ကက်စ်ထရိုက ဘာဒစ္စတာအစိုးကိုဖြုတ်ချတယ်ဝန်ထမ်းတွေကို အလုပ်မဖြုတ်ခဲ့ဘူး..ချေဂွေးဗားရဲ့တော်လှန်ရေးမှာ ဘုန်းကြီး အရပ်သာနဲ့မဆိုင်သူကိုရှောင်ခဲ့ကြတယ်...သို့ကြောင့် သူတို့ တော်လှန်ရေးမှာရော အုပ်ချုပ် ထူထောင်ရေးမှာရော အောင်မြင်ခဲ့ကြပါတယ်..
ဆင်ကြီးနဲ့ ပုရွက်ဆိပ်လောက်ကွာတဲ့ ကျူးဘားနဲ့ အမေရိကန် တိုက်ပွဲမှာ အမေရိကန်ကျားကန်တဲ့ အာဏာရှင်ကျဆုံးသွားတာ လက်နက်ကြောင့် ငွေကြောင့် မဟုတ်ဘူး..ဘာဒစ္စတာ ကျူးဘားရဲ့ အရင်းရှင်အာဏာရှင် ကျဆုံးမှု့ဟာ လူထု အတွင်းစည်းကို နားမလည်လို့ပါပဲ...ပူပူနွေးနွေး တတိယကမ္ဘာစစ်ကြီးတောင် ဖြစ်မလိုလို ဖြစ်ခဲ့တာဗျ... (ဉီးသန့် ကယ်လို့)
NUG က ဇော်ဝေစိုးက စာသိပ်မဖတ်ဘူး ဘာသာပြန်အတိုစလေးတွေလောက်တော့ ဖတ်ဘူးကောင်း ဖတ်ဘူးမယ် တကယ့် တော်လှန်ရေးရဲ့ အရှင်သခင် ဆိုတဲ့ The Master Of Revolution ဆိုတဲ့ စပိန်ဘာသာနဲ့ ရေးတဲ့ စာအုပ်ကို မူရင်းအတိုင်း မဖတ်တတ်လို့ မဖတ်ခဲ့ဘူးတာဖြစ်မယ်...
စိတ်မကောင်းစရာက ဘုန်းကြီးတွေ ဝန်ထမ်းတွေ အရပ်ဘက် မဆိုင်သူတွေကို တံဆိပ်ကပ် သတ်ဖြတ်လို့ အောင်မြင်တဲ့ တိုင်းပြည် ကျနော် မတွေ့ဘူးလို့ပါခင်ဗျ...
တည့်တည့် ပြောရလျင်တော့ အကြမ်းဖက်မှု့တိုင်းတွင် လောဘ နှင့် အတ္တကို ဆုပ်ကိုင်၍ ငရဲကျနိုင်သော အာဏာကို မက်မောခြင်းသာ ဖြစ်ပါတယ်...
မှတ်ချက် NUG က ပစ်မှတ်ထားပြီးသတ်မှတ်ပေးခြင်းမရှိလျင် ဂိုလ်ရှယ်လေးနှင့် နောက်တယောက်လောက် အင်တာဗျူးရဲသလားလို့ မေးပါရစေ သေချာခိုင်မာတဲ့ ကြိုးစဉ်တက်ရမည့် အချက်လက်များ ရှိနေခြင်းကြောင့် သာ ဖြစ်ပါသည်။
ဂိုလ်ရှယ်လေး
ဓါတ်ပုံသည် ၁၉၈၈ ကျောင်းသားများနှင့် အတူဆောင်ရွက်ခဲ့ဘူးသော ဖြတ်သန်းမှု့ တခု ကာလက လူရွယ်ဘဝမှ ပုံတခု ဖြစ်သည်...အဆိုပါ ဓါတ်ပုံတွင် ကျနော် ဝတ်ထားသော အနီရောင် အက်ျီ၏ စာသားသည် အသက်ဖြစ်သည်..
ဂိုလ်ရှယ်လေး