Saturday, November 6, 2021

ပထွေးသည် ပထမ...ဒုတိယ..တတိယ


" သခင်မျိုးဟေ့ တို့ဗမာ "
အတော်အားရစရာကောင်းတဲ့ စကား။

အမျိူးဘာသာ သာသနာ..
လူအတော်ရှိန်တဲ့ စကား။
😁😁😁😁😁😁

ခရီးသွားကြည့်… Local လက်မခံတဲ့..Hotelတွေရှိတယ်။

အိမ်ငှားကြည့်.Foreigner ဘဲငှားမယ့်အိမ်ရှင်တွေရှိတယ်။

ရွှေတိဂုံဓါတ်လှေကားမှာ…( နိုင်ငံခြားသား သီးသန့် )ရှိသေး။

မဟာမုနိဘုရားကအိမ်သာမှာ…ဘိုထိုင်ဆိုရင် ၅၀၀ ကျပ်။

အဆင့်မြင့်ကျောင်းက…
မြန်မာစာမသင်ဘူးတဲ့။

ပါရမီလမ်း..အမေရိကန်ကလပ်ဟာ မြန်မာမဝင်ရဆိုဘဲ။

နာမည်ကြီးနိုက်ကလပ်တွေကို… ပုဆိုးနဲ့ သွားရင်
( sorry sir ) တဲ့။

ရွှေအင်းတိမ်ကဘုရားစျေးမှာစျေးဝယ်ချင်ရင်…ဒေါ်လာပါမှ ရမယ်။

အင်းလေးမှာထိုင်ခုံပါတဲ့လှေစီးဖို့..မျက်နှာဖြူဖြစ်ရင်အထူးတလည်ပြောစရာမလို။

Novotel Hotel က ဘူဖေးဟာမြန်မာငွေ ဘယ်လောက်မှန်း ရေးမထားပေမယ့်…
1person 30 $ တဲ့။

မန္တလေးမှာတရုတ်စာမတတ်ရင် လူရာမဝင်သလို…
အမြင်တမျိုးနဲ့ကြည့်
သတဲ့။

တာချီလိတ်၊ ကျိုင်းတုံမှာ
မြန်မာငွေမသုံးလို့… ဘတ် ငွေမြန်မြန်လဲရတယ်။

နန်းသီတာဆိပ်ကမ်း၊
ဗိုလ်ချူပ်စျေးတို့မှာ..တိုးကားကြီးတွေကလမ်းမပေါ်ရပ်လည်း… ကရိန်းကား
လာမဆွဲဘူး။

NGOနဲ့..ပရဟိတအလုပ်တွေမှာ ပြည်ပကလူဆိုရင်
လူရှိန်တယ်။

ပြည်ပကလူနဲ့…ဆက်ဆံနိုင်ရင် ဆရာကြီး။

သူများတွေ​ကကိုယ့်နိုင်ငံ၊
ကိုယ့်လူမျိူးအတွက်စဉ်းစားချိန်မှာဒီကလစ်ဘရယ်ရူးတွေကလူ့အခွင့်အရေးတွေပြောပီး…လူမျိူးခြားကိုဦးစားပေးတုန်း။

ဗုဒ္ဓဂါယာရောက်ရုံလေးနဲ့ အပါယ်တံခါးပိတ်ပြီလို့
ထင်နေကြသူတွေလည်း
ရှိသလို....

အဆိုပြိုင်ပွဲမှာအင်္ဂလိပ်သီချင်းဆိုရင်…အူယားဖားယား ထအားပေးတဲ့ သူတွေလဲရှိတယ်။

မြန်မာသံမေတ္တာသုတ်ထက်အိန္ဒိယသံနဲ့မေတ္တာပို့တာ
ပိုထိရောက်တယ်ဆိုပြီး…
" စုခိ အာ့ ထာ နံ"ဆိုကြပြန်သေးတယ်။

ဘုန်းကြီးတောင်မှ..နိုင်ငံခြားသား ဘုန်းကြီးက
ဆွမ်းပိုရသကိုး။

ယုတ်စွအဆုံးချေးပါတာတောင်…(နိုင်ငံခြားသားများအတွက်သာ )ဆိုတဲ့
နေရာတွေပိုများများလာနေတယ်။

ငါတို့က မြန်မာပြည်ထဲမှာ
မွေးဖွားကြီးပြင်းပြီးနေရင်းထိုင်ရင်း…အလိုလိုအနှိမ်ခံနေရတဲ့ဘဝ။

ငါတို့ဟာ သခင်မျိူးတဲ့လား?

ဒီစကားကနည်းနည်းလေးတော့လွဲနေသလားလို့။

Credit


Related Posts:

  • ဖယ်ခုံ၊ခမရ(၃၃၆)အား တပ်ပြေးများ၏ လမ်းပြမှုဖြင့် အကြမ်းဖက်Pdfအဖွဲ့မှ အလစ် ဝင်ရောက် ပစ်ခတ်ခဲ့သည်။ခမရ(၃၃၆)အနေဖြင့် နယ်မြေရှင်း​လင်းရေးထွက်နေချိန်ဖြစ်၍ နောက်ချန်အင်အားဖြင့်သာ ပြန်လည်ခုခံခဲ့ရသည်။ဖြစ်စဥ်ကြောင့်မိမိဘက်မှ တပ်ကြပ်ကြီး/စာရေးတစ်ဦး၊ရဲမေနှစ်ဦးနှင့်မိသားစုဝင်ကလေးငယ်တစ်ဦး ကျဆုံးခဲ့သည်။ကျဆုံးသွားခဲ့သူများကောင်းရာသု… Read More
  • ☘️ တချိန်က ယဉ်ကျေးမှုမြင့်မားခဲ့သော ဗုဒ္ဓဘာသာ ထွန်းကားခဲ့သောနေရာတွင်...အင်ဒိုနီးရှားဟာ တချိန်က ဗုဒ္ဒဘာသာထွန်းကားခဲ့ပြီး၊ ယဉ်ကျေးမှုအလွန်မြင့်မားခဲ့တယ်၊စူမတ္တရားကျွန်း၊ ပလန်ဘန်မှာ တံငါတဦးဟာ(၈) ရာစုက ဗုဒ္ဓရုပ်ပွားတွေများအပါအဝင်ပေါင်စတာလင် သန်းနှင်ချီတန်ဘိုးရှိတဲ့ရုပ်တု၊ အသုံးအဆောင်နဲ့ ရွှေလက်ဝတ်ရတ… Read More
  • #ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲဝင်ရမယ့်အခြေအနေမြန်မာနိုင်ငံအတွက် နောင်ရိုးစစ်ဆင်ရေးကြိုတင်မျှော်တွေးသုံးသပ်ချက်ပြည်ပမှာ US က စစ်အုပ်စုပုံစံအစုအဖွဲ့တွေ ဖွဲ့နေပြီအရှေ့အလယ်ပိုင်းကUS တပ်တွေ ရုတ်သိမ်းလိုက်ပြီထိုင်ဝမ်မှာ မီးဖွားတခုဆွဖို့ အဆင်သင့်ပြင်ဆင်ထားတယ်မြန်မာပြည်တွင်းနို… Read More
  • #ဗိုလ်ချုပ်မှူးကြီးသန်းရွှေ       ▪စကားသိပ်မပြောသွားဘူး။       ▪သူပေးချင်တဲ့ မက်ဆေ့ဂ်ျ ကို တပ်မတော်နေ့           လို၊ဗိုလ်လောင်းကျောင်းဆင်းပွဲ လိုနေရာတွေ           မှာ အရိပ်အမြွက်ထည့်ပြောသွား--တာမျိုး!#သမ္မတကြီးဦးသိန်းစိန်      ▪မိဘပြည်သူများခင်ဗျာဆိုပ… Read More
  • 🍁 ထာဝရ မိတ်ဆွေ-ရန်သူမရှိတချိန်က အမေရိကန်​၏အရင်းနှီးဆုံး မဟာမိတ်NATO အဖွဲ့ဝင်လဲဖြစ်သော တူရကီသမ္မတဖြစ်သူအာဒိုဂန်က....အမေရိကန်အပါအဝင် သံအမတ်ကြီး (၁၀) ဦးကိုတူရကီနိုင်ငံထဲမှ နှင်ထုတ်လိုက်ပါတယ်၊အမြဲတန်းမိတ်ဆွေမရှိအမြဲတန်း အကျိုးစီးပွားသာရှိတယ်ဆိုတာရဲ့သက်သ… Read More