Friday, November 12, 2021

#ကလေးတွေရဲ့အမုန်း!


#ယနေ့ကျောင်းတက်ပညာသင်ကြားနေတဲ့ကျောင်းသူ ကျောင်းသား ကလေးငယ်များဟာ NLD ပါတီ နဲ့ အမေစု
 ကို အမတန်ရွံမုန်းလာနေကြတာ သတိပြုမိပါတယ်။
#ကလေးတွေမှာလည်းသူတို့ရဲ့လိုအင်တွေကိုယ်စီရှိကြပါ
  တယ်။
#သူတို့အရွယ်တွေမှာအလိုချင်ဆုံးအရာက ကျောင်းသွား
  ဖို့၊ပညာသင်ကြားဖို့နဲ့သူငယ်ချင်းတွေအတူတူကစားရဖို့
  ဖြစ်ပါတယ်။ဒီ့ထက်ကြီးမားတဲ့လိုအင်ဆန္ဒသူတို့မှာမရှိ
  ပါဘူး။

#ဒီအချိန်မှာသူတို့လိုအင်ဆန္ဒတွေကိုပျက်စီးဖျက်ဆီးရာ
 ရောက်တဲ့
      ●သူတို့ရဲ့စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးခြင်း
      ●သူတို့ရဲ့ ဆရာ/ဆရာမ တွေကို သတ်ဖြတ်ခြင်း
      ●သူတို့ အေးအေးချမ်းချမ်း လုံလုံခြုံခြုံ ပညာမသင်
         ကြားနိုင်အောင် ခြိမ်းခြောက်ခြင်း၊ဗုံးခွဲခြင်း၊
      ●တိုင်းပြည်ထဲမှာ မအေးမချမ်းမတည်မငြိမ်ဖြစ်
        အောင် ဆောင်ရွက်နေကြခြင်းကို
         NLD/NUG/PDF ဆိုသူတွေ ကလုပ်ဆောင်နေ
ကြကြောင်းကို လူကြီးမိဘများရဲ့ပြောသံဆိုသံ များ
ကြောင့် ကလေးတွေက သိနေကြပြီးဖြစ်ပါတယ်။
#တဆက်တည်းမှာပဲ
       ●သူတို့ လုံလုံခြုံခြုံပညာသင်ကြားနိုင်အောင်
        ကျောင်းတွေမှာ ရဲနဲ့စစ်သားတွေ စောင့်ရှောက်ပေး
        နေတာကို လည်းသူတို့ကနေ့စဉ်တွေ့နေရတဲ့အတွက်
#ရဲနှင့်စစ်သားများကို "ငါတို့ကိုစောင့်ရှောက် ကာကွယ်
  ပေးနေသူများ" ဟုကလေးများက အလိုလို သိနားလည်
 ကြပြီး NLD/NUG/PDF. များကိုတော့ လူဆိုးများ
  အဖြစ် ကလေးတွေက သိမြင်လာကြပါတယ်။
#သူတို့နားလည်သမျှ ထိုသူများဟာ အမေစု လူများဖြစ်
  တာမို့ အမေစု ကိုလည်း လူဆိုးမကြီးစုန်းကဝေ မကြီး
  သဘောမျိုး မြင်လာတာဖြစ်ပါတယ်။

#ကလေးများရဲ့ ဒီအသိအမြင်ဟာ မည်သူတစ်ဦးတစ်
 ယောက်မှ ရိုက်သွင်းထားခြင်းကြောင့်မဟုတ်ဘဲ
#သူတို့ကလေးငယ်များရဲ့အမြင့်ဆုံးဆန္ဒ ကျောင်းတက်
 လိုခြင်းအပေါ် ခွဲခြားသိမြင်စိတ်ခံစားမှု မှပေါ်ထွက်လာ
တာဖြစ်ပါတယ်။
#ကျောင်းတက်ရဖို့အရေး ဟာ ကလေးငယ်များရဲ့
 ကိုယ်ပိုင်အကျိုးစီးပွား ဖြစ်တာမို့ သူတို့ရဲ့ အပျိုးစီးပွား
 ကို ဖျက်ဆီးသူကို ကလေးငယ်များ ကိုယ်တိုင် ခံစား
 နားလည်နိုင်စွမ်းရှိပါကြောင်း!---သတိပြုမိသမျှ တင်ပြ
 လိုက်ရပါတယ်။

#ဦးသက်နိုင်ဦး