Saturday, November 20, 2021

NIB ဆိုတာ ဘာလဲမေးနေကြလို့


၁၉၆၄ ကစပြီး ဌာနတွေအားလုံးရဲ့လှုပ်ရှားမှုတွေကို အမျိုးသားထောက်လှမ်းရေးဗျူရို National Intelligence Bureau (NIB) ကစကိုင်တယ်။ ရဲမျိုးစုံ စစစ လဝက ကာစတန် စသည်ဖြင့်ဌာနအများကြီးပဲ အကုန်စုဖွဲ့ထားတာ။

တနိုင်ငံလုံး NIB cell တွေကကင်ဆာလိုပဲပြန့်နေတာ တချို့အချင်းချင်းတောင် မသိကြဘူး။ ခုပြောနေတဲ့ ဒလန်သတင်းပေးဆိုတဲ့ အင်ဖော်မာတွေအနှံပဲ။ အဲ့ကောင်တွေကို ပိုကြောက်နေရတာ တကယ့်ထလရထက်။ ခုလိုလုပ်ဖို့နေနေသာသာ တိုင်ပင်ရုံရှိအုန်းမယ် ၂၄ နာရီအတွင်း ဆွဲစိပြီးသားပဲဘာသံမှတောင် သတင်းမထွက်ဘူး မတင်ဘူး။ ထောက်လှမ်းရေး ကုတ်သွားတယ်လောက်ပဲ ကောလဟာလထွက်မယ်။ လဖေ့ရည်ဆိုင်မှာတောင် တပ်မကောင်းကြောင်း မပြောရဲဘူးနိုင်ငံရေးအကြောင်းမပြောရဲဘူး လာပြောရင် ဟေ့ရောင်ကို့အလုပ်ကိုလုပ် ငါ့လာမပြောနဲ့ ဆိုတဲ့အထိဖြစ်ပဲ။ BBC VOA တောင် အသံတိုးခိုးနားထောင်နေရတာ။ GZ ဆိုတဲ့ကလေးတွေ သားတို့အဖိုးအဖွားမိဘတွေမေးကြည့်။

၁၉၈၃ ခုနှစ်မှ ၂၀၀၄ ခုနှစ် အထိ မြန်မာနိုင်ငံထောက်လှမ်းရေး အကြီးအကဲနေရာမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်ခဲ့တယ်။ အဘရှေ့ မဆလခေတ်က မျက်မှန်ကြီးတင်ဦး။ ကြီးမားပြီး အင်အားကြီးမားသောလုံခြုံရေး အဆင့်ကမ္ဘာမှာ 1 to 10 ဝင်တဲ့အထိနာမည်ကြီးခဲ့တယ်။ ဒါပေမဲ့အကြောင်းကြောင်းကြောင့် NIB ကို ၂၅.၂.၂၀၀၄ နေ့မှာ ဖျက်သိမ်းလိုက်တယ်။

Credit