Saturday, November 20, 2021

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ ၈၀၀၀ ဦးခန့်ရှိ


ညောင်ဦး၊ နိုဝင်ဘာ ၁၉

တန်ဆောင်တိုင်ကာလဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့က မန္တလေးတိုင်းဒေသကြ၊ ညောင်ဦးမြို့နယ်ရှိ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်ရပ်ရပ်မှဘုရားဖူးလာရောက်ကြသူ ၈၀၀၀ ဦးခန့်ရှိကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့ ဦးထင်လင်းဦး ထံမှသိရသည်။

ပုဂံဒေသရှိ အထင်ကရစေတီတော်ကြီးများကို နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားရှိခဲ့ရာမှ ယခုကဲ့သို့ အခါကြီးရက်ကြီးများတွင် ဘုရားဖူးပြည်သူများ များပြားလေ့ရှိသဖြင့် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လျစ်ပေးခဲ့ကြောင်း သိရသည်။

#MHTNEWS