Friday, November 5, 2021

ပညာရေး လုံခြုံရေး နဲ့ ဝါးတားဂိတ်


            အခုပြန်ဖွင့်တဲ့ ကျောင်းတွေမှာ ယခင်ကာလ ဖွင့်ခါစထက် ကျောင်းသားဦးရေ များစွာလျော့နည်းသွားတာ တွေ့ရပါတယ် ။ 

          ဘာကြောင့်လည်း ဆိုရင် 

- ပြည်သူတွေ စိတ်ပျက်ကုန်တာ တချက် 

- ကျောင်းသားတွေကိုယ်တိုင် မတက်ချင်တော့တာ တချက်

- လုံခြုံမှု ဆောင်ရွက်မပေးနိုင်တဲ့ အိမ်စောင့်အစိုးရ စောက်သုံးမကျတာ တချက်

- NUG လို လေလှုင်းအစိုးရ ရဲ့ ဝါဒဖြန့်မှုကို ပြန်မတိုက်နိုင်အောင် အရည်အချင်း ကင်းမဲ့ စုတ်ပြတ်နေတဲ့ အစိုးရ မီဒီယာရဲ့ ညံ့ဖျင်းမှုက တချက် 

- နှစ်ဖက်လုံး အလကားပါကွာ ငါ့ကလေးတော့ လီးမှ အချောင်အသေမခံနိုင်ဘူးဆိုတဲ့ မိဘတွေကြောင့် တချက် 

         အဲဒါတွေကြောင့် ဒီနေ့ ကျောင်းပြန်တက်တဲ့ နှုံးဟာ အဆမတန် ကျဆင်းနေတာ ဖြစ်တယ် ။ ဒီတော့ နစက အနေနဲ့ မြို့ပြ လုံခြုံရေး စီမံချက် အမြန် အကောင်အထည် ဖော်သင့်ပါပြီ ။ 

......ဒီနေရာမှာ တခုပြောချင်ပါသေးတယ် ။ လေးလ ငါးလလောက် စာသင်ပြီး အတန်းတင်တော့ စာတတ်ပါ့မလား ဆိုသူတွေ အတွက်ပါ ။ 

           အခုချိန်မှာ စာလာသင်တဲ့ ကလေးတွေ နဲ့ မိဘတွေဟာ ပညာကို အသက်ထက် မြတ်နိုးတန်ဖိုးထားတဲ့ သူတွေပဲ ဖြစ်တယ် ။ ဒီစိတ်အခံနဲ့ အခုအတန်းမှာ သင်ခန်းစာ မကျေလည်း နောက်တက်မယ့် အတန်းမှာ သူပိုကြိုးစားလိမ့်မယ် ။ ဘာကြောင့်လဲဆိုရင် ဒီကလေးဟာ ပညာကို အသက်ထက် တန်ဖိုးထားသူ ဖြစ်နေလို့ပဲ ။

                ဒါကြောင့် ကျုပ်သာ ပညာရေး ဝန်ကြီးဆိုရင် အခု ကျောင်းလာတတ်တဲ့ ကလေးတွေ အားလုံးကို စာမေးပွဲ အအောင်ပေးပစ်မှာပဲ ။ ဒီလို ကလေးမျိုးတွေကို မြေတောင်မြှောက်ပေးရတာ တိုင်းပြည်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကလေးတွေမို့ ထိုက်တန်တယ် ။

             ဒါက ပညာရေး ကဏ္ဍ နောက်ထပ် ဝေဖန်စရာရှိတာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေပဲ ။

         ဒီအချိန်မှာ အရေးကြီးတဲ့ စရဖ ရဲ့ သတင်းကြိုတင် ရယူနိုင်စွမ်း ပြန်မြှင့်ရပါမယ် ။ စရဖ အတော်များများဟာ လူလုံးပြပြီး စီးပွားရှာနေကြတဲ့ သူတွေ များပါတယ် ။ ၂ လုံး ၃ လုံး ဂျင်ဝိုင်း ကြက်ဝိုင်း မူးယစ် သစ်မှောင်ခို တွေဆီကနေ လိုင်းကြေးယူ တောင်းစားနေတဲ့ အလုပ်ပဲ လုပ်နေကြပါတယ် ။ 

        ယခင် အာဏာသိမ်းစက အပြင်မထွက်ရဲဖူး ဆိုတာ လူကြားကောင်းပါတယ် ။ အခုချိန်ထိ မထွက်ရဲသေးပဲ သတင်းမှန်တွေ ထွက်မစုံစမ်းပဲ ရမ်းကြိတ် အစီရင်ခံစာ နဲ့ လိုင်းကြေးတောင်းစားနေတဲ့ အလုပ်ပဲ တစိုက်မတ်မတ် လုပ်နေကြလို့ အကြမ်းဖက်မှုတွေ မလျှော့တာပါ ။ 

        ဒေသခံတွေ သိနေတဲ့ စရဖ တွေကို နယ်ပြောင်းခြင်း ၊ ခြေလျှငိတပ်ရင်းတွေမှာ ပြန်ပို့ခြင်း နဲ့ လဲလှယ်သင့်ပါပြီ ။ မိမိအပိုင်နယ် အတွင်း အကြမ်းဖက်မှုဖြစ်လာခဲ့ရင် အဆင့်ဆင့် အရေးယူအပြစ်ပေးတဲ့ ဆုပေး ဒဏ်ပေး စနစ် ကျင့်သုံးသင့်ပါပြီ ။ 

       နောက်ထပ် ပြည်သူတွေကြားထဲမှာ ပြန့်နှံ့နေတဲ့ မကောင်းသတင်းက ဝါးတားဂိတ် ပြဿနာပါပဲ ။ အခုဆိုရင် တာဝန်အကြောင်းပြပြီး စစ်သားတွေ တောင်းစားနေကြတဲ့ သတင်းတွေ တပြည်လုံး အနှံ့ဖြစ်နေပါပြီ ။ 

       တခြားဝေးဝေးမကြည့်ပါနဲ့ အမှတ် ၃ လမ်းဆုံမှာ အဖွဲ့စုံ လဝက ၊ ထွေအုပ် ၊ ရဲ ၊ မောိတော်ပီကယ် အကောက်ခွန် အကုန်ရှိတယ် ။ စစ်သားကတွေပဲ မှတ်ပုံတင်စစ်တယ် ၊ လိုင်စင်စစ်တယ် ဘာလုပ်တာလဲ.....?

         စစ်သားရဲ့ တာဝန်က ဘာလဲ မှတ်ပုံတင်စစ်ဖို့ လဝက ရှိတယ်လေ ၊ သောက်စားပြီးတော့ မချေမငံ နဲ့ ဆက်ဆံကြသေးတယ် ။ အဲဒီသောက်ချိုးတွေကြောင့် အခုလို တိုင်းပြည်ပျက်အောင် သွေးထိုးခံနေရတာ အောက်ခြေက မအေလိုးလေးတွေ မသိသေးဖူးလား... ? အထက်ကရော မကြီးကြပ်တော့ဖူးလား.... ?     

         အခုဆို မဆီမဆိုင် လက်နက်ခဲယမ်း ရှာရမှာကို မရှာပဲ လာသမျှကား ယာဥ်လိုက်စင်စစ် ၊ လူလိုင်စင် စစ် နဲ့ ယာဥ်ဖမ်း လူဖမ်း ငွေတောင်း လုပ်စားနေကြပြီ ။ 

......ပြည်သူတွေမှာ ကိုဗစ်ကြောင့်တမျိုး တိုင်းပြည်တည်ငြိမ်အောင် မအုပ်ချုပ်နိုင်တဲ့ ခပ်ပဲ့ပဲ့ စစ်တပ်ကြောင့်တမျိုး ဒုက္ခမျိုးစုံ ကြုံနေရချိန်မှာ ဒီလို ဥပဒေအရဆိုတဲ့ အပေါက်နဲ့ ဒုက္ခပေးမနေနဲ့ မင်းတို့အတွက် PDF တွေ တိုးလာဖို့ပဲ ရှိတယ် ။ အခြေအနေ အချိန်အခါ သဘောကြအုံး ငတ်ကြီးကျတွေရ ။ 

         လူလိုင်စင် ၊ ယာဥ်လိုင်စင်တွေ အတွက် အစိုးရရုံးတွေ ပိတ်ထားတဲ့ ကာလ ဘယ်လောက်ကြာပြီလဲ သိကြသလား ။ နောက်ပြီး ဒါတွေက မော်တော်ပီကယ် အလုပ်လေ ၊ စစ်တပ်အလုပ်က ပြည်သူ့လုံခြုံရေး အတွက် အကြမ်းဖက်ရှာမယ် လက်နက်ခဲယမ်း ရှာကြမယ် ။ ဒါပဲ မဟုတ်ဖူးလား ။

      အခုလို ထင်တိုင်းကျဲနေကြတာတွေကို သက်ဆိုင်ရာ တပ်မှူးတွေ မကြား မသိ ကြလို့ ပစ်ထားတာလား သို့တည်းမဟုတ် လိုင်စင်ရဒမြတိုက်ထားတဲ့ အထဲက ခွဲတမ်းရနေလို့ ငြိမ်နေကြသလား ဆိုတာ မေးစရာ ဖြစ်နေပါတယ် ။ 

        တပ်မတော်ဆိုတာ တသွေး တသံ တမိန့် ပဲ ရှိပါတယ် ။ အထက်ပိုင်းမှ စစ်ရုံးချုပ် သိရှိပြီး ယခုဖြစ်စဥ်များအတွက် အမိန့်ထုတ် တားဆီးပေးရင်း ပြည်သူတွေ မုန်းတီးစေမယ့် အလုပ်ကို တားမြစ်ဖို့ လိုနေပါပြီ ။    

       ကိုရွှေမျိုးဝင်း

(လူကြီးတွေက နိုင်ငံတကာမှာ ပြည်သူအတွက် ဥပဒေအရ အုပ်ချုပ်နေပါတယ် ဆိုပြီး ဖင်ပြဲအောင် ပြောနေတယ် ၊ အောက်က သူတောင်းစားတွေက ရသလို ပြည်သူကို ဒုက္ခပေးနေတဲ့ တပ်မတော်ကြီး အတွက် အလိုက်ဖက်ဆုံး ဖက်ရှင်......)