည်ကဘာလဲ ?
"ဗုဒ္ဓံ" ဆိုသည်ကား ဘာလဲ ?လို့
မိခင်ဘာသာမြန်မာလိုအဓိပ္ပါယ်ကို 
လူကြီး လူလတ် လူငယ်
အတော်များများကိုက မသိကြပါဘူး ။ ။
ဘယ်သိကြမလဲဗျ သိအောင်မှမလုပ်တာ ။ ။
အဲလိုတာ သားစဉ်မြေးဆက်
သတိမမူကြ မသင်ယူကြ ရင်တော့ဖြင့်
သာသနာ့အနာဂတ် မထွန်းတောက်နိုင်ပါ။
ထိုသို့မထွန်းတောက်နိုင်ရင်တော့
မြန်မာ့အနာဂတ် လှပနိုင်မည်မဟုတ် ။ ။

မျိုးချစ်ပါတယ် စောင့်ရှောက်ပါတယ်နဲ့
လေလှိုင်းပေါ်မှာ ဟစ်ကြွေးနေယုံမျှဖြင့်တော့
အရာမရောက်နိုင်ပါ ။ ။

ဗုဒ္ဓဘာသာဝင်တွေကိုသတိပေးချင်တာကတော့
တစ်ဘဝစာမဖြစ်စလောက်လေးမှာပဲ
"ငါစားရသောက်ရ ဝတ်ရနေရရင်ပြီးရော"ဆိုတဲ့
သိမ်ဖျင်း မိုက်မဲလွန်းတဲ့ စိတ်ယုတ်မာတွေမွေးပြီး
အမျိုးသား ကောင်းကျိုးစီးပွားကို
မဖျက်ဆီးကြပါနဲ့လို့ သတိပေးချင်တယ် ။ ။
ကံ ကံ၏အကျိုးကို ယုံကြည်တယ်ဆိုရင်တော့
သတိပေးတာကို ဆင်ခြင်ကြပေါ့ ။ ။

တကယ်တော့ မြန်မာလူငယ်တွေက တော်ကြပါတယ်
ဒါပေမယ့် အတွေး အခေါ်တွေ ဘေးချော်ကုန်ကြတယ်။
မျိုးဆက်သစ် လူငယ်တချို့တွေ လမ်းမှားပေါ်လျှောက်လှမ်းသွားတာကတော့ 
နိုင်ငံ့အနာဂတ်အတွက် အရင်းအမြစ်ဆုံးရှုံးခြင်းပေါ့ ။ ။

တနည်း__စဉ်းစားပြန်ရင်လည်း...
နိုင်ငံတော်လှပဖို့အတွက် 
မျိုးမသန့်တဲ့ အကင်း အဖျင်း နဲ့ ပုတ်နေတဲ့
အမှိုက်သရိုက်တွေ ကြွေလွင့်သွားပြီး
နိုင်ငံတော်သန့်ရှင်းစင်ကြယ်သလောက်နီးပါး
ဖြစ်သွားတယ်လို့ပြောလို့ရတယ် ။ ။

အပြစ်မဲ့ပြီး ကြွေလွင့်သူတွေအတွက်တော့
စိတ်မကောင်းဖြစ်ရပါတယ် ။
ပြောရမှာ အားနာပေမယ့်လည်း
​ထိုအပြစ်မဲ့ကြွေလွင့်သူတွေဟာ
နိုင်ငံတော်အတွက် ပါရမိီဖြည့်သွားကြသူတွေလို့
ပြောပါရစေ ။ ။

#ရွှေမြန်မာတွေမာပါစေ_ဘာသာသွေးလည်းရဲကြစေ🇲🇲

#TMC၂၅၆၅_၁၃၈၃တော်ပြည့်20_9_21mon


Related Posts:

  • အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရနေပြည်တော် ဩဂုတ် ၁၉နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အကျုံးဝင်သူ များကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုရုံးပိတ်ရက် သတ်မှတ်ကာလ များတွင်လည်း ပန်းခင်းစီမံချက်က… Read More
  • ရေးကြပါ       ဒီကနေ့ မရေးတော့ဖူး လို့ စိတ်ကူးနေတာ စိတ်ပူပြီး ဖုန်းဆက်မေးကြ ၊ messenger ကနေ မေးကြနဲ့မို့ ရေးလိုက်တာပါ ။      fb မှာ like နဲလို့ တချို့က ရေးချင်စိတ် နည်းပါးတဲ့သူတွေ ရှိသလို ငါတို့ရေးတာ အထက်လူကြီးတွေ မသိပါဖူး ဆိုပြီး အာ… Read More
  • " ဘယ်သူ့ကို တော်လှန်နေကြတာလဲ PDF တို့ရေ "- ပြောလိုက်ရင်တော့  $ကြီး $ကျယ်တွေ စစ်တပ်ကို တော်လှန်တာ တဲ့ !( ၁ ) စာသင်ကျောင်းတွေကို မီးရှို့တာနဲ့ စစ်တပ်ကို        တော်လှန်တာတဲ့လား?( ၂ ) စျေးတွေ မီးရှို့တာနဲ့ စစ်တပ်ကို        တော်လှန်တာတဲ့လား?( ၃ ) အများပြည်သူသွားလာရာ လမ်… Read More
  • "ပုပ်ရင်ပေါ်မှာပဲ""ဦးအောင်ဆန်းဦးကဘာ့ကြောင့် နာကျည်းနေသလဲ"အင်္ဂလန်ရှိ Oxford တက္ကသိုလ်ဆိုတာ ဝင်ခွင့်ရရန် ခက်ခဲသလို ကုန်ကျ စရိတ်လည်း ကြီးမြင့်လွန်းတဲ့အတွက် တော်ရုံလူတန်းစား မတတ်နိုင်ပါဘူး။ ဒါပေမယ့်ဒေါ်ခင်ကြည် အိန္ဒိယသံအမတ်ဘဝမှာပဲသူ့မိသားစုအတွက် … Read More
  • စစ်တပ်ဆောက်ပေးခဲ့တဲ့ ဆေးရုံမှာမွေး စစ်တပ်ဆောက်ပေးတဲ့ကျောင်းမှာစာသင် စစ်တပ်ခင်းထားတဲ့လမ်းပေါ်မှာသွား စစ်တပ်ဆောက်ထားတဲ့တံတားကိုဖြတ် စစ်တပ်တိုးချဲ့ထားတဲ့ ရပ်ကွက်မှာနေ စစ်တပ်တည်ဆောက်ထားတဲ့ လွှတ်တော်ထဲမှာထိုင် စစ်တပ်ကာကွယ်ထားလို့ အေးချမ်းစွာ နေထိုင်ရတဲ့သူတွေက စစ်တပ… Read More